ဘိန်းအစားထိုးသီးနှံအဖြစ် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ပြောင်းတို့ကို တိုးမြှင့်တင်ပို့ခွင့် ရရှိရေးဆွေး နွေးထား
တရုတ်နိုင်ငံဘက်သို့ ဘိန်းအစားထိုးသီးနှံအဖြစ် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ပြောင်းတို့ကို တိုးမြှင့်တင်ပို့ခွင့် ရရှိရေး ဆွေးနွေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးကို လေးလတစ်ကြိမ် ကျင်းပဖို့ သဘောတူထားတယ်။ ဒီအစည်း အဝေးတွေကနေ ကုန်သွယ်ရေး အခက်အခဲတွေ၊ ဆောင်ရွက်မယ့် လုပ်ငန်းတွေကို အပြန်အလှန် ဆွေးနွေးနိုင် ဖို့ဖြစ်တယ်” ဟု ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးသန့်စင်မင်းက ပြောသည်။
ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှု အစည်းအဝေးအရ ကိုတာ သတ်မှတ်ထားသော သီးနှံများအနက် တစ်သျှူး ငှက် ပျောကို ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ တင်ပို့ခွင့်ပြုထားခြင်း၊ နှစ်နိုင်ငံ ပင်ရင်းသက်သေခံ လက်မှတ်ဆိုင် ရာများ ဆက်လက်ဆောင်ရွက်သွားရေး၊ လူ၊ တိရစ္ဆာန်နှင့် အပင်တို့တွင် ဖြစ်ပွားတတ်သော ကပ်ရောဂါများကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်၊ မြန်မာလုပ်သား လူဝင်လူထွက်ဆိုင်ရာများကို အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးထားကြောင်း သိရသည်။
လက်ရှိ ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံသားများ ဝင်ထွက်သွားလာလျက်ရှိသော နယ်စပ်ဖြတ်ကျော် ဂိတ်များမှ တ ရားဝင် ဖြစ်စေရန် စိစစ်ကြပ်မတ်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်း၏ အဓိက ပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲ၊ စပါးခွံ မီးသွေးတောင့်တို့ဖြစ်ပြီး သွင်းကုန်များမှာ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ မော် တော်ယာဉ် စသည်တို့ကို တင်သွင်းကြောင်း သိရသည်။
ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၆-၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်မှ ကန်ဒေါ်လာ ၆၄ဒသမ၀၉၄ သန်း၊ သွင်းကုန်မှ ကန်ဒေါ်လာ ၄၂ဒသမ၄၇၇သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်မှ ကန်ဒေါ်လာ ၈၅ဒသမ ၉၂၈သန်း၊ သွင်းကုန်မှ ကန်ဒေါ်လာ ၃၀ဒသမ၇၁၈သန်း စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၁၁၆ဒသမ ၆၄၆ သန်းခန့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင် တည်ရှိပြီး တရုတ်ပြည် ယူနန်ပြည်နယ်၊ ပေါင်စန်းခရိုင်၊ ထိန်ချုံးမြို့နယ်နှင့် အဓိက ကုန်သွယ်လျက်ရှိကြောင်း သိရသည်။
ဇာလင်းသူ(AMIA)
Source - AMIA Facebook page
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026