အစိမ်းရောင်လမ်း
မတ်ပဲဈေး ဆက်လက်မြင့်တက်နေပြီး ဧပြီ ၄ ရက်ဈေးနှုန်းနောက်ပိုင်း တစ်တန် ကျပ် ၁၂၀၀၀၀ ခန့် ပိုမြင့်လာ

မတ်ပဲဈေး ဆက်လက်မြင့်တက်နေပြီး ဧပြီ ၄ ရက်ဈေးနှုန်းနောက်ပိုင်း တစ်တန် ကျပ် ၁၂၀၀၀၀ ခန့် ပိုမြင့်လာ

AMIA
AMIA 19/04/2022

အခု သင်္ကြန်ကာလအလွန် အဖွင့်ဈေးမှာ သင်္ကြန်မတိုင်ခင်ကာလကထက် ဈေးတွေ မြင့်တက်လာတဲ့ မတ်ပဲဈေးတွေဟာ ဒီနေ့မှာလည်း ဆက်လက်မြင့်တက်မှုတွေ ရှိနေပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်အတွင်း မတ်ပဲ(FAQ/RC) ဈေးနှုန်းဟာ မနေ့က ကျပ် ၁၄၈၁၀၀၀ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၉၀၀၀ ဈေးတက်လာပြီး ၁၄၉၀၀၀၀ ထိဖြစ်လာပါတယ်။ သင်္ကြန်ကာလမတိုင်ခင် နောက်ဆုံးဈေးကွက်ဖွင့်ခဲ့တဲ့ ဧပြီ ၈ ရက် ဈေးနဲ့ဆိုရင် တစ်တန်ကို ကျပ် ၁၀၀၀၀ ထိ ဈေးတက်လာတာပါ။

 

မတ်ပဲ (SQ/RC) ကလည်း တစ်တန်ကို ကျပ် ၉၀၀၀ ဈေးထပ်တက်လာပါတယ်။ မနေ့ က ကျပ် ၁၆၈၁၀၀၀ သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ကျပ် ၁၆၉၀၀၀၀ ထိ ဖြစ်သွားတာပါ။

အောင်လံဈေးကွက်မတ်ပဲဈေးဟာလည်း သင်္ကြန်မတိုင်ခင်က တစ်တင်း ကျပ် ၄၅၀၀၀ သာ ရှိခဲ့ရာကနေ သင်္ကြန်ပိတ်ရက်အပြီး မနေ့က ဧပြီ ၁၈ ရက်မှာ တစ်တင်း ကျပ် ၄၆၅၀၀ ဖြစ်လာကာ ဒီနေ့မှာတော့ ကျပ် ၅၀၀ ထပ်တက်ပြီး တစ်တင်းကို ကျပ် ၄၇၀၀၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ 

ပဲစင်းငုံနီ (အာစီ) ကတော့ ဈေးဆက်ကျနေပြီး မနေ့က တစ်တန်ကို ကျပ် ၁၄၂၂၅၀၀ ရှိရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ကျပ် ၁၄၂၀၀၀၀ ဖြစ်သွားပါတယ်။ 

နိုင်ငံခြားသုံးငွေကြေးနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ဧပြီ ၃ ရက်မှာ ပြောင်းလဲလိုက်တဲ့မူဝါဒကြောင့် ပဲတင်ပို့သူတွေကြား ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး ဧပြီ ၄ ရက်မှာတော့ မတ်ပဲဈေးကလည်း တစ်တန်ကို ၁ သိန်းနီးပါးအထိဈေးကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဈေးက ဆက်တိုက်ပြန်လည် မြင့်တက်လာရာမှာ လက်ရှိမှာတော့ ဧပြီ ၄ ရက် ဈေးထက်စာရင် တစ်တန်ကို ကျပ် ၁၂၀၀၀၀ ခန့် ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ 

မတ်ပဲ (SQ/RC) ဆိုရင် ဧပြီ ၄ ရက်က တစ်တန်ကို ကျပ် ၁၅၅၀၀၀၀ သာရှိခဲ့တာဖြစ်လို့ ဒီနေ့ ဧပြီ ၁၉ ရက်နဲ့ယှဉ်ရင် တစ်တန်ကို ကျပ် ၁၄၀၀၀၀ ခန့်ထိ မြင့်တက်လာတာဖြစ်ပါတယ်။

အိန္ဒိယက ပဲလိုအပ်ချက်ရှိတာ၊ ပြည်တွင်း မတ်ပဲက ထွက်ရှိမှုနှုန်းလျော့မယ်ဆိုတဲ့သတင်း စတာတွေကြောင့် မတ်ပဲဈေးတွေ ပြန်တက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....