တရုတ်အပြင် ပြည်တွင်းဝယ်လိုအားပါ ကောင်းနေ၍ စိန်တစ်လုံးသရက်များ ဈေးကောင်းရနေ
တရုတ်နိုင်ငံဘက်က ဝယ်နေသည့်အပြင် ပြည်တွင်းမှာပါ ဝယ်လိုအားကောင်းနေသည့်အတွက် မြန်မာ့စိန်တစ်လုံးသရက်များ ဈေးကောင်းရရှိနေကြောင်း မြန်မာသရက်စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှအထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
မူဆယ်ဈေးကွက်၌ အလုံးရေ ၄၀ မှ ၅၀ အတွင်း ပါရှိသည့် ၁၆ ကီလိုတစ်ခြင်းလျှင် အနိမ့်ဆုံး ၁၀၀ ယွမ်မှ ၁၂၀ ယွမ် ပတ်ချာလည်နှင့် အမြင့်ဆုံး ၁၃၀ ယွမ်မှ ၁၄၀ ယွမ်ပတ်ချာလည်(မြန်မာကျပ်ငွေ ငါးသောင်းမှခြောက်သောင်းဝန်းကျင်) ရရှိနေပြီး ပြည်တွင်းဈေးကွက်၌လည်း ၁၆ ကီလို တစ်ခြင်းလျှင် ကျပ်သုံးသောင်းမှ ငါးသောင်းဝန်းကျင်အထိ ဈေးနှုန်းရရှိနေခြင်းဖြစ်သည်ဟု သိရသည်။
" သရက်ဈေးကွက်အခြေအနေကတော့ အခုလောလောဆယ်က ကောင်းနေပါတယ်။ လက်လီဈေးကွက်ကော၊ လက်ကားဈေးကွက်ကော ကောင်းတယ်။ ဈေးကတော့ တရုတ်နဲ့ပြည်တွင်းသိပ်မတိမ်းမယိမ်းပဲ။ လေးငါးခြောက်သောင်းပတ်ချာလည်ပဲ သွားနေကြတယ်။ တရုတ်ပြည်ကလည်း အဲ့ဒီလောက်ပဲ သွားနေတာပဲ။ အများနဲ့အနည်းပဲ ကွာတယ်။ တချို့ကလည်း ရန်ကုန်ဈေးကွက်တို့ နယ်ဈေးကွက်တို့ ပြန်ပို့တာတွေ ရှိပါတယ်" ဟု ဦးကျော်စိုးနိုင်က ပြောသည်။
လတ်တလောတွင် မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့်သရက်သီးများအား ပြည်တွင်းအပြင်တရုတ်နိုင်ငံသို့ မူဆယ်ဈေးကွက်မှတစ်ဆင့်တင်ပို့နေခြင်းဖြစ်ပြီး ဧပြီလလယ် သင်္ကြန်ကာလမစတင်မီမှစတင်၍ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
" တရုတ်ကို စပို့တာက သင်္ကြန်မတိုင်ခင်ကပ်ရက်ကလေးကစပြီး ပို့ကြတယ်။ အခုလောလော ဆယ်လည်း ဆက်ပို့နေကြတယ်။ အမှန်ကတော့ အခုနောက်ပိုင်းမှ တရုတ်ကိုတင်ပို့မှုတွေ များလာတာပါ။ တက်လာတာပေါ့ဗျာ။ တရုတ်ရဲ့ ဝယ်လိုအားကလည်း ကောင်းပါတယ်" ဟု ဦးကေျာ်စိုးနိုင်က ဆိုသည်။
ပြည်တွင်းမှထွက်ရှိသည့် စိန်တစ်လုံး၊ ပတ္တမြားငမောက်စသည့် ဈေးကွက်ဝင် အရည်အသွေးကောင်းသရက်များအား ပြည်တွင်းသုံးအပြင် ပြည်ပနိုင်ငံများသို့ပါ အဓိကတင်ပို့လေ့ရှိပြီး သရက်သီးအကြမ်းသီးများကိုမူ သရက်ကင်းနှင့်ပြည်တွင်းသရက်ချဉ်လုပ်ငန်းများအတွက် အများဆုံးအသုံးပြုလေ့ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် သရက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး အခြားတိုင်းနှင့်ပြည်နယ်အနှံ့အပြား၌လည်း စိုက်ပျိုးကြခြင်းဖြစ်ကာ ဧပြီလဆန်း၌ စတင်အသီးထွက်လေ့ရှိကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ကိုမောင်နိုင်
လွန်ခဲ့သော ၃ နှစ် ကသီဟိုဠ်သရက် ဈေးကွက် အခြေနေလေးသိချင်ပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နန္ဒီ
အားလုံး