အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ

ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ

တနင်္သာရီတိုင်းဒေသကြီး အနီးတစ်ဝိုက်အတွင်း ကွမ်းသီးအစိုအခြောက် အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေကြောင်း ကွမ်းသီးဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

"ကွမ်းစားသုံးမှု များတဲ့အတွက် ကွမ်းသီးဈေးကွက်ကတော့ အမြဲတမ်းရှိပါတယ်။ ကျွန်တော်တို့ ထားဝယ်မှာတင် ကွမ်းသီးအဝယ်ဒိုင်တွေ ရှိတယ်။ ကုန်သည်ပွဲစားတွေကလည်း ဝယ်ယူပါတယ်။ ကွမ်းသီးအနုလေးတွေကိုတော့ တရုတ်ဘက်က ဝယ်လိုအားရှိပြီး ကွမ်းသီးအခြောက် ပါကင်တွေကိုတော့ အိန္ဒိယဘက်က ဝယ်ယူလေ့ရှိပါတယ်။ တောင်သူတိုက်ရိုက် ပြည်ပဈေးကွက်ရှာပြီး ရောင်းချတာမျိုးတော့ သိပ်မရှိကြပါဘူး။ ကုန်သည်ပွဲစားတွေ ကွမ်းသီးဒိုင်တွေကတဆင့်ပဲ ရောင်းချနေကြတာပါ။"

ဟု တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှ ကွမ်းသီးပင်စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ ကိုအောင်ကျော်မျိုးက ပြောသည်။

ကွမ်းသီးပင်များသည် နှစ်ရှည်သီးနှံပင် အမျိုးအစားတစ်ခုဖြစ်ပြီး စတင်စိုက်ပျိုးပြီးနောက် ၇နှစ်/၈နှစ် အကြာတွင် အသီးလှိုင်လှိုင်ထွက်ပြီး ဈေးကွက်တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။ 

"ကွမ်းသီးစိုက်ပျိုးတဲ့ဒေသတွေမှာ ကွမ်းသီးအထွက်နှုန်းများနေတဲ့ အချိန်နဲ့ ကွမ်းသီးဒိုင်တွေကို ကွမ်းသီးအဝင်များနေတဲ့ အချိန်အခါမျိုးတွေမှာ ကွမ်းသီးဒိုင်တွေက ဈေးလျှော့ချ သတ်မှတ်တာမျိုး ရှိတတ်ပါတယ်။ ကျန်တဲ့ ကာလတွေမှာတော့ ကွမ်းသီးက ရောင်းလိုအားထက် ဝယ်လိုအားက ပိုများတတ်ပါတယ်။ ကွမ်းသီး အခွံခွာပြီး အတွင်းဆံ/အလုံးချော သို့မဟုတ် အခြမ်းနေလှန်းပီးသားပါကင် တစ်ပိဿာကို ၆၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရရှိနေပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

ကွမ်းသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မည် ဆိုပါက မေလနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးသင့်ပြီး မိမိတို့စိုက်ပျိုးမည့်ဒေသအလိုက် ရေခံ မြေခံနှင့် ရာသီဥတုအခြေခံတို့ကို အသေအချာလေ့လာပြီးမှသာ စတင်စိုက်ပျိုးသင့်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မြေဩဇာ ဘာကြွေးရမလည်း

Zin Min Thu • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ

U San • ဖြေကြားချက် 4 ခု

စပါးက90ရက်သားရှိပါပီနောက်ဆုံးအကြိမ်ပုလဲနဲ့ပေါ်တက်ကြွေးမလို့စောနေသေးလားနောက်ကြပီလားစပါးသက်ရက်က145ဒီနေ့နဲ့မနက်ဖန်မိုးရွာနိုင်လားမြေဆီဘယ်လောက်သုံးရမလဲ

စောဂျွန်ဖေါ • ဖြေကြားချက် 1 ခု

ရိုင်ဇိုဘီယမ် ဝယ်လို့ရမယ့်နေရာ သိချင်ပါတယ်ခင်ဗျာ စိုက်ပျိုးရေးဥိးစီးဌာနမှာပဲ ဝယ်လို့ရတာလားခင်ဗျာ စိုက်ပျိုးရေးဦးစီးဌာန facebook​ pageမှာ မေးထားတာ ပြန်မဖြေလို့ပါ ဧရာဝတီတိုင်း ဟင်္သာတ အင်္ဂပူဘက်ပါ

Paing Lay • ဖြေကြားချက် 1 ခု

စပါး၂လခွဲသားလောက်မှာ စပါးအဖုံးနေရာမှာ ပိုက်လုံးတွေ ထွက်လာလို့ ဘာဆေးဖျန်းရင် ရမလဲ ညွန်ပေးစေချင်ပါတယ်

Ko Naing Lin Aung • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။