တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၈.၇ - ၁.၈.၂၀၂၅)
မတ်ပဲ
မတ်ပဲကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းအနည်းငယ် ထပ်တက်လာပြီး တစ်တန်ကို သိန်း ၃၀ အထက်ကိုမှာပဲဆက်ရှိနေပါတယ်။
မတ်ပဲကတော့ အရင်နှစ်စျေးကွက်အရကြည့်မယ်ဆိုရင် ဇူလိုင်လကုန်လောက်ကနေစပြီး စျေးဆက်တိုက်မြင့်တက်လေ့ရှိပါတယ်။ ပဲလက်ကျန်နည်းလာတာနဲ့အမျှ အိန္ဒိယဘက်ဝယ်လိုအားအပေါ်လိုက်ပြီး စျေးတန်းက မြင့်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှ သောကြာနေ့အတွင်း ၃၀၀၉၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။
အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၉၀၀၀၀ မှ ၃၀၂၁၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို ၁၀၀၀၀ ကျော်လောက်ထပ်တက်လာ ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ အခုတစ်ပတ်မှာ စျေးတန်းအေးပါတယ်။ တစ်တန်ကို ထောင်ဂဏန်းလောက်သာကျရိပ်ပြပါတယ်။ နယ်စျေးကွက်မှာတော့ ပဲစဥ်းငုံ တစ်တင်းကို ၈၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။
ပစ္စည်းလက်ကျန်ကတော့နည်းလာနေပါတယ်။ ပဲစဥ်းငုံကလည်း အိန္ဒိယဝယ်လိုအား ပေါ်လိုက်ပြီး စျေးတန်း အတက်အကျ ပြောင်းလဲမှုရှိနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၈၀၀၀၀၀ မှ ၂၈၁၈၀၀၀ ကျပ်ရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၂၀၀၀ လောက်စျေးကျပါတယ်။

ပဲကြီး
ပြည်တွင်းသုံးပဲဖြစ်တဲ့ ပဲကြီးက ပြည်တွင်း စျေးကွက်မှာ ဝယ်လိုအားရှိပြီး ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးနှုန်းမြင့်တက်လာနေတယ်လို့သိရပါတယ်။ လက်ရှိမှာ ပဲကြီးကို ရန်ကုန်မှကုန်သည်ဝယ်လက်ရှိခြင်း၊ အကြော်လှော်လုပ်ငန်းသမားများ ဝယ်ယူမှုရှိပြီး ဆောင်းပဲလက်ကျန်က နည်းလာတဲ့အပြင် မိုးပဲကလည်း စျေးကွက်အတွင်း မဝင်သေးတာကြောင့် စျေးတန်းမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာဆိုရင် ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်၊ ပဲကြီး (လတ်) ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်၊ ပဲကြီး (သေး)က ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်စျေးတန်းရှိလာတယ်လို့သိရပါတယ်။
စားတော်ပဲ
စားတော်ပဲကလည်း စျေးတန်းဆက်တိုက်မြင့်လာပါတယ်။ စားတော်ပဲ(ကျွန်း)က အထွက်နှုန်းနည်းပြီး လက်ကျန်နည်းတာကြောင့် စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းလာခြင်း ၊ စားတော်ပဲ ယူကရိန်ကလည်း ပစ္စည်းအဝင်မရှိခြင်းကြောင့် ရောင်းလိုအားနဲ့ဝယ်လိုအား မျှတမှုမရှိတဲ့အတွက် စားတော်ပဲ ( ကနေဒါ) နဲ့ စားတော်ပဲ ( ကျွန်း) စျေးဆက်တိုက်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တက်လာတယ်လို့သိရပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာဖြစ်ပေါ်တဲ့ပြည်တွင်း ပဲစျေးကွက်မှာ စားတော်ပဲ ကနေဒါ ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၅၅၀၀၀၀ ကျပ်အထိရှိနေသလို စားတော်ပဲ ( ကျွန်း) ကလည်း တစ်အိတ်ကို ၆၂၅၀၀၀ မှ ၆၃၀၀၀၀ ကျပ်စျေးပေါက်နေပါတယ်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
U Arkar Min
လွန်ခဲ့သော ၁ နှစ် ကပဲသီးစိမ်းကိုဘယ်မှာရောင်းရမလည်းဗျ
ခူးလေးရယ်
လွန်ခဲ့သော ၁ နှစ် က၂၀၂၅ ခုနှစ် ရာသီပေါ် နှမ်းဈေးနှုန်းသိချင်ပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026