အစိမ်းရောင်လမ်း
ငွေလဲနှုန်းဈေးကွက်နှင့် ပြည်ပပို့ကုန် ပဲမျိုးစုံဈေးကွက်အခြေအနေ

ငွေလဲနှုန်းဈေးကွက်နှင့် ပြည်ပပို့ကုန် ပဲမျိုးစုံဈေးကွက်အခြေအနေ

ပြင်ပငွေလဲလှယ်နှုန်းဈေးကွက်အနေအထားအရ ငွေလဲနှုန်းတွေ ပြန်ကျသွားတဲ့အတွက် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပြည်ပပို့ကုန်ပဲဈေးတွေ ပြန်လည်ကျဆင်းလာပါတယ်။ ဒီအနေအထားက ဘယ်လိုသက်ရောက်မှုရှိလဲ၊ ရှေ့အလားအလာ ဘယ်လိုရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မတ်ပဲ

မတ်ပဲဈေးကတော့ တစ်တန်ကို သိန်း ၂၀ ကျော်အထိ ပြန်လည်မြင့်တက်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ သိန်း ၂၀ အောက်ကို ဈေးပြန်ကျဆင်းသွားပါတယ်။ ငွေလဲလှယ်နှုန်းဈေး ကျဆင်းသွားတဲ့ အတွက် ကြောင့် ပဲဈေးလည်း ကျဆင်းသွားသလို ငွေဈေးတည်ငြိမ်မှု မရှိတဲ့အတွက် အရောင်းအဝယ်ကလည်း အေးပြီး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံတွင်း ရာသီဥတုမမှန်မှုကြောင့် စိုက်ခင်းတွေ ပျက်စီးမှုတွေရှိနေပြီး ပဲအထွက်နှုန်းလျော့နည်းနိုင်ပြီး မတ်ပဲဈေးတွေ တက်မယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်မှာ ဖော်ပြထားတဲ့အနေအထားကြောင့် ပြည်တွင်း မတ်ပဲဈေးနှုန်း တက်ဦးမယ်လို့ ကုန်သည်တွေကတော့ ခန့်မှန်းထားပြီး ငွေကြေးဈေးကြောင့်သာ မတ်ပဲဈေးက ကျဆင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့  သိသိသာသာ ဈေးကျသွားတာမျိုး မရှိပါဘူး။ ငွေကြေးလဲလှယ်ဈေးနှုန်း ကျဆင်းပေမယ့် လက်ကျန်နည်းတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ မရှိသလောက် နည်းတယ်လို့ သိရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး နယ်ဈေးကွက်တွေမှာတော့ ဈေးက ကျဆင်းသွားပါတယ်။ တရုတ်တင်ပို့မှု ရှိနေပေမယ့် အဓိက ငွေကြေးဈေးကွက်တည်ငြိမ်မှု မရှိတဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်ပါတယ်။ အရင်ကလောက် ဝယ်ယူမှု မသွက်တော့ပဲ စောင့်ကြည့် ဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ 

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် နေ့စဉ်ဈေးကွက်ဈေးနှုန်းများနှင့် တစ်ပတ်အတွင်း ဈေးကွက်သတင်းသုံးသပ်ချက်ကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Zaw Htet Oo

Zaw Htet Oo

လွန်ခဲ့သော ၃ နှစ် က

ပရင်းကရော

You

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....