ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အားလုံးနီးပါးလည်း ဈေးတက်
ပြည်တွင်းငွေလဲနှုန်း မြင့်တက်လာမှုတွေ၊ ကမ္ဘာ့ဈေးကွက်အခြေအနေတွေကြောင့် ဆန်၊ စပါး ဈေးတွေနည်းတူ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အားလုံးနီးပါးလည်း ဈေးတွေတက်နေတာပါ။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်းဈေးတက်လာပါတယ်။ ပဲမျိုးစုံဈေးတက်တာနဲ့အတူ တင်ပို့ မှုလည်း ရှိတဲ့အတွက်ဈေးတက်လာပေမယ့် တရုတ်လမ်းပိုင်းက ကိုဗစ်ကြောင့် ပိတ်ဆို့မှုတွေ ရှိလို့ တစ်ပတ်အတွင်းမှာဆိုရင် ဈေးအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ၂ ပတ်ဆက်တိုက်မြင့်တက်နေခဲ့ပါတယ်။စက်သုံးဆီဈေးမြင့်တက်လာမှုနဲ့ သယ်ယူပို့ ဆောင်စရိတ်မြင့်မားမှု၊တွေကြောင့် အခုလိုဈေးတက်နေတာဖြစ်ပြီးတော့ ပြည်တွင်းငွေလဲလှယ်နှုန်းဈေး မြင့်တက်နေတာ ငွေကြေးရရှိမှု ခက်ခဲနေတာ၊ကမ္ဘာ့နိုင်ငံတွေမှာ ပဲမျိုးစုံဈေးတက်နေတာတွေက ပဲဈေးကို ဆက်တိုက်မြင့်တက်စေနေတာပါ။
အိန္ဒိယနိုင်ငံမှာလည်း မြန်မာ့မတ်ပဲတွေကို ပဲခွဲစက်တွေက ဝယ်ယူမှုများနေလို့ ပြည်တွင်းပဲတွေလည်း ဈေးတက်နေတာဖြစ်ပြီးတော့ ယခုလကုန်ထိ တင်သွင်းခွင့်ပေးထားတဲ့အတွက်ကြောင့် တင်ပို့မှုကလည်း ရှိနေတာဖြစ်ပါတယ်။တင်ပို့မှု ကာလ သတ်တမ်းကလက်ရှိအချိန်ထိမတိုးသေးတဲ့အတွက် ဝယ်ယူမှုကို ပြန်ထိန်းမှုကြောင့်ဈေးက ပြန်အေးသွားနိုင်ခြေရှိတယ်လို့ကုန်သည်တွေက သုံးသပ်ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်းဆက်တိုက်ဈေးမြင့်တက်နေပါတယ်။အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ထွက်ရှိမှုနှုန်းလျော့နည်းမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပဲခွဲစက်တွေက ဝယ်ယူမှုရှိနေလို့ဈေးတက်နေခဲ့တာဖြစ်တယ်လို့ အိန္ဒိယသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းမှာတော့ ငွေလဲနှုန်း မြင့်တက်နေမှုလည်း ရှိနေပြီး မတ်လအကုန်ထိ တင်သွင်းခွင့်ရရှိထားလို့ အဝယ်သွက်နေပါတယ်။
တင်ပို့မှုတွေပြီးတဲ့အချိန်မှာတော့ ဈေးက ပြန်လည်တည်ငြိမ်မယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ အသစ်တွေဈေးကွက်ထဲကို ဝင်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ ဈေးတက်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှု ရှိနေလို့အသစ်တွေ ဝင်နေပေမယ့် ဈေးမြင့်တဲ့အနေအထားရှိနေပါတယ်။ လလယ်လောက်မှာ လှိုင်လှိုင် ဝင်လာတော့မှာဖြစ်လို့ ဈေးက ဆက်ပြီးကျဆင်းနိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ဈေးကွက်ထဲကို နေ့စဉ် တန်ချိန် တစ်သိန်းနီးပါးပြန်လည်ဝင်ရောက်နေပြီဖြစ်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တရုတ်အဝင်နည်းသွားတဲ့အတွက်ဈေးတက်လာပေမယ့် ရှမ်းကြက်သွန်ဖြူတွေကတော့အသစ်တွေ ဆက်တိုက်ဈေးကွက်ထဲ ဝင်နေလို့ ဈေးက ပြန်ကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ခင်စန်းရီ
လွန်ခဲ့သော ၄ နှစ် ကဒီထဲမှာပဲ နေ့စဉ်သီးနှံ ဈေးနှုန်း ဆိုတာ ပါတယ်။ အဲ့မှာ နေ့ရွေး ဒိုင်ရွေးပြီး ကြည့်လို့ရ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကယနေမတ်ပဲဈေး
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကဈေးနှုန်းများပါတင်ပြပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026