ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု ၈ လအတွင်း အမြင့်ဆုံးရောက်
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၄၀၃၇.၆ မက်ထရစ်တန်ရှိခဲ့ပြီး ဒါဟာ ဧပြီလ ကစလို့ ပြီးခဲ့တဲ့ ၈ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စုစုပေါင်း ကုမ္ပဏီ ၄၁ ခုက တင်ပို့ခဲ့တာဖြစ်ပြီး ဆန်တင်ပို့မှု ၁၇၉၈၅၂.၆ မက်ထရစ်တန်၊ ဆန်ကွဲတင်ပို့မှု ၈၄၁၈၅ မက်ထရစ်တန်ဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ကနေတင်ပို့မှုဟာ ၈၄၁၈၅ မက်ထရစ်တန်သာ ရှိခဲ့ပြီး ကျန်တဲ့ ၁၈၅၆၇၈.၆ မက်ထရစ်တန်ကိုတော့ သင်္ဘောနဲ့ပင်လယ်ဖြတ်ကျော်တင်ပို့ခဲ့တာပါ။
ပြည်ပဝင်ငွေအနေနဲ့တော့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၆ သန်းရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ စုစုပေါင်း ၁၆၃၁၈၈ မက်ထရစ်တန်သာတင်ပို့ပြီး ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်းသာ ရခဲ့တဲ့ အောက်တိုဘာလနဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၄၁ သန်း ပိုများလာတာဖြစ်ပါတယ်။

ဆန်တင်ပို့မှုအနေနဲ့ စုစုပေါင်း ၂၄ နိုင်ငံကို တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ကာ စုစုပေါင်း ၈၇၇၁၀ မက်ထရစ်တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ တရုတ်နိုင်ငံ ဖြစ်ပြီး စုစုပေါင်း ၄၉၆၈၅ မက်ထရစ်တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တတိယအများဆုံးအဖြစ်တော့ ဖိလစ်ပိုင်နိုင်ငံကို ၂၂၀၆၀ မက်ထရစ်တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ပြည်ပကနေ ဆန်ကွဲဝယ်ယူမှုအများဆုံးကတော့ ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံဖြစ်ပြီး စုစုပေါင်း ၅၆၃၄၅ မက်ထရစ်တန် တင်ပို့ခဲ့ရပါတယ်။ တရုတ်နိုင်ငံဘက်ကိုတော့ ဆန်လိုပဲ ဒုတိယအများဆုံး တင်ပို့ ခဲ့ရပြီး စုစုပေါင်း ၂၃၇၅၀ မက်ထရစ်တန်ဖြစ်ပါတယ်။ ဆန်ကွဲတင်ပို့မှုအနေနဲ့တော့ စုစုပေါင်း ၁၀ နိုင်ငံသာ ရှိတာဖြစ်ပါတယ်။
#ပြီးခဲ့တဲ့မုတ်သုံရာသီမှာ ရာသီဥတုဖောက်လို့ အိန္ဒိယနိုင်ငံမှာ စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု ကျဆင်းခဲ့ တာကြောင့် အစိုးရက ပြည်ပဆန်တင်ပို့မှုအပေါ် တားဆီးကန့်သတ်မှုတွေပြုလုပ်လိုက်တဲ့အတွက် အခြား နိုင်ငံတွေဆီကနေ ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်တက်လာနေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့ ဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့တစ်ပတ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။
Photos Crd_MRF
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ရင်နု
လွန်ခဲ့သော ၃ နှစ် ကလယ်သမားအများစုကမြေသြဇာနဲ့စက်သုန်းဆီစျေးနှုန်းကသုန်းစငါးစတက်နေတော့ဒီနှစ်ကအရှုံးပြနေပါတယ်ဆရာတို့ခင်များ
မြင့် မြင့် သိန်း
လွန်ခဲ့သော ၃ နှစ် ကမြန်မာ့ Export ကြောင့် လယ်သမားတွေ ဘယ်လောက် အကျိုးအမြတ်ရပါသလဲ...
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026