ပန်းတို့မာလာ စကားဝါ
မြန်မာအမည်မှာ စကားဝါ ပန်းဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Golden (or) Yellow Chamka ၊ Yellow champak ဟုခေါ်သည်။ ရုက္ခဗေဒအမည်အားဖြင့် Michelia Champaca Linn ဟုခေါ်ပြီး မျိုးရင်းမှာ မလေးရှားကျွန်းဆွယ်ဒေသ ဖြစ်သည်။
အမျိုးအစားအားဖြင့် နှစ်မျိုးတွေ့ရသည်။
၁။Michelia acba မျိုး အဖြူရောင်ပွင့် (white flower)
၂။ Michelia Champaca မျိုးအဝါရောင်ပွင့် (mangeflower )
acba မျိုးသည် (tava) မျိုးဖြစ်သည်။ champae ဟုခေါ်ပြီး အမြဲစိမ်းလန်းသော အပူပိုင်းပင်အဖြစ် အသိအမှတ် ပြုကြသည်။ မက်ကနိုလီယားခေါ်သော magnolia အပင်နှင့် ဆင်တူ၏ ။ အဖြူရောင်အပွင့်များ ပွင့်သည်။ အပွင့်သည် ငါးစင်တီမီတာခန့်ရှိပြီး အရွက်သည် ၂၁ စင်တီမီတာ ခန့်ရှည်၍ ဘဲဥပုံအရွက်ရှိသည်။ Champaca (Himalayas) အား စံကားဝါ ဟုခေါ်သည်။ အင်္ဂလိပ်အားဖြင့် arrange champak သို့မဟုတ် fragrance champaca ခေါ်ကြသည်။ မြန်မာပြည်တောင်ပိုင်းဒေသများနှင့် မိုးများသောဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး မြန်မာပြည်အနှံ့အပြား စိုက်ပျိုးနိုင်သည်။
အပင်သည် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးများဖြစ်သည်။ အကိုင်းအခက်များစွာ ဖြာထွက်ပြီး အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက်ချောမွတ်ပြီး မီးခိုးရောင်ရှိသည်။ အတွင်းသားမှာ အသားပျော့မျိုးတွင် ပါဝင်သည်။ အရွက်သည် ဘဲဥပုံနှင့် လှံစွပ်ပုံရှိသည်။ ၈ - ၁၀ လက်မ ခန့် ရှည်ပြီး ရွက်ညှာ တစ်လက်မခန့် ထိ ရှိသည်။ ရွက်နု စဉ် အမွှေးနုများပါရှိပြီး ရင့်လာသောအခါ ပြောင်ချော၍ ရွက်နားများ ညီညာလာသည်။
အပွင့်သည် ရွက်ညှာနားမှကပ်၍ တစ်ပွင့်ချင်းပွင့်သည်။ အပွင့်မှာ လိမ္မော်ရောင်၊ အဝါပျော့ရောင်နှင့် အဖြူရောင် များရှိသည်။ အလွန်မွှေးကြိုင်ပြီးပွင့်ဖတ်သည် ၂ - ၃ လက်မခန့် ရှိသည်။ သေးငယ်သော ဝတ်ဆံများရှိပြီး ပွင့်ညှာတိုသည်။ ၎င်းသည် ဧပြီလ၊ မေလ များတွင် လှိုင်လှိုင်ပွင့်သည်။ အသီးသည် ၁ - ၂ လက်မ ထိရှည်ကာ အခိုင်လိုက်သီးပြီး အညိုရောင်အစေ့များ ရှိသည်။ ၎င်းသည် ဝါခေါင်၊ တော်သလင်းလများတွင် အသီးစတင် ရရှိ နိုင်သည်။
မြန်မာပြည်အနှံ့အပြား စိုက်ပျိုးနိုင်သည်။ ပူအိုက်စွတ်စိုသော ရာသီကြိုက်ပင် ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုး နိုင်သည်။ ရေဝပ်ဒဏ် မခံနိုင်ချေ။
အစေ့မှ အများအပြား ပျိုးထောင်စိုက်ပျိုးကြသည်။ ထို့ကြောင့် မျိုးစေ့များ ပျိုးထောင်နိုင်ရန် ၃၀ ပေ ပျိုးဘောင် များ ပြုလုပ်ပျိုးထောင်ကြသည်။ ပျိုးထောင်မည့်နေရာ ရွေးချယ်ရာတွင် နံနက်နေရောင်ခြည်ရပြီး ညနေတွင် နေရောင် တိုက်ရိုက်မကျသည့် နေရာကို ရွေးချယ်ရသည်။ ပျိုးထောင်မည့်နေရာသတ်မှတ်ပြီးလျှင် ၉ လက်မထိ ဘောင်ခတ်၍ လည်းကောင်း၊ မြေဆွေးနှစ်ဆကို သဲတစ်ဆနှင့် ရောပြီး ဆန်ခါချကာ မြေထည့်ပေးရသည်။ နွားချေးခြောက်အနည်းငယ် ဆန်ခါချပြီး အနည်းငယ်ထည့်ပေးက ပိုမိုကောင်းမွန်သည်။
စံကားဝါစေ့များအား ၉ x ၉ လက်မခြား၍ ပျိုးထောင်ရသည်။ ၎င်းကို ၁.၅ လက်မထိ မြေတွင် မြှုပ်၍ စိုက်ပျိုး ရသည်။ ပျိုးခင်နေပူပါက အမိုးမိုးပေးရန်လိုပြီး ရေမှန်မှန်လောင်းပေးရသည်။ တစ်ပတ်ခန့်ကြာလျှင် မျိုးစေ့မှ အပင်ငယ်ပေါက်မည်ဖြစ်သည်။ နှစ်လသားအရွယ်တွင် ပြောင်းရွှေ့စိုက်နိုင်သည်။ အသီးများကို ဝါဆို၊ ဝါခေါင်လ မှသာ ရရှိ၍ ၎င်းတို့ကို ပျိုးထောင်ပြီး ကျည်တောက်၊ ပျိုးအိုးများဖြင့် ပြောင်းရွှေ့ပျိုးထောင်ပြုစုထားကာ မိုးဦး ကျမှချစိုက်ပါက အပင်ဖြစ်လွယ်ပြီး စိုက်ခင်းတွင် သေပျောက်မှုနည်းသည်။ စံကားဝါများကို ပျိုးထောင်ပြီးမှ စိုက်ပျိုးသင့်သည်။ တစ်ပင်နှင့် တစ်ပင် ၂၅ x ၂၅ ပေ ခြား၍ စိုက်ပျိုးသင့်သည်။ နေရာသတ်မှတ်ပြီးပါက ၃ x ၃ x ၃ ပေ ပတ်လည် ကျင်းများတူးပေးရသည်။ ၎င်းကျင်းထဲသို့ နွားချေး တစ်ပြည်၊၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံ တူးထားသော မြေသားကို ဖယ်ပြီး အောက်ခံမြေနှင့် သမစေရန် ရောစပ်ပြီး ကျင်းကို လိပ်ခွံသဏ္ဌာန် မို့နေစေရန် ဖို့၍ ပြုပြင်ထားသည်။ ၂၅ x ၂၅ ပေ စိုက်ပါက ၆၉ ပင် စိုက်ရမည်ဖြစ်ပြီး ၃၀ x ၃၀ ပေ အကွာအဝေးထား စိုက်ပါက ၄၈ ပင် ခန့် ဝင်မည်ဖြစ်သည်။ အထက်ပါ ပျိုးထောင်ထားသော ပျိုးပင်များ နှစ်လသားအရွယ်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ အရွက်လေးရွက်မှ ခြောက်ရွက်ထွက်ချိန်တွင် ပျိုးပင်များကို အမြစ်မနာစေရန် သေချာစွာ နုတ်ပြီးလျှင် မြေပြုပြင်ထားသော ကျင်းတွင် သေချာစွာစိုက်ပျိုးရသည်။ ပျိုးပင်များ လေတိုက်ခြင်းမှ ကာကွယ်နိုင်ရန် တိုင်ထောင်၍ကြိုးချည်ပြီး စိုက်ပျိုးပါက ပိုမိုကောင်းမွန်သည်။
မိုးရာသီ၌ ဇွန်၊ ဇူလိုင်လများတွင် မြေချစိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ အနည်းအကျဉ်း စိုက်ပျိုးလိုသူများ အတွက် ကျင်းကိုသေချာစွာ ပြုပြင်စိုက်ပျိုးပြီး ရေလောင်းပေးခြင်းပြုလုပ်ပေးပါက အချိန်မရွေးစိုက်ပျိုးနိုင်သည်။
မြေဩဇာကျွေးခြင်းကို တစ်နှစ်လျှင် မိုးဦးတွင် တစ်ကြိမ်၊ မိုးနှောင်းတွင် တစ်ကြိမ် ကျွေးသင့်ပါသည်။ NPK အချိုးကို ၁: ၂: ၁ ရောစပ်၍ ပထမနှစ်သားတွင် လေးအောင်စနှုန်း၊ ဒုတိယနှစ်သားတွင် ရှစ်အောင်စနှုန်း၊ တတိယနှစ်သားတွင် တစ်ပေါင်နှုန်း ကျွေးပြီး လေးနှစ်သားမှစ၍ တစ်ပင်လျှင် လေးပေါင်နှုန်းကျွေးသင့်ပါသည်။ မြေဩဇာကျွေးရာတွင် အပင်သက်တမ်း၊ အရွယ်အစားအလိုက်၊ အကွာအဝေး အလိုက် နှစ်ပေမှ ခြောက်ပေ ထား၍ မြေကျင်းတူးပြီး ဘေးမှ မြေဩဇာများချကျွေးရသည်။
ဒုတိယနှစ်သားအထိ နွေရာသီတွင် တစ်ပတ်လျှင် တစ်ကြိမ်ရေပေးသင့်သည် ။ အပင်ကြီးလာပါက ရေးပေးရန် မလိုပါ။အပင်ခြေရင်းတွင် ရေမဝပ်စေရန် ဂရုစိုက်ရမည်။
နှစ်နှစ်သားမှစ၍ ကိုင်းခြောက်၊ ကိုင်းပိုများကို ပြုပြင်ညှပ်ပေး၍ ပြုပြင်ရသည်။ နွေရာသီတွင် နေပူဒဏ်ခံနိုင်ရန် နှစ်စဉ် နိုဝင်ဘာလတွင် အစိုဓာတ်ထိန်းသိမ်းနိုင်ရန် မြက်ခြောက်အုပ်ခြင်းပြုလုပ်ပေးရသည်။
တစ်နှစ်သား နှင့် နှစ်နှစ်သား ကိုင်းတက် လက်သန်းခန့်ရှိ ဖြောင့်တန်းချောမွေ့သည့် ကိုင်းဖျားများကို ရွေးချယ်၍ မြေထုပ်စည်းနည်းဖြင့် ကိုင်းပွားယူနိုင်သည်။
ကိုင်းတက်နှင့် လက်သန်းခန့်ရှိကိုင်းများကို မိုးဦးကာလတွင် ပြုပြင်ထားသောကျင်း၌ လည်းကောင်း၊ ကျင်းတူး၍ လည်းကောင်း ကိုင်းထိုးစိုက်ပျိုးပါက လွယ်ကူစွာ အပင်ဖြစ်သည်ကို တွေ့ရသည်။
စံကားဝါတစ်ပင်လျှင် ပျမ်းမျှအပွင့် ၁၀၀၀-၁၅၀၀ ခန့်ရရှိပါမည်။ တစ်ဧက ၆၉ ပင်နှုန်းစိုက်ထားပါက ပျမ်းမျှ ၆၉၀၀၀ခန့် ထွက်ရှိမည် ဖြစ်ပါသည်။ စံကားဝါသည် သက်တမ်း ၈၀ ခန့်ထိရှိသည့်အပင်ကြီးများ တွေ့ရှိရာ တစ်ပင်လျှင် အပွင့်ပေါင်း ၄၀၀၀ ခန့်ထိ ပွင့်သည်ကို တွေ့ရသည်။
မြန်မာဆေးကျမ်းအလိုရ စံကားဝါအပွင့်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါသည်။ ၎င်းသည် ချိုဖန်သောအရသာ ရှိသည်။ အေးသော ဂုဏ်သတ္တိရှိသည်။ သုတ်ကိုပွားသည်။ နှလုံးကို အကျိုးပြုစေ သည်။ သလိပ်ကို နိုင်စေသည်။ သွေးအန်၊ သွေးကျ ၊ ဆီးအောင့်၊ နူနာ၊ အဆိပ်နှင့် ယားနာခြင်း၊ အနာစိမ်း ပေါက်ခြင်းတို့ကို ပျောက်စေသည်ဟု ဆိုပါသည်။
ပုပ္ပါးနှင့် ကျောက်ပန်းတောင်းတွင် ပုလင်းထဲသို့ စံကားဝါပန်းများအား ကျောက်ချဉ်ရည် စိမ်၍ လေလုံ ပုလင်းများ ဖြင့် ရောင်းချသည်ကို တွေ့ရသည်။
ကိုရဲ (စိုက်ပျိုးရေး)
အောင်ကျော်လင်း
လွန်ခဲ့သော ၁ လ ကအစေ့ပျိုးတာတစ်ခါမှအပင်မပေါက် ဘာလိုအပ်လဲသိပါရစေ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကိုရဲ (စိုက်ပျိုးရေး)
အားလုံး