တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (မတ်လ ၃၀ ရက်မှ ဧပြီ ၃ ရက်နေ့အထိ)
နိုင်ငံတကာ ဝယ်လိုအားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အကျပ်အတည်းများက ပြည်ပတင်ပို့နေသည့် မြန်မာ့လယ်ယာပို့ကုန်များအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိနေသည်။
ယခုရက်ပိုင်းအတွင်း အခွန်ကင်းလွတ်ခွင့်ဖြင့် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယအစိုးရမှ တစ်နှစ်သက်တမ်းတိုး ခွင့်ပြုလိုက်ခြင်းကဲ့သို့ သတင်းကောင်းများ ကြားသိနေရသော်လည်းလောင်စာဆီ အကျပ်အတည်းကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့်အတူ လယ်ယာပို့ကုန်အချို့ ဈေးနှုန်းဖိအားများ ကြုံတွေ့နေရသည်။
ဈေးအီနေသည့် မတ်ပဲ
အိန္ဒိယအစိုးရက မတ်ပဲကို အခွန်မဲ့တင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးလိုက်သည်ဆိုသည့် ကြေညာချက် ထွက်ပေါ်လာသော်လည်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးမှာ သိသာစွာ ပြောင်းလဲတိုးတက်မှု မရှိသေးပေ။
ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယ IPGA (India Pulses and Grains Association) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ မတ်ပဲတန်ချိန် ၂ သိန်းကျော်ကို အိန္ဒိယမှ ပိုမိုတင်သွင်းထားသည်။ ထို့အပြင် လက်ရှိကြုံတွေ့နေရသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုကလည်း အိန္ဒိယ၏ မတ်ပဲတင်သွင်းမှုအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်။
ထို့ကြောင့် မတ်ပဲဝယ်လိုအားမှာ ပုံမှန်အခြေအနေတွင်သာ ရှိနေပြီး မြန်မာဈေးကွက်တွင် မတ်ပဲပြည်ပဈေး အနည်းငယ် အားပျော့နေသလို ပြည်တွင်းဈေးမှာလည်း အလှုပ်အခတ် နည်းနေသည်။ ယခုရက်သတ္တပတ် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးမှာ တစ်တန်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ခန့် ဈေးကျခဲ့သည်။ မတ်ပဲ FAQ (2026 crop) တစ်တန်လျှင် ဒေါ်လာ ၇၉၀/၈၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ (2026 crop) တစ်တန်လျှင် ဒေါ်လာ ၈၈၅/၈၉၅ သို့လည်းကောင်း အသီးသီး ဈေးပြောင်းလဲသွားသည်။
ပဲစင်းငုံဈေး ကျဆင်း
မတ်ပဲနှင့်အတူ အိန္ဒိယအစိုးရ၏ သွင်းကုန်အခွန် ကင်းလွတ်ခွင့် တစ်နှစ်သက်တမ်းတိုးပေးထားသည့် ပဲစင်းငုံမှာ မြန်မာနိုင်ငံဈေးကွက်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ ကျဆင်းနေသည်။ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ၁၀ လအတွင်း အိန္ဒိယနိုင်ငံက ပြည်ပမှ ပဲစင်းငုံတန်ချိန် ၁၃ သိန်းကျော် တင်သွင်းထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၂ သိန်းကျော် ပိုမိုတင်သွင်းထားကြောင်း IPGA က ထုတ်ပြန်ထားသည်။
လက်ရှိ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံမှာ အာဖရိကပဲများနှင့် ဈေးကွက်ယှဉ်ပြိုင်နေရသဖြင့် မြန်မာဈေးကွက်တွင် ပြည်တွင်းဈေးရော ပြည်ပဈေးပါ ကျဆင်းနေခြင်း ဖြစ်သည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံပြည်ပရောင်းချသည့် FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးကျသွားပြီး၊ ပဲစင်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၇၈၀/၇၉၀ ခန့် ဈေးပေါက်နေသည်။
မြေပဲဈေး ထပ်မံမြင့်တက်လာ
ပြည်ပဝယ်လိုအား မျှော်လင့်ချက်နှင့် ပြည်တွင်းဆီစက်များ၏ ဝယ်လိုအား တိုးလာခြင်းက မြေပဲဈေးကို ထပ်မံမြင့်တက်လာစေသည်။
ရန်ကုန်ဈေးကွက်တွင် မြေပဲ (လုံးဆန်) FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၅၀ ခန့် မြင့်တက်သွားပြီး ဒေါ်လာ ၁,၈၀၅/၁,၈၁၅ သို့ ရောက်ရှိလာသည်။ မန္တလေးဈေးကွက်တွင်လည်း ပြည်တွင်းမြေပဲဈေးမှာ တစ်တန်လျှင် ကျပ် ၄ သိန်းဝန်းကျင်အထိ ဈေးထပ်မံ မြင့်တက်လာသည်။
မြေပဲအထွက်နည်းခြင်း၊ ဆီစက်များမှ ဝယ်လိုအားရှိခြင်းနှင့် ပဲဖတ်ဈေးကောင်းနေခြင်းတို့က မြေပဲဆံဈေးကို မြင့်တက်စေသည့် အကြောင်းရင်းများ ဖြစ်သည်။
ပြောင်းဈေးနှုန်း အပြောင်းအလဲ
ပြည်တွင်းလောင်စာဆီ အခက်အခဲကြောင့် ပြောင်းစိုက်ပျိုးသူများနှင့် ကုန်သည်များ အခက်တွေ့နေရသည်။ စိုက်ပျိုးသိုလှောင်ရာမှ ဈေးကွက်သို့ တင်ပို့ရန် ကုန်တင်ယာဉ် ငှားရမ်းရရှိမှု အခက်အခဲများ ကြုံတွေ့နေရသည်။ ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၆၀၀/၁,၆၂၀ သို့ မြင့်တက်လာသော်လည်း ပြည်ပတင်ပို့သည့် ပြောင်း FOB ဈေးမှာမူ တစ်တန်လျှင် ဒေါ်လာ ၂၅၀/၂၆၀ ဖြင့် ဈေးငြိမ်နေသည်။

ပြည်တွင်းဆန်ဈေး မြင့်တက်လာ
သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာခြင်းကြောင့် ရန်ကုန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် တန်ဖိုးမှာ ၅ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်သွားသည်။ အခြားဧရာဝတီပေါ်ဆန်းများနှင့် ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းများလည်း လိုက်ပါမြင့်တက်လာသည်။
ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် လက်ကားဈေး ကျပ် ၁၉၂,၀၀၀ အထိ ရှိလာပြီး၊ လက်လီဈေးကွက်တွင် တစ်အိတ်လျှင် ကျပ် ၂၆၀,၀၀၀ မှ ၂၈၀,၀၀၀ အထိ ဈေးဖွင့်ရောင်းချနေကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Mahar Nwe
လွန်ခဲ့သော ၄ လ က1600ဆိုတော့ အဆင်မပြေသေးဘူး
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....