အစိမ်းရောင်လမ်း
ပဲအများစု ဈေးဆက်တက်

ပဲအများစု ဈေးဆက်တက်

AMIA
AMIA 18/03/2022

စွန်တာ

စွန်တာပဲကတော့ ဒီတစ်ပတ်မှာ ဈေးပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိဈေးတက်ပေမယ့် အဝင်များလာတဲ့အတွက် ဈေးကလျော့နည်းသွားတာဖြစ်တယ်လို့သိရပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ပြန်ကျဆင်းသွာပေမယ့် နယ်ဈေးကွက်တွေမှာတော့ အဝယ်သွက်နေပြီးဈေးမြင့်နေပါတယ်။ အိန္ဒိယနိုင်ငံကို  တင်သွင်းခွင့်ကာလက ပြည့်တော့မှာ ဖြစ်လို့ ဝယ်ယူမှု တန့်သွားတဲ့အတွက်ဈေးပြန်ကျဆင်းသွားခဲ့သလို ငွေဈေးအနည်းငယ်လျော့ နည်းသွားလို့ လည်းဈေးကကျဆင်းသွားခဲ့ပါတယ်။လက်ရှိအချိန်ထိ တင်သွင်း ခွင့်ကာ လနဲ့ ပတ်သတ်ပြီး တိုး မြင့်မှု ရှိမရှိကိုကုန်သည်တွေကလည်းစောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါ တယ်။

ဈေးကွက်အတွင်း အမြင့်ဈေးနဲ့ ဝယ်ယူသိုလှောင်မှုတွေကလည်း ပဲဈေးကို တက်လာနေပြီး မတ်ပဲဈေးက လက်ရှိပေါက်ဈေးထက် တက်နိုင်ခြေ လျော့နည်းလို့ ထိန်းဝယ်ယူမှုတွေ ပြုလုပ်သင့်တယ် လို့ ကုန်သည်ကြီးတွေက ဆိုပါတယ်။

စီးပွားကူးသန်းစာရင်းအရ ၆ လအတွင်း မတ်ပဲ တင်ပို့မှုက အများဆုံးရှိနေတယ်လို့သိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ထပ်တက်လာပါတယ်။အိန္ဒိယနိုင်ငံမှာလည်း ထွက်ရှိမှုနှုန်း လျော့နည်းမယ်လို့ ထုတ်ပြန်ထားမှုတွေကြောင့် ပဲခွဲစက်တွေက အဝယ်လိုက်နေပြီး ဆက်တိုက် ဈေးမြင့် တက်မှုတွေရှိနေပါတယ်။မြန်မာပြည်တွင်းမှာတော့ ပြည်တွင်းလက်ကျန်ကလည်းလျော့နည်းနေပြီး တင်ပို့ခွင့်ကာ လ က ယခုလကုန်ပြည့် သွားတဲ့အတွက် ဝယ်ယူမှုစောင့်ကြည့်နေလို့ဈေးက အများကြီး တက်တာမျိုး မရှိပါဘူး။

တင်ပို့မှုကတော့ပြီးတဲ့အချိန် မှာတော့ ဈေးက ပြန်လည် တည်ငြိမ်မယ်လို့ကုန်သည်တွေက သုံးသပ်ထားပေမယ့် တင်ပို့မှုသက်တမ်းဆက်တိုးရင်တော့ ဈေးက ပြန်တက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကုလားပဲ

ကုလားပဲဈေးကလည်း ဆက်တိုက်တက်နေပါတယ်။ပဲမျိုးစုံဈေးတက်မှုနဲ့အတူ အဝယ်တွေသွက်နေတဲ့ အတွက်ဈေးက ဆက်တိုက်တက်နေတာဖြစ်တယ်လို့သိရပါတယ်။

အခြားသီးနှံမျိုးစုံရဲ့ ဈေးနှုန်းတွေကိုတော့ ဒီလင့် https://greenwaymyanmar.com/market-price ကနေ ဝင်ကြည့်နိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

kaung foxy

kaung foxy

လွန်ခဲ့သော ၁၁ လ က

စွန်တာပဲကို နောင်တစ်မျိုးဘယ်လိုခေါ်သေးလဲ

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....