ပြည်တွင်းရောင်းလိုအား တက်လာမှုကြောင့် အိန္ဒိယ၊ ဗီယက်နမ်တို့၏ ပြည်ပဆန်တင်ပို့ဈေးများ ကျဆင်း
အိန္ဒိယနဲ့ ဗီယက်နမ်မှာ ဆန်ရောင်းလိုအားတွေ မြင့်တက်လာတာကြောင့် ယခုအပတ်အတွင်း ပြည်ပကို တင်ပို့တဲ့ဆန်ဈေးတွေ ကျဆင်းလာပါတယ်။
ဗီယက်နမ်နိုင်ငံကတော့ လာမယ့်လတွေအတွင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နဲ့ သီရိလင်္ကာနိုင်ငံတွေဆီက ဆန်မှာယူမှုအသစ်တွေ ရရှိလာမယ်လို့ မျှော်လင့်နေပါတယ်။
ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယရဲ့ ငါးမှတ်ပေါင်းဆန်ဈေးတွေဟာ အရင်အပတ်ကတစ်တန်ကို ၃၆၄-၃၆၈ ဒေါ်လာကြား ရပ်တည်ခဲ့ရာကနေ ယခုအပတ်မှာ ၃၆၁ ကနေ ၃၆၅ ဒေါ်လာကြားကို ကျဆင်းလာပါတယ်။ ရူပီးငွေတန်ဖိုး အားပျော့လာတာက ပို့ကုန်ဈေး ကျဆင်းဖို့ကို အားပေးခဲ့တာပါ။
"ဝယ်လိုအားက ကောင်းပါတယ်။ ဒါပေမဲ့ ရူပီးဈေးကိုလိုက်ပြီး ဆန်ဈေးက ကျဆင်းလာတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဆန်ရောင်းလိုအားလည်း မြင့်တက်ခဲ့ပါတယ်" လို့ အိန္ဒိယတောင်ပိုင်း အန္ဓရပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဗီယက်နမ်မှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ လယ်သမားတွေက နွေဦးစပါး ၉၀ ရာခိုင်နှုန်းကို ရိတ်သိမ်းထားပြီးနောက် ပြည်တွင်းဆန်ရောင်းအား အလျှံပယ်ဖြစ်လာတာကြောင့် ဗီယက်နမ် ငါးမှတ်ဆန်ဈေး ယခင်အပတ်က တစ်တန်ကို ၄၂၀-၄၂၅ ဒေါ်လာ ရှိခဲ့ရာကနေ ယခုအပတ် ကြာသပတေးနေ့က ၄၁၅ ဒေါ်လာထိ ကျဆင်းလာပါတယ်။
လာမဲ့လတွေအတွင်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နဲ့ သီရိလင်္ကာဈေးကွက်တွေဆီက ဝယ်လိုအား ကောင်းလာမှာကြောင့် ဗီယက်နမ်ပို့ကုန် မြင့်တက်လာမယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်းက မျှော်မှန်းကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေက ရေးသားဖော်ပြပါတယ်။
ဧပြီလအတွင်း ဟိုချီမင်းစီးတီးဆိပ်ကမ်းကနေ ဆန် ၂၉၁၆၉၀ တန် သင်္ဘောတင်ခဲ့ပြီး အများစုက ဖိလစ်ပိုင်နဲ့ ကျူးဘားဈေးကွက်ကို ဦးတည်ကြောင်း ကနဦးပို့ကုန်စာရင်းတွေက ပြသနေပါတယ်။
ထိုင်း ငါးမှတ်ဆန်ဈေးကတော့ ပြီးခဲ့တဲ့နှစ်ပတ်အကြာကဈေး ၄၀၈-၄၁၂ ဒေါ်လာထက် အနည်းငယ်မြင့်တက်ကာ ဒီတစ်ပတ်မှာ ၄၁၀-၄၁၄ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းအကျဉ်း ဖြစ်ပေမဲ့ ခြုံကြည့်ရင်တော့ ဈေးကွက်အေးနေတယ်လို့ ထိုင်းဆန်ကုန်သည်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ဇန်နဝါရီကနေ ဖေဖော်ဝါရီအတွင်း ဆန်တန်ချိန် ၁ ဒသမ ၁ သန်း တင်ပို့ခဲ့ရာ နှစ်အလိုက် ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ယခုလအစောပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ စပါးအထွက် ကောင်းသလို ဆန်အများလည်း တင်သွင်းထားတာကြောင့် အရန်ဆန်တောင့်တင်းနေပေမဲ့ ပြည်တွင်းဆန်ဈေးတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အစိုးရက နွမ်းပါးပြည်သူတွေအတွက် သက်သာဆန်တွေ ရောင်းချပေးလျက်ရှိပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: ASIA RICE-INDIA, VIETNAM EXPORT RATES FALL ON RISING SUPPLIES - Reuters
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
naMishel
လွန်ခဲ့သော ၄ နှစ် ကယခု
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....