မြန်မာ့ငှက်ပျော ပြည်ပသို့ ထိုးဖောက်နိုင်ရန်အတွက် GAP လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားနိုင်
မြန်မာ့ငှက်ပျောကို အရည်အသွေးမြင့်မြင့်ဖြင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် ကောင်း မွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ (GAP- Good Agricultural Practice) လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားကြောင်း မြန်မာ နိုင်ငံငှက်ပျောစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရသည်။
အဓိကအားဖြင့် စားသုံးသူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် ငှက်ပျောစိုက်တောင်သူများကို လက်ရှိတွင် GAP သင်တန်းများပေးလျက်ရှိပြီး GAP လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ ၂၀၁၈ ခုနှစ်အတွင်း၌ စတင်လျှောက် ထားခြင်းဖြစ်ကြောင်း သိရသည်။
"စိုက်ခင်းတွေမှာ အကုန်လုံး GAP နည်းနဲ့ လုပ်နေကြပြီ။ အဲ့ဒီအတွက်လည်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနမှာ GAP လက်မှတ်ရဖို့ လျှောက်နေတယ်။ ငှက်ပျောနဲ့ ပတ်သက်ပြီး GAP ကို မြန်မာနိုင်ငံမှာ မပေးသေးဘူး။ အဲ့ဒါကြောင့် လျှောက်ထားဆဲပဲပေါ့။ ဘယ်သူ့မှ လက်မှတ်မရသေးဘူး ။ ပြည်တွင်းကငှက်ပျောကတော့ ပြည်ပကို တင်ပို့တာမရှိသေးဘူး။ ဒါပေမယ့် ကချင်ပြည်နယ်မှာ စိုက်တဲ့ငှက်ပျောကတော့ တရုတ်ကလာစိုက်ပြီး ပြည်ပပို့တယ်။ ပြည်တွင်းက တောင်သူတွေကတော့ ပြည်ပကို တင်ပို့နိုင်ဖို့အတွက် လုပ်ဆောင်နေတာတော့ရှိတယ်။" ဟု မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့၏ အတွင်းရေးမှူး ဒေါ်ဥမ္မာကျော် ကပြောသည်။
ပြည်တွင်းငှက်ပျောကို တရုတ်သို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့မှုများရှိသော်လည်း ငှက်ပျောသီးများ သယ်ယူပို့ဆောင်ရာတွင် ထုတ်ပိုးမှုအပိုင်းနှင့်ပတ်သက်၍ အခက်အခဲရှိခြင်းကြောင့် မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ ခြင်း တောင်းဖြင့် သယ်ယူရေးစနစ် ဆောင်ရွက်မှုကို တစ်နှစ်ဝန်းကျင်သာ လုပ်ဆောင်ပေးနိုင်ခြင်းရှိသေးကြောင်း သိရသည်။
ငှက်ပျောသီးထုတ်ပိုးမှုပိုင်းနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် အအေးခန်းကားများဖြင့် တင်ပို့နိုင်မည်ဆိုပါက အာဆီယံနိုင်ငံဈေးကွက်သို့ ထိုးဖောက်နိုင်မည်ဟု မျှော်မှန်းကြောင်း သိရသည်။
"တောင်သူလယ်သမားတွေက GAP လက်မှတ်ရရင်တော့ သူတို့စိတ်ထဲမှာ နိုင်ငံခြားကို ပို့လို့ရတယ်ဆိုပြီး ကြိုးစားနေတယ်။ ပြည်တွင်း ဈေးကွက်ပဲ ဖြန့်နိုင်သေးတယ်။ တစ်ချို့ကတော့ ပြည်တွင်းမှာလာစိုက်ပြီးတော့ ပြည်ပကို ပြန်ပို့တာရှိတယ်။ ဒါပေမယ့် အဲ့ဒါကို မြန်မာငှက်ပျောလို့ သွားသတ်မှတ်လို့မရဘူး။ မြန်မာ့ငှက်ပျောက အထားခံတာ၊ မခံတာရှိသေးတယ်။ မြန်မာပြည်က ဖီးကြမ်းကို ပိုအားသာပြီးစားတယ်။ နိုင်ငံခြားသားတွေက ဖီးကြမ်းကို သိပ်မကြိုက်ဘူး။ သီးမွှေးကျတော့ ဘာအခက်အခဲရှိလဲဆိုတော့ သယ်တဲ့နေရာမှာ မြန်မာတွေက အခုမှ ခြင်းတောင်းတွေနဲ့ သုံးကြတယ်။" ဟု ဒေါ်ဥမ္မာကျော်က ပြောသည်။
လက်ရှိတွင် City Mart များတွင် မြန်မာငှက်ပျောနှင့် တရုတ်ငှက်ပျောကို ယှဉ်ရောင်းရာတွင် မြန်မာငှက်ပျောကိုသာ အများဆုံးဝယ်ယူစားသုံးသည်ကို တွေ့ရှိရကြောင်း သိရသည်။
ယခင်က GAP လက်မှတ် လျှောက်ထားရာတွင် အဆင်ပြေလွယ်ကူစွာ ထုတ်ပေးလျက်ရှိသော်လည်း ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ယှဉ်၍ GAP စံနှုန်းသတ်မှတ်ချက်ကို အလေးထားလာခြင်းကြောင့် GAP စံချိန်စံညွှန်းကိုက်ညီမှသာ လက်မှတ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငှက်ပျောကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိသော်လည်း ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး GAP လက်မှတ်ရရှိရန်လည်း ဧရာဝတီတိုင်းဒေသကြီးရှိ ငှက်ပျောစိုက်တောင်သူများကို အဓိကဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026