ဒူးရင်းပင်ပြုစုနည်း
(က) အရွက်များ မရင့်မီအဆင့် (စက်တင်ဘာ - အောက်တိုဘာ)
(၁) အညွန့်သစ်များထွက်ရှိရန် တစ်ပတ်လျှင် ယူရီးယားဖျော်ရည် ၁၀ လီတာနှုန်းပက်ဖျန်းပေးပါ။ (ယူရီးယား ၂၀၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်ရန်။)
(၂) ရောဂါကျ အညွန့်များကို ဖြတ်ပါ။
(၃) Psyllids အင်းဆက်ပိုးကို အထက်ဖော်ပြပါအတိုင်း နှိမ်နင်းပါ။
(၄) African Red Mite ( အာဖရိကမွှားပင့်ကူနီ) များကို ရေဖြင့်ပက်ဖျန်း၍ဖြစ်စေ၊ Propagith ( Omite) ၃၀ % WP ၃၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်၍ ဖြစ်စေ ပက်ဖျန်းနှိမ်နင်းပါ။ ( Redmite များသည် စိုထိုင်းစနည်းလျှင် ကျရောက်လေ့ရှိသဖြင့် ရေဖြင့်ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။)
(၅) Rhizoctonia ရွက်ခြောက်ရောဂါကို Carbendazin ၆၀% WP ၁၂ ဂရမ်ကို ရေလီတာ၂၀တွင်ဖျော်ကာ ပက်ဖျန်း၍ နှိမ်နင်းပါ။
(၆) ပင်စည်တွင်ရေညှိတက်သည်ကို တွေ့လျှင် Copper oxychloride ၈၅% WP ၅၀ ဂရမ်ကိုရေလီတာ၂၀ တွင်ဖျော်၍ ပက်ဖျန်းပါ။
(၇) အမြစ်နှင့် ပင်စည်ပုပ်ရောဂါ Phytophthora ကိုကာကွယ်နှိမ်နင်းရန်မှာ
- ရောဂါကျသည့် အစိတ်အပိုင်းဧရိယာကို ဖယ်ရှားပြီး အနာနေရာကို Metalaxy ၂၅ % WP ၅၀ - ၆၀ ဂရမ်ကို ရေတစ်လီတာတွင်ဖျော်၍ သုတ်လိမ်းပေးပါ။
- အရွက်များအဝါရောင်သို့ပြောင်းခဲ့လျှင် Phosethyol aluminium (Aleate) ၈၀% WP ၅၀ ဂရမ်ကို ရေလီတာ ၂၀ တွင်ဖျော်၍ အရွက်ပေါ် ပက်ဖျန်းပေးပါ။
- ရောဂါကျရောက်မှုပြင်းထန်ပါက ရောဂါကျသည့် အကိုင်းနှင့် အမြုပ်အတွင်းသို့ phosphorus acid ရေ ၁း၁ အရောကို ထိုးသွင်းပေးပါ။
(၈) တစ်ပင်အတွက် တစ်ရက်လျှင်ရေ ၄.၅ မီလီမီတာနှုန်းသွင်းပေးပါ။

(ခ) ပန်းမပွင့်မီ အရွက်ရင့်အဆင့် (နိုဝင်ဘာ - ဒီဇင်ဘာ)
- အညွန့်သစ်ထွက်ရန် ယူရီးယား ၂% ဖျော်ရည်ပက်ဖျန်းပါ။
- Psylid ကို ဖော်ပြခဲ့သည့်အတိုင်း နှိမ်နင်းပါ။
- မွှား၊ ပင့်ကူနီ၊ အမြစ်နှင့် ပင်စည်ပုပ်ရောဂါ၊ ရွက်ခြောက်ရောဂါ နှင့် ပေါင်းမြက်နှိမ်နင်းခြင်းကို ဖော်ပြခဲ့သည့်အတိုင်း နှိမ်နင်းပါ။
- အပင်အား အာဟာရဖြည့်တင်းရန်နှင့် ပွင့်ဖူးဖြစ်ပေါ်မှုအတွက် တွန်အားပေးရန် ၈း၂၄း၂၄ သို့မဟုတ် ၉း၂၄း၂၄ ဓာတ်မြေဩဇာအား တစ်ပင် နှစ်ကီလိုနှုန်းထည့်ပေးပါ။
- ပန်းပွင့်ရန်နှင့် ပွင့်ဖူးများ များလာရန်၊ တွန်အားပေးရန် အကိုင်းများသို့ KNO3 (ယမ်းစိမ်း) ၁% ပက်ဖျန်းပေးပါ။
(ဂ) အသီးကင်းဝင်ချိန် (ဒီဇင်ဘာ-ဇန်နဝါရီ)
- အကိုင်းအဖျားပိုင်းနားတွင်ရှိသော ပန်းပွင့်များကိုဖြတ်ပါ။ အကိုင်း၏ ကျန်အပိုင်းရှိ ပန်းပွင့်များသိပ်သည်းနေလျှင် ခြွေပေးပါ။
- လက်ဖြင့် ဝတ်မှုန်ကူးပေးပါ။
- တစ်ပင်လျှင် တစ်ရက်အတွက် ရေ ၄-၅ မီလီမီတာ သွင်းပေးပါ။
- အနည်းလိုဒြပ်စင် ၅ဂရမ်+ ယူရီးယား ၃၀ ဂ၇မ်ကို ရေလီတာ ၂၀တွင် ရောဖျောပြီး အရွက်ပေါ်ဖျန်းပါ။
- မွှားပင့်ကူနီကို ဖော်ပြခဲ့သည့်အတိုင်းနှိမ်နင်းပါ။
(ဃ) အသီးကြီးထွားခြင်းအဆင့် (ဖေဖော်ရီ - ဧပြီ)
- အသီး သုံးကြိမ်ခြွေပေးပါ။
ပထမအကြိမ် အသီးခြွေခြင်းကို အသီးသက်တမ်း ၂၁- ၃၀ ရက်တွင်ဆောင်ရွက်ပြီး လိုအပ်သောအသီးအရေအတွက် ၂ဆ ချန်ထားပါ။
ဒုတိယအကြိမ် အသီးခြွေခြင်းကို အသီးသက်တမ်း ၃၅- ၄၂
တတိယအကြိမ် အသီးခြွေခြင်းကို ပန်းပွင့်ပြီး ရက်သတ္တပတ် ၆-၇ မတိုင်မီ ဆောင်ရွက်ပြီး အသီးအရေအတွက် လုံလောက်ရုံချန်၍ ခြွေပါ။
- အသီး ၃၅ ရက်သားတွင် ၁၂း၁၂း၁၇ ဓာတ်မြေဩဇာကို တစ်ပတ်လျှင် နှစ်ကီလိုဂရမ်နှုန်း ကျွေးပါ။ အသီး ၅၆ - ၆၃ ရက်သားတွင် ဓာတ်စုံမြေဩဇာ Complex တစ်ပင် ၂၅၀ ဂရမ်နှုန်းဖြင့် မြေကြီးထဲထည့်သွင်းပြီး အနည်းလို အာဟာရ ၁၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်၍ အရွက်ပေါ်ဖျန်းပေးပါ။
(င) အသီးဆွတ်ခူးပြီး အဆင့် ( ဇွန် -ဩဂုတ်)
- ရောဂါကျတိုင်း၊ ကိုင်းသေ ကိုင်းညှပ်များကို ဖြတ်တောက်ပါ။
- ၁၅း၁၅း၁၅ သို့မဟုတ် ၁၆း၁၆း၁၆ ဓာတ်မြေဩဇာ တစ်ပင် နှစ်ပင်ကီလိုဂရမ်နှုန်းထည့်ပေးပါ။
- အညွန့်သစ်များ ကောင်းစွာထွက်ရှိရန် ယူရီးယားဖျော်ရည် ၁၀ လီတာပက်ဖျန်း ပေးပါ။ (ယူရီးယားး ၂၀၀ ဂ၇မ်ကို ရေလီတာ ၂၀တွင်ဖျော်ရန်)
- Psyllids အင်းဆက်ပိုးကို ရေပန်းဖြင့် တိုက်ရိုက်မှုန်ပန်း၍ နှိမ်နင်းပါ။
အကယ်၍ အညွန့်များသို့ ကျရောက်နေပါက အင်ဒိုဆာလဖန် ၃၅% အီးစီဆေးရည် ၅၀ စီစီကို ရေလီတာ ၂၀တွင်ဖျော်၍ ပက်ဖျန်းပါ။
- တစ်ပင်အတွက် တစ်ရက်လျှင်သွင်းရေ ၄- ၅ မီလီမီတာသွင်းပါ။
- ပေါင်းမြက်များ ဖြတ်ပေးပါ။
ဆွတ်ခူးခြင်းနှင့် အထွက်နှုန်း
ပန်းပွင့်ပြီး ငါးလခွဲအကြာ ဒူးရင်းသီးအညှာရှိ အရစ်ကျဲလာချိန်၊ ဆူးကြီးလာချိန်၊ အသီးရောင်ပြောင်းလာချိန်တွင် အသီးအညှာ၏ အရစ်အထက်မှ နှစ်လက်မ သုံးလက်မခွာ၍ ကိုင်းဖြတ်ကတ်ကြေးဖြင့် ဖြတ်၍ အသီးခူးဆွတ်ရပါသည်။ ခုနှစ်နှစ်သားကျော်လျှင် စသီး၍ အနှစ် ၃၀-၅၀ အထိ ဖြိုင်ဖြိုင်သီးကြောင်းသိရသည်။ မျိုးကောင်းလျှင် တစ်နှစ်လျှင် အပင်တစ်ပင်မှ အလုံး၁၀၀- ၃၀၀ အထိသီးတက်သည်။ ဆွတ်ခူးပြီး အသီးများကို အရွယ်အစားအလိုက်ခွဲ၍ စနစ်တကျ ထုတ်ပိုးသယ်ပို့ရပါမည်။
(စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ထုတ်ဝေသော သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
အခုလိုမျိုး သီးနှံတွေရဲ့ စိုက်ပျိုးနည်းများအကြောင်းစာအုပ်ကို စိတ်ဝင်စားလို့ဝယ်ယူချင်ရင်တော့ အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
Thought Kyar
လွန်ခဲ့သော ၁ လ ကဒူးရင်းတစ်မျိုးထဲသီးသန့်စိုက်ပျိုးပြုစုနည်းစာအုပ်ရှိလား
နော်ကက်သရင်း
လွန်ခဲ့သော ၁ နှစ် ကမိုးများလျှင်အသီးတွေပေါ်အမဲကွက်တွေတွေ့ရတယ်ပြီးရင်ကြွေကျပြီးပုပ်ကုန်တယ်အဲဒါဘယ်လိုလုပ်ရမလဲ
Saw Kyaw Nyar Klain
လွန်ခဲ့သော ၂ နှစ် ကအခုလိုမိုးရာသီရောက်လာတော့ ဒူးရင်းပင်ကိုပြုစုဖို့ကာကွယ်ရမယ့်ဆေးတွေကဘာတွေများလဲခင်ဗျာ..အစာကျွေးရမယ့်နည်းနဲ့..ကာကွယ်ရမယ့်ဆေးတွေကိုသိချင်ပါတယ်ခင်ဗျာ...အပင်က၃မိုးဝင်နေပါပြီခင်ဗျ.
aung san
လွန်ခဲ့သော ၂ နှစ် က85% wp 50ဂရမ်ကို နားမလည်လို့ ကျေးဇူးပြုပီး ပြောပြကြပါ ကျေးဇူးတင်ပါတယ်
ကိုကို
လွန်ခဲ့သော ၃ နှစ် ကရေ၄.၅မီလီမီတာ? ဆိုတာဘယ်လိုမျိုးသွင်းရတာလည်း ဂါလံ/လီတာဖြင့်ဖြေကြားပေးပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026