ပဲတီစိမ်းစျေးကွက်ကောင်းပြီး အရောင်းအဝယ်သွက်နေ (တစ်ပတ်စာဈေးကွက် သုံးသပ်ချက်)
နှမ်း
နှမ်းမျိုးစုံစျေးကွက်မှာ နှမ်းနက်ကစျေးတက်လာပြီး နှမ်းဖြူကစျေးကျကာ နှမ်းညိုကတော့ စျေးငြိမ်နေပါတယ်။
မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာနှမ်းဖြူက ဆောင်းနှမ်းအသစ်တွေဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားအဝယ်သာပုံမှန်ရှိတာကြောင့် စျေးကျသွားပါတယ်။ နှမ်းညိုကတော့ အရောင်းအဝယ်အေးပေမယ့် အသစ်အဝင်နည်းတဲ့အတွက် စျေးငြိမ်နေတာပါ။ နှမ်းနက်စမုံက ဆောင်းနှမ်း အဝင်နည်းသလို လက်ကျန်နှမ်းလည်း နည်းတာကြောင့် စျေးတက်ရိပ်ပြလာပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ၄၅ ပိဿာကို ၃၂၀၀၀၀ ကျပ်မှ ၃၃၅၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ နှမ်းညိုက ၃၀၀၀၀၀ ကျပ် ရှိပါတယ်။ နှမ်းနက်စမုံက အက်စစ်လွတ်နှမ်းမှာ ၇၃၀၀၀၀ မှ ၇၃၅၀၀၀ ကျပ် စျေးပေါက်ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ပဲတီးစိမ်းဝါးခယ်မတစ်မျိုးသာ စျေးတက်လာပြီး ကျန်တဲ့ ခရမ်း ရွှေဝါပဲတီစိမ်း၊ ပဲခူးရွှေဝါပဲတီစိမ်းနဲ့ ပဲတီစိမ်း(အညာ)ကစျေးငြိမ်နေပါတယ်။
ပဲတီစိမ်းကစျေးငြိမ်နေပေမယ့် တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးကွက်ကောင်းပြီး အရောင်းအဝယ်လည်း သွက်နေပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့စျေးငြိမ်နေပြီး ပဲတီစိမ်း အညာကလည်း အရင်အပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာ စျေးငြိမ်နေတာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၂၅၀ မှ ၅၂၇၀ ကျပ်စျေးပေါက်ပြီး ၁၇၀ ကျပ်တက်လာပါတယ်။
မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။
ပဲပုပ်
ပဲပုပ်(မြန်မာ)ကစျေးကျသွားပြီး ပဲပုပ်(ရှမ်း)က စျေးငြိမ်နေပါတယ်။ ပဲပုပ်(မြန်မာ)က လက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားသာ အဝယ်ပုံမှန်ရှိလို့ စျေးကျရိပ်ပြလာပါတယ်။
ပဲပုပ်(ရှမ်း)ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့် စျေးငြိမ်နေပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲပုပ် မြန်မာက ၂၈၈၀၀၀ ကျပ်ရှိပြီး ပဲပုပ်ရှမ်းက ၃၃၀၀၀၀ ကျပ် ရှိနေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးတန်းအနည်းငယ် တက်ရိပ်ပြလာပြီး အမြင့်ဆုံးတစ်တန်ကို ၂၉၇၈၀၀၀ ကျပ်အထိရှိလာပါတယ်။
မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်အပေါ်သက်တမ်း ထပ်မတိုးသေးတာကြောင့် စျေးကွက်မတက်ဘဲ အေးနေတာဖြစ်ပါတယ်။ စျေးအေးနေပေမယ့် ပဲအသစ်တွေ အရောင်းအဝယ်ကောင်းနေပြီး ပဲအသစ်တွေစျေးကွက်ထဲ ဝင်ရောက်မှုများနေပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၃၂၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၃၃၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၄၃၀၀၀ကျပ်၊ ကြာသပတေးနေ့မှာ ၂၉၆၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၇၈၀၀၀ ကျပ်ရှိပါတယ်။ ခုတပတ်မှာ ၄၀၀၀၀ ကျော်လောက် အတက်ပြလာပါတယ်။
မန္တလေးစျေးကွက်မှာ မတ်ပဲပိဿာ ၆၀ ကို ၂၆၅၀၀၀ မှ ၂၇၃၀၀၀ ကျပ်ရှိပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကတော့ ဒီတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်လာပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ပဲမျိုးစုံဆွေးနွေးပွဲအပြီးမှာ ခုလိုပြည်တွင်း ပဲစင်းငုံဈေး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော် အထိ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။
လက်ရှိမှာ ဆောင်းပဲစဥ်းငုံအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုရှိပြီး သိုလှောင်မယ့်သူတွေနဲ့ ပဲခွဲစက်တွေက အဝယ်ရှိနေတယ်လို့သိရပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဥ်းငုံနီ တစ်တန် ကို ၂၉၇၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၂၅၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၃၀၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၆၈၀၀၀ ကျပ် ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁ သိန်းကျပ် လောက်တက်လာပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၁၅၀၀၀၀ ကျပ် လောက်တက်လာပါတယ်။
မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီကပိဿာ ၆၀ တစ်အိတ်ကို ၂၈၇၀၀၀ မှ ၂၈၈၀၀၀ ကျပ်ရှိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရောဂါဖြစ်နိုင်မလား ဘယ်လိုကာကွယ်ရမလဲ အကြံပေးကြပါဗျ
min • ဖြေကြားချက် 1 ခု
ဓာတ်ပုံထဲမှာပါတဲ့ ပဲပုပ်မျိုးက မိုးတွင်းမှာစိုက်ရင် သီးတောင့်သီးတဲ့ အချိန်အထိကို အပင်ကြီးထွားမှုက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ကြီးထွားနေတာကို ရပ်တန့်ချင်တာပါ။ ဖြစ်နိုင်လျှင် ကိုးကားချက်ကို download ဆွဲလို့ရအောင် pdf file or word file ပေးရင်ပိုကောင်းပါမယ်။ ကောင်းသောနေ့ဖြစ်ပါစေ။
ye min oo • ဖြေကြားချက် 0 ခု
နွား/ကြက်ချည်းဖြင့်မြေဆွေးလုပ်တဲ့အခါမှာ ချပိုးတွေလာတဲ့အတွက် ချဆေးဖြူးပေးရတယ် အဲဒါ အပင်အကျိုးပြုဇီဝပိုးတွေရောသေးေစနိုင်သလား
Sawdohhtoo • ဖြေကြားချက် 0 ခု
ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်
Myat lin Oo • ဖြေကြားချက် 0 ခု
🌱 တောင်သူဦးကြီးများအတွက် သီးနှံအားကောင်းစေမယ့် အပင်အာဟာရဖော်မြူလာ 🌱 💚 UNİCORN – Nito Finn & Nito Max 💚 “အပင်ကောင်းမှ… အသီးအနှံကောင်းမယ်” 🌿 🌱 Nito Finn – STEM CELL BIOSTIMULANTS အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အပင်သန်မာစွာ ကြီးထွားနိုင်ရန် ကူညီပေးတဲ့ Biostimulant အမျိုးအစားဖြစ်ပါတယ်။ 🥬 Nito Max – BIOSTIMULANTS အပင်ရဲ့ အာဟာရအသုံးချနိုင်မှုနဲ့ သီးနှံဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်ထားတဲ့ Biostimulant ဖြစ်ပါတယ်။ ✨ တောင်သူများအတွက် မျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ✅ အပင်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း ✅ အပင်သန်မာကျန်းမာစွာ ဖွံ့ဖြိုးရန် ကူညီခြင်း ✅ အပင်၏ အာဟာရအသုံးချနိုင်မှုကို အားပေးခြင်း ✅ အပွင့်၊ အသီး ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အထောက်အကူပြုခြင်း ✅ သီးနှံအရည်အသွေးကောင်းမွန်စေရန် အထောက်အကူပြုခြင်း 🌾 စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အပင်အခြေအနေအလိုက် အသုံးချနိုင်ပါသည်။ 💬 တောင်သူဦးကြီးတို့ရေ… သီးနှံကောင်းဖို့ မြေ၊ ရေ၊ အာဟာရနဲ့အတူ အပင်ရဲ့ သဘာဝကြီးထွားမှုကို အားပေးဖို့လည်း အရေးကြီးပါတယ်။ 🌱 Nito Finn + Nito Max — သီးနှံကောင်းဖို့ တောင်သူ့အဖော်ကောင်း 🇲🇲☎️09787471142 ကိုထိုက်
ko htike • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026