အစိမ်းရောင်လမ်း
ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်အဆင့် စိုက်ပျိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ထား

ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်အဆင့် စိုက်ပျိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ထား

AMIA
AMIA Greenovator 05/08/2019

ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်အဆင့် စိုက်ပျိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ထား

ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်အဆင့် စိုက်ပျိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ထားကြောင်း ပဲခူးတိုင်းဒေသကြီး အ စိုးရအဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ယခင်ကစိုက်ပျိုးရေးသင်တန်းများကို ပဲခူးမြို့နယ် (၁၀)မိုင် စိုက်ပျိုးရေးသင်တန်း ကျောင်း တစ်ခုတည်းတွင်သာ တက်ရောက်နေရသည့်အတွက် ခရိုင်နှင့် တိုင်းအဆင့်များတွင် သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရန် စီမံကိန်းလျာထားကာ လက်ရှိတွင် အင်းရွာစိုက်ပျိုးရေး သင်တန်းကျောင်းကို တိုင်း ဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ တိုင်းဒေသကြီးက နိုင်ငံတော်အတွက် အရေးပါတဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းဒေသကြီး တစ်ခု ဖြစ်ပါတယ်။ လယ်ယာစီးပွားရေးအတွက် ပြန်ကြည့်ရင် တစ်သီးစား၊ နှစ်သီးစား စိုက်ပျိုးနိုင်အောင် ပံ့ပိုး လုပ်ဆောင်ပေးနေသလို၊ တစ်ဖက်မှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဗဟုသုတတွေ ပြည့်စုံစွာသိရှိစေဖို့၊ စိုက် ပျိုးထုတ်လုပ်မှုတွေ မြင့်တက်လာစေဖို့ကို ရည်ရွယ်ပြီး ဒီသင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ် " ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

အဆိုပါ သင်တန်းကျောင်းတွင် အပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ ၄၀ ကို ၅ ရက်ကြာ သင်တန်းပို့ ချပေးသွားမည်ဖြစ်ပြီး၊ စိုက်ပျိုးနည်းပညာနှင့် အတတ်ပညာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးဝင်းက " ဒီလိုဖွင့်လှစ်ရခြင်းက တောင်သူလယ် သမားတွေအတွက် တော်တော်အကျိုးရှိပါတယ်။ မျိုးစေ့ ရွေးချယ်တာတွေကစလို့ စိုက်ပျိုးနည်းတွေ၊ စနစ်တကျ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

လင်းပြည့်(AMIA)

AMIA  Facebook Page မှ ကူးယူဖော်ပြပါသည်။

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....