ဆန်အချို့ ဈေးထပ်တက်၊ ပဲဆီဈေးပြန်တက်၊ ပဲစင်းငုံနီ တစ်တန် သိန်း ၂၀ နားကပ်
ဒီတစ်ပတ်ဈေးအဖွင့် ဒီနေ့မှာတော့ ဆန်အမျိုးအစားတချို့ ဈေးထပ်တက်လာပြီး ပဲဆီဈေးလည်း ပြန်တက်လာကာ မတ်ပဲကော ပဲစင်းငုံကော ဈေးတွေ ထပ်မြင့်တက်လာတာ ဖြစ်ပါတယ်။

ဆန်ကြမ်းတွေထဲက ဧည့်မထဆန်ဟာ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့သောကြာနေ့ (ဩဂုတ် ၂၆ ရက်) က ၁ တင်းခွဲ တစ်အိတ်ကို ၃၈၀၀၀-၃၉၀၀၀ ကျပ် ဈေးရှိရာကနေ ဒီနေ့မှာတော့ ၃၉၀၀၀ - ၄၁၀၀၀ ဖြစ်သွားပါတယ်။ ငစိန်ဆန်(သစ်)ဟာလည်း ၃၅၀၀၀ - ၃၆၀၀၀ ကနေ ၃၇၀၀၀ - ၃၉၀၀၀ ဖြစ်သွားပြီဖြစ်ပါတယ်။
ဆန်ချောတွေထဲကတော့ ပေါ်ကျွဲဖျာပုံ(သစ်)က သိသိသာသာ ဈေးတက်ပါတယ်။ ၄၅၀၀၀ - ၄၈၀၀၀ ဈေးကနေ ၅၃၀၀၀ - ၅၅၀၀၀ ဈေးဖြစ်သွားတာပါ။ ရွှေဘိုပေါ်ဆန်း(သစ်)ကတော့ ၇၈၀၀၀ - ၉၁၀၀၀ ကြား ဈေးရှိရာကနေ ၈၃၀၀၀ - ၉၁၀၀၀ ဈေး ဖြစ်သွားပါတယ်။
မတ်ပဲကော၊ ပဲစင်းငုံကောကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်ပြန်အေးသွားပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတွေ သိသိသာသာ ပြန်တက်လာပြီး ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း ၂၀ နားကပ်သွားပြီဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက် ဩဂုတ် ၂၉ ရက် မတ်ပဲ၊ ပဲစင်းငုံဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- မတ်ပဲ (FAQ/RC) တစ်တင်း ၆၁၇၃၅ (၁ တန် - ၁၉၂၀၀၀၀ ကျပ်)
- မတ်ပဲ (SQ/RC) တစ်တင်း ၇၁၃၈၀ (၁ တန် - ၂၂၂၀၀၀၀ ကျပ်)
- ပဲစင်းငုံနီ (အာစီ) တစ်တင်း ၆၃၉၉၀ (၁ တန် - ၁၉၉၀၀၀၀ ကျပ်)
မြေပဲဆံဈေးကျဆင်းမှုကြောင့် ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်ပြန်ကျ သွားတဲ့ ပြည်တွင်းမြေပဲဆီဈေးနှုန်းတွေလည်း ဒီတစ်ပတ်မှာ ပြန်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်သောကြာနေ့ (ဩဂုတ် ၂၆ ရက်) က တစ်ပိဿာ ၁၂၅၀၀ - ၁၃၅၀၀ ကျပ် ကြားရှိနေရာကနေ ဒီနေ့မှာတော့ ၁၃၅၀၀ - ၁၄၀၀၀ ဖြစ်သွားတာ ဖြစ်ပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးကျော်ကျော်
လွန်ခဲ့သော ၃ နှစ် ကမြေပဲဆန်ဘယ်ဈေးလဲ ရန်ကုန်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026