၂၀၂၆နှစ်အစပိုင်းတွင် မြေပဲနဲ့ ကြက်သွန်ဖြူတို့ ဈေးတက်လာ
၂၀၂၆ နှစ်စတွင် လယ်ယာပို့ကုန်လုပ်ငန်းများအတွက် ပို့ကုန်ရငွေလဲလှယ်သည့် ၁၅ ရာခိုင်နှုန်းထိဖြေလျော့မှုသည် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ သို့သော် ပြည်ပ၀ယ်လိုအား အပြောင်းအလဲ၊ နိုင်ငံတကာဈေးကွက်အခြေအနေများက လယ်ယာပို့ကုန်များ၏ ပြည်တွင်းဈေးအပေါ်သက် ရောက် မှုများဖြစ်စေသည်။ အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော အိန္ဒိယ၊ တရုတ်နိုင်ငံများ၏ပြည်တွင်း လိုအပ်ချက် ၊ ဈေးကွက်မူဝါဒ အပြောင်းအလဲက မြန်မာ့လယ်ယာပို့ကုန်များအပေါ် လွှမ်းမိုးနေသည်။
ပြည်တွင်း၊ ပြည်ပဈေးအပြောင်းအလဲမတူသည့် မတ်ပဲ
၂၀၂၆ နှစ်စပိုင်း ရက်များတွင် အိန္ဒိယ၌ ပွဲတော်များရှိနေခြင်းကြောင့် မတ်ပဲ၀ယ်လိုအားတက်လာပြီးဈေးနှုန်းလည်း မြင့်တက်လာသည်။သို့သော် ရက်ပိုင်းအတွင်း ဈေးအနည်းငယ် ပြန်ငြိမ်နေသည်။ အိန္ဒိယနိုင်ငံတွင် မတ်ပဲလက်ကျန်အခြေအနေ၊ ပွဲတော်များကြောင့် ၀ယ်လိုအား မျှော်လင့်ချက်ကောင်းပြီး ၂၀၂၅ ဒီဇင်ဘာ နောက်ဆုံးရက်အထိဈေးမြင့်တက်ခဲ့သော မတ်ပဲက ၂၀၂၆နှစ်စပိုင်းတွင် ဈေးငြိမ်နေခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီ ၇ တွင် အိန္ဒိယဈေးကွက်ရှိ မြန်မာ့မတ်ပဲ၏ ဈေးနှုန်းကို မတ်ပဲ FAQတစ်တန် အမေရိကန်ဒေါ်လာ ၇၉၀၊ SQတစ်တန် ဒေါ်လာ ၈၆၅ရှိကြောင်းဖော်ပြထားသည်။
သို့သာ် မြန်မာနိုင်ငံတွင် မတ်ပဲဈေးက ပြည်ပရောင်းချသည့် FOB(free on board)ဈေးတက်ပြီး ပြည်တွင်းဈေးအနည်းငယ်ကျရိပ်သန်းနေသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ ပြည်ပသို့ရောင်းချသည့် FOBဈေးက မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၇၀၅ - ၇၁၅မှ ၇၄၅ - ၇၅၅သို့ဈေးပြောင်းပြီး မတ်ပဲSQ တစ်တန် ဒေါ်လာ၇၉၀ - ၈၀၀မှ ၈၂၅ - ၈၃၅ သို့ဈေးပြောင်းသွားသည်။
မတ်ပဲပြည်ပရောင်းဈေး တက်လာသော်လည်း ပြည်တွင်းဈေးက မတ်ပဲ FAQတစ်တန် ကျပ်၂,၇၆၄,၀၀၀ မှ ၂,၇၄၀,၀၀၀ သို့ ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန် ကျပ် ၃,၀၄၄,၀၀၀မှ ၃,၀၃၀,၀၀၀သို့ ဈေးပြောင်းသွားသည်။
ပဲတီစိမ်းဈေးငြိမ်
တရုတ်နိုင်ငံကို အဓိထား တင်ပို့ရောင်းချနေသည့် မြန်မာ့ပဲတီစိမ်းဈေးက ပြီးခဲ့သည့်နှစ်နောက်ဆုံးလမှ ၂၀၂၆ နှစ်ဆန်းပိုင်းအထိ ဈေးငြိမ်နေသည်။ လက်ရှိ ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည် FOBဈေးလည်းငြိမ်နေခြင်းဖြစ်သည်။
ပြည်ပရောင်းချသည့် ပဲတီစိမ်း FOB ဈေးက ပဲတီစိမ်း(ရွှေဝါ)FAQတစ်တန် ဒေါ်လာ ၁,၀၈၀/ ၁,၀၉၀၊ ပဲတီးစိမ်း (အညာ) FAQတစ်တန်ဒေါ်လာ၉၅၀/၉၆၀ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းပဲတီစိမ်းဈေးက ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း(အညာ)တစ်ပိဿာ ကျပ် ၅,၆၆၅/၅,၆၈၅၊ ပဲတီစိမ်း (ခရမ်းရွှေဝါနှင့် ပဲခူးရွှေဝါ)တစ်ပိဿာ ကျပ် ၆,၅၈၀၊ ပဲတီစိမ်း (ဝါးခယ်မ)FAQတစ်ပိဿာ ကျပ် ၆,၂၅၀/ ၆,၂၇၀ ဖြင့် ဈေးငြိမ်နေသည်။
မြန်မာနိုင်ငံတွင် စိုက်ဧက ၂ဒသမ၈သန်းကျော်ရှိပြီး ဆောင်းရာသီတွင်အများဆုံးစိုက်ပျိုးသည့် ပဲတီစိမ်းက ပြီးခဲ့သည့်နှစ်တွင် မိုးများသဖြင့် စိုက်ပျိုးချိန်နောက်ကျမှုများလည်းရှိခဲ့သပြီး အထွက်နှုန်းအပေါ်စိုးရိမ်မှုများလည်းရှိနေသည်။

မြေပဲဈေးတက်
ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပဈေးကိုလည်း ရောင်းချနေသည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်းဈေးမြင့်တက်လာသည်။ မြေပဲကိုပြည်တွင်းဆီစက်များနှင့် လုပ်ငန်းသုံးရန် ၀ယ်လိုအားအပြင် တရုတ် အပါအ၀င် ပြည်ပနိုင်ငံများသို့တင်ပို့နေသည်။
ယခုရက်သတ္တပတ် ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန်လျှင် ဒေါ်လာ၅၀ ဈေးမြင့်တက်သည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ(လုံးဆံ) FOB ဈေးက တစ်တန် ဒေါ်လာ ၁,၃၇၅/ ၁,၃၈၅မှ ၁,၄၂၅/ ၁,၄၃၅ သို့ဈေး ပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် ဈေးမြင့်တက်မှုများရှိနေသည်။ ယခုရက်သတ္တပတ်တွင် မြေပဲ S1(လုံးဆံ)တစ်တန် ကျပ် ၅,၅၁၀,၀၀၀ ကျော်မှ ၅,၆၉၀,၀၀၀ကျော် ၊မြေပဲ(အနီ) လုံးဆံတစ်တန် ၅,၁၁၀,၀၀၀ကျော်မှ ၅,၂၆၀,၀၀၀ ကျော်သို့ဈေးပြောင်းပြီးမြေပဲMတွဲ (လုံးဆံ )တစ်တန် ကျပ် ၅,၁၁၀,၀၀၀ ကျော်ဖြင့်ဈေးငြိမ်နေ သည်။
ထို့အပြင် မြေပဲS1(ဆီဆံ)တစ်တန် ကျပ် ၅,၂၀၀,၀၀၀ ကျော်မှ ၅,၃၂၀,၀၀၀ ကျော်မြေပဲ( အနီ) ဆီဆံ(ရှမ်း) တစ်တန် ကျပ် ၄,၉၆၀,၀၀၀ကျော်မှ ၅၂သိန်းကျော်သို့ ဈေးပြောင်းပြီး ၊မြေပဲMတွဲဆီဆံတစ်တန်ကျပ်၅,၂၆၀,၀၀၀ ကျော်ဖြင့်ဈေးငြိမ်နေသည်။
ပဲကြီး ဈေးအပြောင်းအလဲ
ပြည်တွင်းအဓိကစားသုံး ပြီး ပြည်ပတင်ပို့မှုရှိနေသည့် ပဲကြီးက ရန်ကုန်ဈေးကွက်တွင် အမြင့်ဈေးဖြင့်ငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် အမျိုးအစားအလိုက် ဈေးကျဆင်းလာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲကြီး ပြည်ပရောင်းချသည့် FOB ဈေးကတစ်တန် ဒေါ်လာ ၁,၂၀၅/၁,၂၁၅ ဖြင့်ဈေးငြိမ်နေသည်။ ထို့အပြင် ပြည်တွင်းဈေးကလည်း ပဲကြီး(ရွှေကျွန်း)တစ်ပိဿာ ကျပ် ၁၀,၂၆၅/ ၁၀,၆၂၀ ဖြင့်ဈေးငြိမ်နေသည်။
သို့သော် မန္တလေးဈေးကွက်တွင် ပဲကြီးအသစ်များ အ၀င်ရှိနေခြင်းကြောင့် ဈေးအနည်းငယ်အပြောင်းအလဲရှိသည်။
မန္တလေးဈေးကွက်တွင်ပဲကြီး (ကြီး)တစ်တန် ကျပ် ၆,၄၂၀,၀၀၀ကျော်မှ ၆၂သိန်းကျော်၊ ပဲကြီး(လတ်) တစ်တန် ၅,၈၇၀,၀၀၀ ကျော်မှ -၅,၅၄၀,၀၀၀ ကျော်သို့ဈေးပြောင်းပြီး ပဲကြီး(သေး) တစ်တန်ကျပ်၄,၉၈၀,၀၀၀ ကျော်ဖြင့်ဈေးငြိမ်နေသည်။
ကြက်သွန်ဖြူဈေးတက်
ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့ရှိနေသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူက ယခုရက်သတ္တပတ်တွင် ဈေးပြန်တက်လာသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က တရုတ်မှတင်သွင်းသည့် ကြူကုတ် ကြက်သွန်ဖြုသာမက ရှမ်းကြက်သွန်ဖြူကလည်းဈေးကျဆင်းခဲ့သည်။ သို့သော် ယခုရက်သတ္တပတ်တွင် ကြက်သွန်ဖြူအားလုံး ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့်ဈေးလည်းပြန်လည် မြင့်တက်လာသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင်ကြက်သွန်ဖြူ (2025 crop) ၏ FOBဈေးက တစ်တန်ဒေါ်လာ ၇၆၀/၇၇၅မှ ၁,၁၂၅/ ၁,၁၄၀ဈေးဖွင့်ခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၈၅၀/၈၆၅မှ ၁,၂၁၅/ ၁,၂၃၀အထိ ဈေးပြောင်းလဲသည်။
ကြက်သွန်ဖြူ ပြည်ပဈေးမြင့်တက်လာသကဲ့သို့ ပြည် တွင်း(လက္ကား) ဈေးကလည်း တရုတ်နိုင်ငံမှတင်သွင်းသည့် (ကြူကုတ် )ကြက်သွန်ဖြူ တစ်ပိဿာကျပ်၁၂,၀၀၀ /၁၃,၀၀၀ မှ ၁၃,၀၀၀/၁၃,၅၀၀၊ ရှမ်းပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သည့် အောင်ပန်း (ထူး-၂) တစ်ပိဿာ ကျပ် ၃,၅၀၀မှ ၅,၅၀၀၊ အောင်ပန်း (ထူး-၃)တစ်ပိဿာ ကျပ် ၄,၅၀၀မှ၆,၅၀၀၊ အောင်ပန်း( ထူး-၄) တစ်ပိဿာ ကျပ် ၅,၅၀၀မှ ၇,၅၀၀၊ အောင်ပန်း (ထူး-၅) တစ်ပိဿာ ကျပ် ၆,၅၀၀မှ ၈,၅၀၀သို့ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko ko
လွန်ခဲ့သော ၇ လ ကဖထခ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....