သီးနှံဈေးကွက်သုံးသပ်ချက် (၃၁.၃ မှ ၄.၄. ၂၀၂၅အထိ)
မတ်ပဲ
တစ်တန်ကို သိန်း ၃၀ ကျော်တပတ်လည်မှာပဲရှိနေပြီး အရင်အပတ်နဲ့ယှဥ်ရင် တော့ စျေးနှုန်းတက်လာတဲ့အခြေအနေတွေ့ရပါတယ်။ မတ်ပဲကလက်ရှိမှာ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ငလျင်အခြေအနေကြောင့် ပဲထွက်ရာ အဓိက ဒေသတွေမှာ အရောင်းအဝယ်အေး ဈေးနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၂၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၀၈၀၀၀ ကျပ်၊ကြာသပတေးနေ့ မှာ ၃၀၁၂၀၀၀ ၊ သောကြာနေ့မှာ ၃၀၂၀၀၀၀ ကျပ်ရှိပါတယ်။
ပဲစဉ်းငုံ
ပဲစဥ်းငုံကလည်း ဧပြီလအစ ပထမပတ်မှာ တစ်တန်ကို သိန်း ၃၀ ကျော်အထိ စျေးတန်းပြန်တက်လာတာတွေ့ရပါတယ်။ ပဲစဥ်းငုံကလည်း အိန္ဒိယဝယ်လိုအားပေါ်လိုက်ပြီး စျေး အတက်အကျရှိတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၉၉၆၀၀၀ကျပ်၊ အင်္ဂါနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၇၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့က ၃၀၀၀၀၀၀၊ ကြာသပတေးမှာ ၂၉၉၀၀၀၀နဲ့ သောကြာနေ့က ၃၀၀၅၀၀၀ ကျပ်ရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း စျေးကွက်ဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်လည်း သွက်နေတယ်လို့သိရပါတယ်။ ပဲတီစိမ်းကို တရုတ်ကဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းပြီး ရောင်းလိုအား များနေတာဖြစ် ပါတယ်။ ဥရောပစျေးကွက်ကလည်း ဝယ်ယူမှုရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၈၃၀ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၅၅၀၀ ကျပ်မှ ၅၅၂၀ ကျပ်၊ပဲတီစိမ်း ဝါးခယ်မကတော့ ၅၆၆၅ မှ ၅၆၈၅ ကျပ်ရှိပါတယ်။ ပဲတီစိမ်းမျိုးစုံ စျေးတက်လာတာဖြစ်ပြီး တစ်ပိဿာကို ၁၅၀ မှ ၂၅၀ ကျပ်အထိစျေးနှုန်း ထပ်မံ မြင့်လာတာဖြစ်ပါတယ်။

စပါး
စပါးစျေးကတော့ လက်ရှိအထိစျေးနှုန်းတွေ ကျဆင်းနေဆဲ ဖြစ်နေပါတယ်။စျေးကျဆင်းတဲ့အပြင် ဝယ်ယူသူလည်းမရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။ နွေစပါးစျေးကွက်အပြင် ပြီးခဲ့မိုးရာသီ စပါးစျေးကွက်အပါနှစ်ခုလုံး စျေးတန်းကျပြီး အဝယ်မရှိသလောက်ဖြစ်နေပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးစက်ကျကို အနိမ့်ဆုံး ၁၃ သိန်းကျပ်နဲ့ နေလှန်းစပါးအခြောက်က ၁၄ သိန်း ၅၀၀၀၀ ကျပ်ရှိပြီး ရက် ၉၀ စပါးဆိုရင် စက်ကျကို ၁၂ သိန်း ၅၀၀၀၀ ကျပ် နဲ့စပါးနေလှန်းအခြောက်က ၁၅ သိန်းကျပ်ရှိတယ်လို့သိရပါတယ်။
GW 11 စပါး ၊ ဆာဖိုးသာ ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါး ၁၀၀ ကိုမှ ၁၉ သိန်း ၅၀၀၀၀ ကျပ်အထိ စျေးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။ စပါးစျေးနှုန်းဟာ နေရာဒေသအလိုက်တော့ စျေးနှုန်း အပြောင်းအလဲ ကွာခြားမှုရှိနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(AMIA)
ကိုဦး
လွန်ခဲ့သော ၁ နှစ် ကုကြက်သွန်နီဈေးအတက်အကျသုံးသပ်ပေးပါအုံးဗျ
ပြည့်ဖြိုးသော်
လွန်ခဲ့သော ၁ နှစ် ကGW 11 ဆာဖိုးသာ ဗီယက်နမ်နဲ့ နယူးဧရာ စပါးတွေကဘယ်နယ်မှ 19သိန်း50000သောင်းမရှိဘူး ယခုဆန်စက်တွေကဝယ်ဈေးက 14သိန်းဈေးပဲရှိပါတယ်
မောင်ဖြိုး
လွန်ခဲ့သော ၁ နှစ် ကgw11.ဆာဖိုးသာ ဗီယက်နမ် နယူးဧရာ ရဲ့ 19သိန်း5သောင်း ဆိုတာ ဘယ်နေရာဒေသမှာပေါက်တာလဲခင်ဗျာ မှားများမှားနေတာလားခင်ဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....