အစိမ်းရောင်လမ်း
စတင်စိုက်ပျိုးသည့်နှစ်တွင် ဒေသဝဥမျိုး စိုက်ပျိုး၍ အတွေ့အကြုံယူသင့်

စတင်စိုက်ပျိုးသည့်နှစ်တွင် ဒေသဝဥမျိုး စိုက်ပျိုး၍ အတွေ့အကြုံယူသင့်

စတင်စိုက်ပျိုးသည့် ပထမနှစ်တွင် ဒေသထွက်ဝဥမျိုးအား စိုက်ပျိုး၍ အတွေ့အကြုံရယူသင့်ကြောင်း ဝဥစိုက်ပျိုးသူများထံမှ သိရသည်။ 

အကယ်၍ မိမိဒေသထွက်ဝဥမျိုးကို အလွယ်တကူ မရှိပါက မိမိဒေသနှင့်ကိုက်ညီနိုင်မည့့် ဝဥမျိုးကို ရွေးချယ်စိုက်ပျိုးနိုင်သည်။

မိမိဒေသထွက် ဝဥမျိုးက စျေးကွက်ဝင် ဝဥမျိုးဖြစ်တယ်ဆိုရင်တော့ စိုက်ပျိုးရန် အကောင်းဆုံးပါ။ ဝဥမျိုး စျေးနှုန်းလည်း သက်သာဖို့ လိုပါတယ်။ စျေးကြီးတဲ့ ဝဥမျိုး တစ်ဧက စိုက်မယ့်အစား ဒေသ ဝဥမျိုး ၅ ဧက စိုက်လို့ရပါတယ်။ စိုက်ပျိုးနိုင်တဲ့ အပင်အရေအတွက်နဲ့ စိုက်ပျိုးဧကများများစိုက်ခြင်းဟာ စိုက်ပျိုးစီးပွား ဖြစ်ထွန်းမှု အကောင်းဆုံးပါခင်ဗျာ။

ဟု ရန်ကုန်တိုင်းဒေသကြီးမှ ဝဥစီးပွားဖြစ် စိုက်ပျိုးနေသူ ဦးမောင်တိုးက ပြောသည်။

စျေးကွက်ဝင် ဝဥမျိုးမှန်သမျှသည် စျေးကွက်အမြဲမပြတ်ရှိသဖြင့်၊ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းသည် အရောင်းအဝယ်မပြတ်သော်လည်း၊ ယခုကာလများတွင်မူ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ အနည်းငယ်ရှိကြောင်း သိရသည်။

ဒီနှစ်ကတော့ အရမ်းကြီးစျေးကောင်းဖို့ မျှော်လင့်လို့ မရပါဘူး ခင်ဗျာ။ မျိုးဥစျေးကတော့ အတက်အကျမရှိ ပုံမှန်စျေးပါဘဲ။ မျိုးဥ/ရွက်သီးက ဝယ်သူနည်းတယ်။ လူတွေလည်း ငွေအများကြီး မသုံးနိုင်ကြပါဘူး။ ပုံမှန်ဆို ဝဥက လတိုင်းမှာ အရောင်းအဝယ် ရှိပါတယ်။ အသွားအလာခက်ခဲလို့ အရောင်းအဝယ် သိပ်မရှိသေးတာပါ။

ဟု ဦးမောင်တိုးက ဆက်လက်ပြောသည်။

နှစ်စဉ် မေလ နောက်ဆုံးအပတ်မှ ဇွန်လအကုန်အထိ ကာလများသည် ဝဥမျိုးဥအား မြေချစိုက်ပျိုးရန် အကောင်းဆုံးကာလများ ဖြစ်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

ကျော်ကျော်

ကျော်ကျော်

လွန်ခဲ့သော ၄ နှစ် က

မှော်ဘီမှာ စမ်းစိုက်ကြည့်ချင်လို့ပါ ဦးမောင်တိုး နဲ့ တိုက်ရိုက် မေးလို့ရချင်ပါတယ် ကူညီပေးပါ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....