အစိမ်းရောင်လမ်း
ပြည်ပသို့ ကုက္ကိုလ်သစ်ခွဲသားများ တင်ပို့ခွင့်မပြုကြောင်း အသိပေးစာထုတ်

ပြည်ပသို့ ကုက္ကိုလ်သစ်ခွဲသားများ တင်ပို့ခွင့်မပြုကြောင်း အသိပေးစာထုတ်

ရန်ကုန်၊ စက်တင်ဘာ ၂၆

   ကုမ္ပဏီများက ပြည်တွင်းရှိ ကုက္ကိုလ်သစ်ခွဲသားများကို ပြည်ပသို့ တင်ပို့ခွင့်လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ ကုက္ကိုလ်သစ်ခွဲသားများကို ပြည်ပသို့ တင်ပို့ခွင့်မပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးစာထုတ်ပြန်ထားသည်။

  သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုလျက်ရှိသည့် သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးများကို သဘာဝပတ်ဝန်းကျင်ရှုထောင့်မှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ကုက္ကိုလ်သစ်ခွဲသားများကို ပြည်ပသို့တင်ပို့ခွင့် မပြုကြောင်း အသိပေးစာထုတ်ပြန်ထားသည်။

   မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထားရှိသည့် သက်တမ်းရင့်ကုက္ကိုလ်ပင်ကြီးများသည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများကို နှစ်ပေါင်းများစွာအကာအကွယ်ပေးလျက်ရှိပြီး လူသားတို့ကို အကျိုးပြုလျက်ရှိသည့်အတွက် မျိုးသုန်းလျော့နည်းပျောက်ကွယ်မှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း အသိပေးစာတွင်ပါရှိသည်။

   ထို့ပြင် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်တောဥပဒေအရ ထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တားမြစ်သစ်ပင်အဖြစ် သစ်ပင်အမျိုးအစား ၅၂ မျိုးကို သတ်မှတ်ထားသည်။

   တားမြစ်လိုက်သည့်သစ်ပင်အမျိုးအစား ၅၂ မျိုးတွင် ကျွန်း၊ သစ်ခါး၊ သစ်ရှို၊ သင်္ကန်း (သင်္ကန်းရွှေ၊ သစ်သင်္ကန်း)၊ သင်္ကန်းနက် (သင်္ကန်းကျောက်)၊ သင်္ကန်းပွဲ (သင်္ကန်းမကလေးပင်)၊ တညင်ပျံ၊ ပျဉ်းကတိုး (ပျဉ်းပင်)၊ ရှား၊ ပိတောက်၊ ကညင်ဖြူ၊ ကညင် (ကညင်နီ၊ ကညင်ဝက်တောင်း) တို့ပါဝင်သည်။ 

အေးအေးမြင့်(ABM)

အောင်

အောင်

လွန်ခဲ့သော ၂ နှစ် က

ကျွန်းစိုက်ထာသည်ဒုခ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....