ဝယ်လိုအားမြင့် ငရုတ်ချိုစိုက်ပျိုးခြင်း
ငရုတ်ချိုသီးနှံ၏ စျေးကွက်ဝယ်လိုအားမှာ ရှိနှင့်နေပြီးသားဖြစ်သောကြောင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်ဖို့ ဒီဆောင်းပါးလေးကိုတင်ပြလိုက်ပါတယ်။
ရာသီဥတုနှင့် မြေအမျိုးအစား
ငရုတ်ချိုသည် အပူချိန် ၂၁º C နှင့် ၂၄º C တွင် အကောင်းဆုံးဖြစ်ပါတယ်။ အပူ ချိန် ၁၈º C အောက်ကျဆင်းသောအခါ သို့မဟုတ် ၂၇º C ထက်ကျော်လျှင် ကြီးထွားမှုနှင့် အထွက်နှုန်းကျဆင်းနိုင်ပါတယ်။ ငရုတ်ချိုပင်များသည် ရေထိန်းသိမ်းမှုကောင်သော နုံးမြေဆွေးများပေါ်တွင် ကောင်းစွာပေါက်ရောက်နိုင်ပါတယ်။ ရေစီးရေလာကောင်းသော မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်ပါတယ်။ မြေအချဉ်အငန်ဓာတ်သည် ၅.၅ မှ ၆.၈ အတွင်းဖြစ်ရပါမယ်။
မျိုးရွေးချယ်ခြင်း
မျိုးပေါ်မှုတည်၍ ငရုတ်ချိုအထွက်နှုန်းကွာခြားမှုရှိပါတယ်။ ငရုတ်ချိုကို ရာသီအမျိုးမျိုးတွင်ဖြစ်စေ၊ သီးနှံအမျိုးမျိုးနှင့် အလှည့်ကျဖြစ်စေ စိုက်ပျိုးခြင်းဖြင့် အထွက်တိုးစေပြီးစျေးပိုရနိုင်ပါတယ်။
မျိုးစေ့ဆေးစီရင်ခြင်း
အဓိက မျိုးစေ့ဆောင်မှိုရောဂါဖြစ်စေသောသက်ရှိမှာ ကိုလက်ထိုထရိုင်ခမ် မျိုးစိတ်ဖြစ်ပြီးမှဲ့ပြောက်စွန်းရောဂါကို ဖြစ်စေပါတယ်။ မျိုးစေ့မှ ပျံ့နှံ့ကူစက်မှုနည်းစေရန် မျိုးစေ့များကို ၅၀ º C ရှိ ရေနွေးတွင် မိနစ် (၃၀) စိမ်ပေးရပါမယ်။ ရောဂါကင်းမျိုးစေ့များကို ပိုးသန့်မြေတွင် ဆေးစီရင်ရန်မလိုပါ။
ပျိုးထောင်ခြင်း
ပျိုးပန်းအတွင်း ပျိုးခင်းမြေကိုထည့်ပါ။ ပျိုးခင်းစပ်မြေအဖြစ် ခဲမြေ၊ မြေသား၊ မြေဆွေး၊ စပါးခွံ၊ သဲ စသည်တို့ဖြင့် ဖော်စပ်ထားသော ပျိုးမြေဖြစ်ရပါမယ်။ ပျိုးမြေအရောသည် ရေထိန်းနိုင်မှုကောင်းပြီး ရေစီးဆင်းမှုလည်း ကောင်းရပါမယ်။
ပျိုးကျင်း၊ ပျိုးအိတ်၊ ပျိုးပန်းခွက်တစ်ခုလျှင် မျိုးစေ့တစ်စေ့သာထည့်ရပါမယ်။ သို့မဟုတ် ပျိုးပေါင်တွင် မျိုးစေ့ကို ပါးပါးကြဲပက်ပါ။ ပျိုးပင်များကို ရေပုံမှန်လောင်းပေးရန် လိုအပ်ပါတယ်။ ပျိုးပင်မှ မူမှန်ရွက်နှစ်ရွက်ထွက်ပေါ်လာချိန်တွင် တစ်ဆယ်ပတ်လည် ( ၁၀: ၁၀ : ၁၀ ) မြေသြဇာအရည် သို့မဟုတ် ၀.၂၅ ရာခိုင်နှုန်းပြင်းအားရှိ ရေပျော်မြေသြဇာကို ကျွေးရပါမယ်။
စိုက်ပျိုးခြင်း
မြေအမျိုးအစားပေါ်မှုတည်ပြီး အပင်အကွာအဝေးအမျိုးမျိုးရှိကာ တန်းကြား ၄ ပေခွဲအကျယ်နှင့် တစ်ပေအမြင့်ကို အသုံးပြုသင့်ပါတယ်။ စိုက်ပေါင်တစ်ပေါင်လျှင် အတန်းနှစ်တန်း ရွှေ့စိုက်နိုင်ပါတယ်။ တစ်တန်းနှင့်တစ်တန်း ၁ ပေခွဲ၊ အတန်းအတွင်းတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲထားပြီး တစ်ပင်ချင်းစိုက် ပျိုးရပါမယ်။ တစ်ဧကတွင် အပင် ၁၀၈၀၀ နီးပါး စိုက်ပျိုးနိုင်ပါတယ်။
ရွေ့မစိုက်မီ ခြ၊ ပုရွတ်ဆိတ် အစရှိသော အင်းဆက်ပိုးမွှားများကိုကာကွယ်ရန် တစ်ကျင်းလျှင် ကာဗိုဖျူရန် သုံးလေးခဲထည့်ပေးသင့်ပါတယ်။ ရွေ့မစိုက်မီ စိုက်ပျိုးမည့်မြေအား နေလှန်းပေးခြင်း သို့မဟုတ် ရေလွှမ်းထားခြင်းဖြင့် အပင်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ရွှေ့စိုက်မည့်ပျိုးပင်သည် အရွက် ၄-၅ ရွက်ရှိပြီး ရောဂါကင်းရပါမယ်။ အမြစ်မြေဆွဲအားကောင်းစေရန် ရွှေ့စိုက်ပြီးလျှင် ရေလောင်းပေးသင့်ပါတယ်။
အသီးဆွတ်ခူးခြင်း
ငရုတ်ချိုအသီးများသည် သတ်မှတ်ထားသော အသီးအရွယ်အစားရှိပါက ဆွတ်ခူးသင့်ပါတယ်။ မျိုး၊ စျေးကွက်နှင့် ပတ်ဝန်းကျင်ပေါ်မူတည်၍ အသီးအမှည့် အရောင်( အဝါ၊ လိမ္မော်၊ အနီ ) မပြောင်းမီဆွတ်ခူးရပါမယ်။ ပန်းပွင့်သည်မှ ဆွတ်ခူးရမည့်အချိန်အထိ ရက်ပေါင်း ၃၅ မှ ၄၀ အထိကြာပါတယ်။ ငရုတ်ချိုကို စိုက်ပျိုးပြီး ၃ လအကြာတွင် ခူးဆွတ်နိုင်ပါတယ်။ ငရုတ်ချိုများကိုဆွတ်ခူးရာတွင် ၆-၈ ပတ်ခန့်အကြာ ၃-၄ ကြိမ် ဆွတ်ခူးနိုင်ပါတယ်။
ငရုတ်ချိုတစ်ပင်ကို တစ်ပိဿာခန့်သီးပြီး စျေးတွင် တစ်ပိဿာ သုံးထောင်ခန့်ရှိပါတယ်။ ငရုတ်ချိုတစ်ပင်ကို တစ်ထောင်ကျော်ခန့်အမြတ်ရပြီး တစ်ဧကစိုက်ပျိုးပါက သိန်း ၅၀ ခန့်ရရှိနိုင်မှာဖြစ်ပါတယ်။
အထွက်နှုန်းကောင်းမွန်စေရန်နှင့် အမြတ်များများရရှိနိုင်ရန် ခံနိုင်ရည်ရှိသောမျိုးများကိုသာ စိုက်ပျိုးသင့်ပါတယ်။ အာလူး၊ ခရမ်းချဉ်သီးနှံများစိုက်ပျိုးပြီး ငရုတ်ချိုမစိုက်သင့်ပါ။ ၎င်းသီးနှံများမှာ မြေဆောင်ရောဂါများဖြစ်စေသော ကြောင့်ဖြစ်ပါတယ်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ခင်မောင်ဝင်း
လွန်ခဲ့သော ၃ လ ကကုလားအော်ငရုတ်စိုက်နည်းတင်ပေးပါဉီး
moethu
လွန်ခဲ့သော ၁၁ လ ကငရုတ်ပွကမိုးကြိုစိုက်လို့ရလားဗျဆရာတို့
Ma htwe
လွန်ခဲ့သော ၁ နှစ် ကငရုတ်ချိုသက်တမ်းဘယ်လောက်ရှိလဲ
Ma htwe
လွန်ခဲ့သော ၁ နှစ် ကငရုတ်ချိုသက်တမ်းဘယ်လောက်ရှိလဲ
Dattaw Sayadaw
လွန်ခဲ့သော ၄ နှစ် ကအခုလဘာပင်စိုက်ယင်ကောင်းမလဲ?
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from လင်းလင်းထွန်း
အားလုံး