ပေါ်ဆန်းဆန်အားလုံး တစ်အိတ် ကျပ်တစ်သိန်းကျော်ပြီ..
ဒီတစ်ပတ်ဈေးကွက်အဖွင့် ဒီနေ့ ဩဂုတ် ၁၄ ရက် ရန်ကုန် ဝါးတန်းဈေးကွက်မှာ ရက် ၉၀ (ရှယ်) ဆန်ကလွဲလို့ ကျန်တဲ့ဆန် အမျိုးအစားအားလုံး ဈေးတွေဆက်တက်လာပြီး ပေါ်ဆန်းအမျိုးအစားဆန်အားလုံး တစ်အိတ်ကို ကျပ်တစ်သိန်းအထက် ဈေးဖြစ်သွားတာပါ။
ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်ထွက်မယ်ဆိုတဲ့ ဗဟိုဘဏ်ကြေညာချက်ထွက်အပြီး နောက်တစ်နေ့ ဇူလိုင် ၂၄ မှာကတည်းက တက်လိုက်တဲ့ဆန်ဈေးဟာ အပတ်စဉ်တိုင်း ဆက်ကာ ဆက်ကာနဲ့ လေးပတ်ဆက်တိုက် တက်လာတာဖြစ်ပါတယ်။
ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ ကြည့်နိုင်ပါတယ်။ (အပြောင်းအလဲဖြစ်သွားတဲ့ဈေးနှုန်းတွေကို အနီရောင်နဲ့ ဖော်ပြပေးထားပါတယ်)

ပြည်တွင်းဆန်စျေးကော စပါးဈေးကော ဆက်တိုက်မြင့်တက်နေတာဖြစ်ပြီး စံချိန်တင်ဈေးတန်း တစ်ခုကို ရောက်နေပြီလို့ ဆန်ကုန်သည်တွေကဆိုကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက် သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) နဲ့ ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်များ/ဆန်ကုန်သည်များစုပေါင်းပြီး ဧည့်မထဆန်တွေအတွက် အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နဲ့ ၆၅၀၀၀ နှစ်မျိုး၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် ကျပ် ၉၄၀၀၀၊ ရွှေဘိုပေါ်ဆန်းရှယ် တစ်အိတ်လျှင် အမျိုးအစားအလိုက် ကျပ် ၁၁၀၀၀၀ နဲ့ ၁၂၀၀၀၀ နှစ်မျိုး စသဖြင့် ရောင်းချပေးတာမျိုးတော့ ရှိပါတယ်။
ဒီလိုရောင်းချပေးရာမှာ လူတစ်ယောက်မှတ်ပုံတင် ၁ ခုလျှင် တစ်လကို ပေါ်ဆန်းအမျိုးအစား ဆန် ၁ အိတ်နဲ့ ဧည့်မထအမျိုးအစား ဆန် ၁ အိတ် လွတ်လပ်စွာဝယ်ယူသွားနိုင်မှာဖြစ်တယ်လို့ MRF က ထုတ်ပြန်ထားပြီး ယနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းမှာ MRF ထံ ဆက်သွယ်မေးမြန်းချက်အရ တော့ ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ဝယ်လို့ရသေးကြောင်းနဲ့ ဈေးနှုန်းအပြောင်းအလဲမရှိသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
နိုင်ငံခြားငွေစျေးမတည်ငြိမ်မှုနဲ့အတူ စားသုံးဆီစျေးဟာလည်း ခုရက်ပိုင်း သိသိသာသာ မြင့်တက်သွားတာဖြစ်ပါတယ်။
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ရင်နု
လွန်ခဲ့သော ၂ နှစ် ကပေါ်ဆန်းဆန်မမဟုတ်ဧရာပဒေသာကိုတသိန်းကျော်နေပါပြီရှင်ကျမတို့ဆင်းရဲသားတောင်သူတွေမှာမနောသုခရိုးရိုးတောင်မှသိန်းဂဏန်းကပ်နေပါပြီရှင့်
မောင်မိုးကြည်
လွန်ခဲ့သော ၂ နှစ် ကတည်တော၂
ULaDoi
လွန်ခဲ့သော ၂ နှစ် ကတက်ချင်သလောက်သာသက်နေပါစေတော့ထမင်းမတတ်နှိင်တော့လဲဆန်ပြုတ်ပေါ့ဘယ်တတ်နှိင်မလဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026