GAP သီးနှံများ ရောင်းချနိုင်ရန် စျေးကွက်စတင်ချိတ်ဆက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယနှင့် ဟဲဟိုးမြို့နယ်တို့၌ ပြုလုပ်လျက်ရှိသော ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစားအစာအရည်အသွေးဆိုင်ရာ ပဏာမ ဆောင်ရွက်ချက် (SAFI) စီမံကိန်းမှ ထွက်ရှိသည့် GAP သီးနှံများရောင်းချနိုင်ရန် စျေးကွက်ချိတ်ဆက်သည့်အနေဖြင့် စက်တင်ဘာလ ၃၀ ရက်က ပင်းတယမြို့ ရွာသစ်ရပ် Diamond Queen ခန်းမ၌ စတင်မိတ်ဆက်ကြောင်း ယင်းအခမ်းအနားမှ သိရသည်။
အဆိုပါ SAFI စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယနှင့် ဟဲဟိုးမြို့နယ်တို့၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်အထိ ဆောင်ရွက်ခြင်းဖြစ်ပြီး ပင်တယမြို့နယ်၌ စီမံကိန်းဝင် တောင်သူ ၁၈၁ ဦး စိုက်ပျိုးဧက ၂၄၀ ဒသမ ၅ ဧကနှင့် ဟဲဟိုးမြို့နယ်၌ စီမံကိန်းဝင်တောင်သူ ၁၉ ဦး စိုက်ပျိုးကာ ၁၁၉ ဒသမ ၆၅ ဧက ရှိသည်။
ပင်းတယမြို့နယ်၌ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရွှေပဲသီး၊ မုန်ညင်းဖြူ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးသီးနှံတို့အတွက် စီမံကိန်း ပထမ ကာလတွင် ပံ့ပိုးကူညီပေးမည်ဖြစ်ကာ စီမံကိန်းဒုတိယကာလတွင် ငရုတ်ချို၊ ငရုပ်စပ်၊ ငရုတ်ပွ၊ ဖရုံသီး၊ ပဲမျိုးစုံ၊ မုန်ညင်းစသည့်သီးနှံများကို ဆောင်ရွက်မည်ဖြစ်ကြောင်း အလားတူ ဟဲဟိုးမြို့နယ်၌လည်း အာလူးနှင့် ချင်းများ ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါ SAFI စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းစီမံကိန်းသည် ပင်းတယမြို့နယ်နှင့်ဟဲဟိုးမြို့နယ်တို့ရှိ တောင်သူများ၏ လိုအပ်ချက်မျာကို ဖြည့်ဆည်းကာ အစားအစာဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီသည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။
source - စိုက်ပျိုးရေးပြန်ကြားစိတ်
naylintun du
လွန်ခဲ့သော ၁၀ လ ကဘာဆေးတွေဖြန်းသင်တာလဲညွန်ပါအုံး
naylintun du
လွန်ခဲ့သော ၁၀ လ ကဂေါ်ဖိစိုက်ထာတယ်
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကပန်းမူံလာမှာဘာရောဂါတေကျတတ်ပါလဲရှင့်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....