ပြည်ပတင်ပို့မှုများရှိနေခြင်းကြောင့် ဆန်ကြမ်းဈေးများတက်
ပြည်ပတင်ပို့မှုတွေရှိနေတဲ့အတွက် ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းဈေးတက်နေပြီး ဆန်ချောထဲမှာတော့ ပေါ်ဆန်းဈေးကလွဲလို့ ကျန်တာတွေ ဈေးငြိမ်နေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့သတင်းအရ သိရပါတယ်။

နယ်ဈေးကွက်ဖြစ်တဲ့ ဧရာဝတီတိုင်းဈေးကွက်မှာတော့ စပါးဈေးက အမြင့်ဈေးနဲ့ ရှိနေပေမယ့် အခု နောက်ပိုင်းရက်တွေမှာတော့ အဝယ်လျော့နည်းလာလို့ အနည်းငယ် ဈေးပြန်ကျသွားတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ၉၀၀၀၀ကနေ ၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ဧည့်မထဆန်က တစ်အိတ်ကို ၄၃၅၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၄၈၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ဆန်သီးထပ်က တစ်အိတ်ကို ၄၆၀၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပထမတန်းစားစပါးက တင်း ၁၀၀ ကို ၁၅ သိန်း ၅ သောင်းကနေ ၁၇ သိန်းနီးပါးထိ ပေါက်ဈေးရှိနေပြီး ဆန်ကတော့ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေး ရှိနေပါတယ်။ ဒုတိယတန်းစားစပါးကတော့ တင်း ၁၀၀ကို ၁၃ သိန်းကနေ ၁၄ သိန်း ၅ သောင်းကြား ပေါက်ဈေးရှိနေပြီး ဆန်ကတော့တစ်အိတ်ကို ၄၀၀၀၀ ကနေ ၅၀၀၀၀ ကြားအရောင်း အဝယ်ရှိနေပါ တယ်။ ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင်တော့ တင်း ၁၀၀ ကို ၅ သောင်းကျော်လောက် ဈေးမြင့်တက်လာပါတယ်။
အချိန်အခါမဟုတ်မိုးတွေရွာတဲ့အတွက် မကြာခင်ထွက်ရှိလာမယ့် စပါးများ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိလာနိုင်မှာကို တောင်သူအများစုက စိုးရိမ်မှုများရှိနေပါတယ်လို့လည်း AMIA က ဆိုထားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....