စလင်းချောင်းရေကြီးမှုကြောင့် ချောင်းရိုးအနိမ့်ပိုင်းတစ်လျှောက်ရှိ ကြက်သွန်စိုက်ခင်းများ ပျက်စီး
ပြီးခဲ့တဲ့ရက်တွေအတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေဖြစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ စလင်းချောင်းအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ချောင်းရိုးအနိမ့်ပိုင်းတစ်လျှောက်ရှိ ကြက်သွန်စိုက်ခင်းများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွန်းရင်းအုပ်စုထဲက စလင်းချောင်း အနိမ့်ပိုင်းမြေတွေမှာ စိုက်ထားတဲ့ ကြက်သွန်စိုက်ခင်းပျက်စီးမှုတင် ဧက ၂၀၀ ခန့် ရှိတယ်လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။
“ ဒီချောင်းစမ်းခင်းမှာစိုက်တဲ့ ကြက်သွန်တွေအားလုံး၊ မျိုးထုတ်တဲ့မျိုးနှံအားလုံးဟာ တစ်ပင်တစ်လုံးမှရရှိခြင်း မရှိတော့ပါဘူးခင်ဗျာ။ ဒီစလင်းချောင်းရိုးတစ်လျှောက်က ချောင်းရေကြီးမှု ကြောင့် ခု ၂၀၂၂ ကြက်သွန်ရာသီမှာ တောင်သူများဆုံးရှုံးနစ်နာမှုကတော့ တစ်ပြားတစ်ချပ်မှကို ရရှိမယ့်အနေအထား မရှိတော့ပါဘူးခင်ဗျာ” လို့ ကျွန်းရင်းရွာက ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်လွင်ဦးက သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေကြီးနေတဲ့ ဗီဒီယိုဖိုင်နဲ့တကွ ပြောပြထားပါတယ်။

အခုလို ဆောင်းကြက်သွန်စိုက်ပျိုးသူတွေအနေနဲ့ မြေဆီဖိုး၊ စက်ဆွဲခ၊ စိုက်ခ၊ ပျိုးခ၊ ရင်းနှီးခတွေတွက်ကြည့်ပါက ဝါးကွက်တစ်ရာ(ဝါးကွက်တစ်ကွက် ၁၀ တောင်ပတ်လည်ခန့်) ကို အနည်းဆုံး အရင်းအနှီး ငါးသိန်းအထက်ရှိပြီး ဧကနဲ့တွက်ရင်တော့ တစ်ဧက အရင်းအနှီး အနည်းဆုံး ၇ သိန်းခွဲကျော် ဆုံးရှုံးကြတာဖြစ်တယ်လို့ ကိုအောင်လွင်ဦးက ဆိုပါတယ်။
စလင်းချောင်းအတွင်း ဆောင်းကြက်သွန်စိုက်ခင်းတွေကို ဇန်နဝါရီ၊ ဖေဖော်ဝါရီ လောက်မှာ စတင်စိုက်ပျိုးကြတာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ ချောင်းရိုးအတွင်း ရေရှိလေ့မရှိဘဲ အခုကတော့ အချိန် အခါမဟုတ်မိုးတွေကြောင့် တောင်ကျရေတွေကတဆင့် ချောင်းအတွင်းရေကြီးရေဖုံးလွှမ်းမှုရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။
အခုပျက်စီးတဲ့စိုက်ခင်းတွေဟာ ချောင်းရိုးအတွင်း အနိမ့်ပိုင်းမှာစိုက်ထားတဲ့အခင်းတွေဖြစ်ပြီး ကုန်း ပိုင်းတွေမှာ စိုက်ထားတဲ့စိုက်ခင်းတွေကတော့ ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။

“ စလင်းချောင်းက ရေစီးသန်တယ်ဗျ။ ဒါပေမဲ့ နွေဘက်ဆိုရင်တော့ ရေလာရိုးမရှိဘူး။ ခုဟာက မမျှော်လင့်တဲ့ ပြဿနာပေါ့” လို့ စလင်းမြို့နယ်ဘက်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူ စိုက်ပျိုးရေးပညာ ရှင် ဦးသာပိုက ပြောပါတယ်။
ချောင်းရေကြီးတာက အရှိန်နဲ့တိုက်စားသွားတာဖြစ်လို့ ပြန်လည်ကုစားဖို့ခက်ပြီး မြစ်ရေဖုံးတာမျိုး ဆိုရင်တော့ ဆိုးဆိုးရွားရွားမျိုးမဟုတ်ရင် ပြန်လည်ကုစားနိုင်တယ်လို့ ဦးသာပိုက ရှင်းပြပါတယ်။
“ မြစ်ရေလိုမျိုးဆိုရင်တော့ တဖြည်းဖြည်းတိုးတာမျိုးဆိုတော့ ရေပြန်ကျသွားလို့ အခြေအနေ မဆိုး သေးရင် ပြန်ကုစားလို့ရနိုင်သေးတယ်။ နုန်းတွေကို လူအားနဲ့ဖယ်ပစ်တာမျိုး။ ထွန်ခြစ်နဲ့ ဆွဲပစ်တာ မျိုးပေါ့။ ပြီးရင် အပင်တွေပေါ် နုန်းတွေရှိနေရင် ဆေးဖျန်းပုံးနဲ့ရေဆေးချ။ နုန်းစင်သွားရင် မန်ကိုဇက်လို မှိုသတ်ဆေးတစ်မျိုးမျိုးဖျန်း၊ ငါးရက်လောက်နေရင် အားဆေးတစ်မျိုးမျိုးလိုက်။ ဒါဆို ရင်တော့ ပြန်ထောင်နိုင်တယ်။ ချောင်းရေကတော့ အပင်တွေကို တိုက်စားပစ်တာမျိုးဆိုတော့ ပြန်ကုစားလို့ မရဘူး” လို့ ဦးသာပိုက ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ဆင်တဲဝချောင်းဘက်မှာလည်း ရေကြီးမှုကြောင့် ချောင်းရိုးတစ်လျှောက်ရှိ ကြက်သွန်စိုက်ခင်းအချို့ ရေနစ်မြုပ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၀ ရက်ကစလို့ မြန်မာနိုင်ငံကို ဖြတ်သန်းခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်အားလုံးရှိ ဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ဈေးကွက်မှာ လက်ကားဈေးအနေနဲ့ ကြက်သွန်တစ်ပိဿာကို ကျပ် ၈၅၀ ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံခရက်ဒစ် - သားဘုန်း နှင့် Aung Lwin Oo FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....