စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀ အထက် သိုလှောင်ရုံများ စာရင်းကောက်တော့မည်
သိုလှောင်ရုံတစ်နေရာမှာ စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀ အထက်ပိုပြီးသိုလှောင်မှုပါက စာရင်းပြုစု တင်ပြရန်နဲ့ ဒါနဲ့ပတ်သက်လို့ တိုင်းဒေသကြီးတချို့မှာ စတင်စာရင်းကောက်သွားတော့မယ်ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဒီနေ့ ဇွန် ၂၁ ရက်ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
‘စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဆန်စပါးဈေးကွက်တည်ငြိမ်မှန် ကန်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်းပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှနေ၍ စီစဉ်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်သော ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြ ဆောင်ရွက် နိုင်မည့် Online Registration စနစ် (MyRO) ကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် အတွင်း မကြာမီ စတင်အသုံးပြုနိုင်မည်ဖြစ်ကာ သိုလှောင်ရုံများအား Digital Certificate ထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရန် စီစဉ်လျက်ရှိကြောင်း’ စသဖြင့် MRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
‘MyRO Online Registration စနစ် ပြင်ဆင်တည်ဆောက်နေချိန်တွင် စာရင်းကောက်ယူမှု လုပ်ငန်း များကို ကြိုတင်ဆောင်ရွက်ထားသည့်အနေဖြင့် Trial Operation (စမ်းသပ်လုပ်ဆောင်မှု) အဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့၌ ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် သိုလှောင်မှုအခြေအနေများကို စတင်ကောက်ခံ စာရင်းပြုစုသွားမည် ဖြစ်ပါသည်’ လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
အသေးစိတ်ကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီလိုလုပ်မှာဖြစ်တဲ့အတွက်...
သိုလှောင်ရုံ/သိုလှောင်မှုလုပ်ငန်းအလိုက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းဇယားများနဲ့ အပတ်စဉ်၊ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းချုပ်များ ပြုစုထားရှိရန်၊
ပူးတွဲလျှောက်လွှာပုံစံဖြင့် အချက်အလက်များ ဖြည့်သွင်းတင်ပြမှုကို ဇွန်လ ၂၆ ရက် နေ့ အပြီးတင်ပြရန်နှင့် သိုလှောင်ရုံကွင်းဆင်းစစ်ဆေးအတည်ပြုမှုကို စားသုံးသူရေးရာဦးစီးဌာနနှင့် အသင်း ချုပ်တို့၏ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းစိစစ်မှုအတွက် ကြိုတင်ပြင်ဆင်ထားရန်၊
စာရင်းပြုစုခြင်း၊ သိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်နေစဉ်ကာလဖြစ်ပါသဖြင့် အရောင်းအဝယ် ဆိုင်ရာစာရင်းများ၊ ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်
စသဖြင့်လည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရန် လျှောက်လွှာပုံစံကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။


အရင်တုန်းကတော့ ဒီလိုဆန်စပါးသိုလှောင်မှုနဲ့ပတ်သက်လို့ စာရင်းကောက်ခံတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
Photos Crd_MRF
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko myint thu
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်အမြင်ပြောရရင်တော့သိပ်ထိရောက် မယ်မထင်ဘူး.ကုန်သယ်တွေကလူနာမည်တွေ ခွဲပီးမှတ်ပုံတင်ကြမယ်ထင်ပါတယ်.တစ်ဦးထဲပိုင်တာကိုဆယ်ဦးလောက်ခွဲပီးလုပ်နာမည်တပ်ထားရင်ရောဘယ်လိုလုပ်မလည်း.
ကိုမျိုးကျော်
လွန်ခဲ့သော ၃ နှစ် ကဗဟုသုတအနေဖြင့်သော်လည်းကောင်း
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....