အစိမ်းရောင်လမ်း
စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်း

စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်း

တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည်ဖြစ်စေ၊ ပျိုးထောင်စိုက်ပျိုးသည် ဖြစ်စေ၊ အပင်ပေါက်နှုန်း ကောင်းပြီး မျိုးစေ့ ဆောင်ပိုးမွှားနှင့် ရောဂါကင်းရှင်းသော မျိုးစပါးရရှိနိုင်ရန် မျိုးစပါးကို အညှောင့်မဖေါက်မီ ဆားရည်စိမ်ပါ။

ဆားရည်စိမ်နည်း အဆင့်ဆင့်

- ဆားရည်စိမ်ရန် စည်ပိုင်းပြတ် တစ်ခုထဲသို့ ရေ (၁၀) ဂါလံ ထည့်ပြီး အိမ်သုံးဆား (၅) ပိဿာနှုန်း ထည့်ပြီး သမ အောင် မွှေပေးပါ။ ဆားဖျော်ရည် အလောတော် ဖြစ်မဖြစ်သိရှိနိုင်ရန် ထမင်းလုံးစေ့ (သို့မဟုတ်) ကြက်ဥကို ၎င်း ဖျော်ရည်တွင် ထည့်ပါက ထမင်းလုံးစေ့(သို့) ကြက်ဥသည် ဆားရည်မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်လာသည်။ ၎င်းအနေအထားရှိသော ဆားဖျော်ရည်သည် မျိုးစပါးဆားရည်စိမ်ရန် အကောင်းဆုံးဖြစ်သည်။ 

- အထက်ပါဆားရည်တွင် မျိုးစပါး(၈)ပြီထည့်၍ နှံ့စပ်အောင် မွှေပေးပါ။ အဖျင်းအမှော် စပါးစေ့ စသည်များ ဆားရည်မျက်နှာပြင်ပေါ်တွင် တက်လာလိမ့်မည်။ ၎င်းအဖျင်းအမှော်များကို ဆန်ကာဖြင့် ဆယ်၍ ဖယ်ထုတ်ပါ။ 

- အထက်ပါနည်းအတိုင်း တစ်ဧက စိုက်ပျိုးရန် မျိုးစပါး တစ်တင်းခွဲကို တစ်ကြိမ်လျှင်(၈) ပြီနှုန်းဖြင့် (၃) ကြိမ် ခွဲ ၍ စိမ်နိုင်ပါသည်။

- ဆားဖျော်ရည်အောက် နစ်မြုပ်နေသော အောင်မြင်သည့် မျိုးစပါးစေ့များကို ဆားရည်စင်ကြယ်သည့် တိုင်အောင် ရေသန့်ဖြင့် (၃) ကြိမ် ရေဆေးပါ။ ရေဆေးပြီး မျိုးစပါးများကို ရေကောင်းရေသန့်တွင် တစ်ရက်ခွဲ(၃၆)နာရီ ရေစိမ်ပါ။ (၁၂)နာရီလျှင် တစ်ကြိမ် ရေဟောင်းကိုသွန်၍ ရေသန့်ဖြင့် လဲလှယ်ပေးပါ။ 

- အထက်ပါ တစ်ရက်ခွဲကြာ ရေစိမ်ပြီး မျိုးစပါးများကို ဆယ်ယူ၍ ကွပ်ပျစ်ခုံပေါ်တွင် အညှောင့်ဖေါက်ပါ။ အညှောင့်ဖေါက်ရာတွင် ရေဆွတ်ထားသော ဂုန်နီအိတ်(သို့မဟုတ်) ငှက်ပျောရွက်ကို ကွပ်ပျစ်ခုံပေါ်တွင် အစိုဓာတ် ရရန် အောက်ခံအဖြစ် ခင်းပေးပါ။ ၎င်းနောက် ဆယ်ထားသော မျိုးစပါးများအား တစ်မိုက်(သို့မဟုတ်) ၆ လက်မ ခန့် အထူထား၍ ဖြန့်ခင်းပါ။ စပါးစေ့များပေါ်မှ ဂုန်နီအိတ်(သို့မဟုတ်) ငှက်ပျောဖက် ရရာဖြင့် လုံအောင်ဖုံးအုပ်ပါ။ အစိုဓာတ် မပြတ်စေရန် (၁၂) နာရီလျှင် တစ်ကြိမ်ခန့် ရေဖျန်းပေးပါ။ 

- ပြင်ပအပူချိန်နှင့် စပါးစေ့အတွင်း အစိုဓာတ်ရှိမှု အပေါ်မူတည်၍ တစ်ရက်ခွဲ (၃၆) နာရီအတွင်း စာပါးစပ်ကဲ့သို့ အညှောင့်များ ပြူထွက်လာပါမည်။ ထိုအခြေအနေသည် ပျိုးထောင်ရန်ဖြစ်စေ တိုက်ရိုက်မျိုးစေ့ချရန်ဖြစ်စေ အသင့်တော်ဆုံး အချိန်ဖြစ်ပါသည်။ 

အကျိုးကျေးဇူးများ 

- စပါးစေ့တိုင်းမှ စပါးပင်ပေါက်၍ အပင်ပေါက်နှုန်း ကောင်းသောကြောင့် အပင်ပေါက်စုံသည်။ 

- အပင်ပေါက် ညီညာသည်။ 

- စပါးစေ့တွင် ကပ်ပါလာသော မျိုးစေ့ဆောင် ရောဂါပိုးမွှားများကို သန့်စင်ပြီးဖြစ်စေ၍ ပိုးမွှားရောဂါ ကင်းစေ သည်။ 

- ပေါက်လာသည့် စပါးပင်ကို စပါးပင်ဖျက်တီပိုး(နီမတုတ်) လွယ်ကူစွာ မဖျက်ဆီးနိုင်ပါ။ 

Source : MAS

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

37
ကိုကျော်

ကိုကျော်

လွန်ခဲ့သော ၁ နှစ် က

ရေ ၁၀ ဂါလံ ဆား ၈ ပိဿထဲကို ၈ပြည်စပါးတင်းတောင်း ၁တောင်းထည့်မွှေရမှာပါ

ပန်းဝတ်ရည်ဖြိုး

ပန်းဝတ်ရည်ဖြိုး

လွန်ခဲ့သော ၃ နှစ် က

ပညာတွေမျှဝေပေးလို့သိရှိခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင့်

moe daung

moe daung

လွန်ခဲ့သော ၃ နှစ် က

88888

သိန်းဇော်

သိန်းဇော်

လွန်ခဲ့သော ၃ နှစ် က

llppp

Hsal San

Hsal San

လွန်ခဲ့သော ၄ နှစ် က

ဘယ်စပါးမျိုးမဆို ဆားရည်စိမ်နည်းသုံးလို့ ရပါသလား

You

ဆက်စပ်ဆောင်းပါးများ

စိုက်ပျိုးရေးဉီးစီးဌာန

Content provider

စိုက်ပျိုးရေးဉီးစီးဌာန

စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်းအကျဉ်း ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။၂/၁၉၇၂ ခုနှစ်တွင် (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ (၂)မြေအသုံးချရေးဌာနခွဲ (၃)မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းဟူ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service)အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း(၁၈၄၅၆)နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့်မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။ ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသန ဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇)နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပါသည်။ ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကိုအရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း(၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း(၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း(၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊စုစုပေါင်း(၁၂၇၀)နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရရှိခဲ့ပြီးအရာထမ်း(၁၁၁၈)နေရာ၊အမှုထမ်း(၁၆၅၉၅)နေရာ၊စုစုပေါင်း(၁၇၇၁၃)နေရာဖြစ်ပေါ်လာပါသည်။ ၈။ ၂၀၁၅ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခုပေါင်းစည်း၍ “စိုက်ပျိုးရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၉။ ၂၀၁၇ခုနှစ်၊မတ်လ(၂၃)ရက်နေ့တွင်ကန့်ဘလူ(ခ)အဆင့်ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။ မူဝါဒ ၁။ သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊ ၂။ တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊ ၃။ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊ ၄။ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ၅။ တောင်သူလယ်သမားများ အတွက် အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach) ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊ ၆။ တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community Integrated Farming System) ပေါ်ထွန်းလာရန်၊ ၇။ စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ၈။ တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊ ၁၀။ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity Building ) ဆောင်ရွက်ရန်၊ ရည်မှန်းချက် ၁။ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစေရေးနှင့်အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတိုး တက်လာစေရန်၊ ၂။ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိ ခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန်၊ ၃။ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို အခြေခံ၍ အစုအဖွဲ့များဖွဲ့စည်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်းများတွင်အမျိုးသမီးများ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်၊ ၄။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်း အနှီးများအတွက်ပြည်တွင်းပြည်ပအကူအညီ၊အဆထောက်အပံ့နှင့်ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊ ၅။ တန်ဖိုးကွင်းဆက်(ValueChain)တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့်စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ်ဆက်ဆောင်ရွက်သွားရန်၊ ၆။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရေရှည်တည်တံ့သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အစိုးရ အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်ခြင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး(Stake-holders)ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ၇။ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၈။ စျေးကွက်ခိုင်မာလာစေရန်၊ ၉။ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၁၀။ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန် (၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ပြန့်နှံ့အောင်ဆောင်ရွက်ခြင်း။ (၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး။ (၃) အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်နည်းပညာများပံ့ပိုးခြင်း။ (၄) တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာလုပ်ငန်းများ။ (၅) ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း။ (၆) ခေတ်မီနည်းစနစ်များလက်တွေ့ကျင့်သုံးရေးလေ့ကျင့်ပညာပေးခြင်း။ (၇) အရည်အသွေးကောင်းမျိုးသစ်များသုံးစွဲနိုင်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (၈) မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း။ (၉) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ပညာပေးဆောင်ရွက်ခြင်း။ (၁၀) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၁) မျိုးစေ့အရည်အသွေးထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၂) မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက်မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ်ပေးခြင်း။ (၁၃) ပုဂ္ဂလိကမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားမျိုးစေ့မူဝါဒရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။ (၁၄) မြေအမျိုးအစားအလိုက်မြေပုံများ (Soil Map )ဖေါ်ထုတ်ခြင်း။ (၁၅) စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများအားပြုပြင်ခြင်း။ (၁၆) သီးနှံအလိုက် မြေသြဇာလိုအပ်ချက်နှင့်ကိုက်ညီအောင် မြေဆီလွှာအတွင်းသို့အပင် အာဟာရများမျှတစွာရရှိစေရန် ဆောင်ရွက်ခြင်း။ (၁၇) မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၈) မြေဆီလွှာနှင့်ရေအာဟာရဓါတ်ခွဲခြင်း။ (၁၉) မြေသြဇာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ထုတ်လုပ်ပြဌာန်းပြီး အတုအပများကင်းရှင်း၍ အရည်အသွေးစစ်မှန်သော မြေသြဇာများကိုသာတောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (၂၀) ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး ပုံစံများ ချမှတ်ဆောင်ရွက်ရန်။ (၂၁) သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စားသုံး သူများနှင့်အသုံးပြုသူများ၏ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းရန်။ (၂၂) ပြည်ပပို့ကုန်သီးနှံများကို အပြည်ပြည်ဆိုင်ရာပိုးမွှားထိန်းချုပ်ရေးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီတင်ပို့ရန်။ (၂၃) ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂၄) သတ္ထုအဆိပ်၊ မှိုအဆိပ်စစ်ဆေးခြင်းလုပ်ငန်း။ (၂၅) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးကောင်းမျိုးသန့်များမွေးမြူထုတ်လုပ်ခြင်း။ (၂၆) ဝန်ထမ်းရေးရာများဆောင်ရွက်ခြင်း။ (၂၇) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း (၂၈) ဖွဲ့စည်းပုံကိစ္စများ တင်ပြဆောင်ရွက်ခြင်း (၂၉) ဒေသပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း (၃၀) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်စေခြင်း (၃၁) ရာထူးနွယ်ဖြင့် တာဝန်ထမ်းဆောင်ခြင်း (၃၂) နှုတ်ထွက်ခွင့်ပြုခြင်း (၃၃) ကွယ်လွန်ရပ်စဲ ခွင့်ပြုခြင်း (၃၄) ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း (၃၅) ပြည်တွင်းသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာပညာရှင်များအားရွေးချယ်စေလွှတ်ပေးခြင်း (၃၆) နှစ်တိုးခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း (၃၇) ဝန်ထမ်းမှတ်တမ်းများ ထိမ်းသိမ်းခြင်း (၃၈) ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခြင်း (၃၉) ပင်စင်ခံစားခွင့်ပြုခြင်း (၄၀) ပြစ်မှုမှုခင်းကိစ္စများဆောင်ရွက်ခြင်း (၄၁) ထူးခြားဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (၄၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း (၄၃) မူဝါဒ-အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း (၄၄) အဆောက်အဦးကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၅) မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၆) စက်ပစ္စည်းကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၇) ငွေကြေးသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ။ (၄၈) BOT ငှားရမ်းရေးကိစ္စများ ဆောင်ရွက်ခြင်း။ (၄၉) ပြည်တွင်း/ပြည်ပစီမံကိန်းဆိုင်ရာရေးဆွဲ၊ စိစစ်၊ သုံးသပ်ခြင်း။ (၅၀) ပြည်ပစီမံကိန်းအထောက်အကူများရရှိစေရန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၅၁) e-Government ။ (၅၂) နိုင်ငံခြားသား ဝင်/ထွက်ခြင်းကိစ္စများ။ (၅၃) စီမံကိန်းလုပ်ငန်းများ စုစည်းတင်ပြခြင်း။ (၅၄) ဘတ်ဂျက်အသုံးစရိတ်များဆောင်ရွက်ခြင်း။ (၅၅) စာရင်းစစ်ဆေးခြင်း။ (၅၆) စာရင်းများပြုစုခြင်း။ (၅၇) အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့်ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။ (၅၈) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့်တောင်သူလယ်သမားများအားခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးရန်။ (၅၉) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်။

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....