တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက်
အိန္ဒိယနိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများမှ ၀ယ်လိုအားမျှော်လင့်ချက်ကြောင့် ယခုရက်သတ္တပတ် လယ်ယာပို့ကုန်များ၏ပြည်တွင်း ဈေးမြင့်တက်လာသည်။ ပြည်ပပို့ကုန်ရငွေ လဲလှယ်နှုန်း ဖြေလျော့မှုနှင့် နိုင်ငံခြားငွေတန်ဖိုးအနည်းငယ် မြင့်တက်လာမှုက လယ်ယာပို့ကုန်များ၏ ပြည်တွင်း ဈေးတက်ရန် တွန်းအားတစ်ခုဖြစ်လာသည်။
အိန္ဒိယ၀ယ်လိုအားကြောင့် မတ်ပဲဈေးတက်
အိန္ဒိယနိုင်ငံအတွင်းမှ ၀ယ်လိုးအားတိုးလာခြင်းကြောင့် မြန်မာမတ်ပဲဈေး မြင့်တက်လာသည်။ ပွဲတော်ကာလ အိန္ဒိယနိုင်ငံသားများ၏ မတ်ပဲ၀ယ်အားများခြင်းကြောင့် ဈေးမြင့်တက်ခြင်းဖြစ်သည်။၂၀၂၆ ဇန်နဝါရီလ ဒုတိယ ရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံအတွင်း မတ်ပဲဈေးက မြန်မာမတ်ပဲတစ်တန် (CNF)ဈေး အမေရိကန်ဒေါ်လာ ၇၇၀မှ ၇၉၅၊ မတ်ပဲ SQတစ်တန် ဒေါ်လာ ၈၅၀မှ ၈၇၅သို့ ဈေးပြောင်းလာသည်။
အိန္ဒိယနိုင်ငံတွင် မတ်ပဲဈေးအနည်းငယ်တက်လာသော်လည်း မြန်မာနိုင်ငံမှ ပြည်သို့သို့ရောင်းချသည့် မတ်ပဲ FOB(Free On Board) ဈေးက တစ်တန် ဒေါ်လာ ၁၀ခန့် ဈေးလျော့သွားသည်။ ယခုရက်သတ္တပတ် မတ်ပဲပြည်ပရောင်းချသည့် (FOB)ဈေး တစ်တန် ဒေါ်လာ ၇၄၅ - ၇၅၅မှ ၇၃၅ - ၇၄၅သို့ဈေးပြောင်းလဲပြီး မတ်ပဲ SQ တစ်တန်ဒေါ်လာ ၈၂၅ - ၈၃၅ မှ ၈၁၅ - ၈၂၅သို့ ဈေးပြောင်းလာသည်။
မတ်ပဲ ပြည်ပရောင်းချ သည့်(FOB)ဈေး အနည်းငယ် အားပျော့သွားသော်လည်း ပြည်တွင်းဈေး တစ်တန် ကျပ် ၆၅,၀၀၀ ၀န်းကျင် ဈေးမြင့်တက်လာသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မတ်ပဲပြည် တွင်းဈေးက တစ်တန် ကျပ် ၂,၇၂၀,၀၀၀မှ ၂,၇၈၅,၀၀၀ သို့ဈေးပြောင်းသွားသကဲ့သို့ မတ်ပဲ SQ က တစ်တန် ကျပ် ၃,၀၀၅,၀၀၀မှ ၃,၀၇၀,၀၀၀ သို့ဈေးပြောင်းသွားသည်။
ဈေးဆက်မာနေသည့် ပဲစင်းငုံ
ယခုရက်သတ္တပတ်တွင် မတ်ပဲကဲ့သို့ ပဲစင်းငုံကလည်း အိန္ဒိယဈေးကွက်တွင် ဈေးနှုန်းဆက်တိုက်မြင့်တက်နေသည်။ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်း၏ အကျိုးဆက်အဖြစ် ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံက တစ်တန် ဒေါ်လာ ၂၀ကျော် ထပ်မံမြင့်တက်သွားသည်။ ပဲစင်းငုံ၂၀၂၆ crop တစ်တန်လျှင် ဒေါ်လာ ၇၉၅မှ ၈၂၀သို့ ဈေးပြောင်းသွားသည်။ ပဲစင်းငုံ ၂၀၂၅ Crop ကတစ်တန် ဒေါ်လာ ၇၈၀မှ ၇၉၀ ၀န်းကျင်သို့ဈေးပြောင်းသွားသည်။
အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံဈေး ဆက်လက်မြင့်တက်နေခြင်းကြောင့် မြန်မာဈေးကွက်တွင်လည်း ပဲစင်းငုံ(နီ) FOB ဈေးက တစ်တန် ဒေါ်လာ ၃၀ဈေးမြင့်လာသည်။ ပဲစင်းငုံ(နီ)FOBဈေးက တစ်တန် ဒေါ်လာ ၇၀၀ - ၇၁၀မှ ၇၃၀ - ၇၄၀သို့ဈေးပြောင်းသွားသည်။
ပဲစင်းငုံပြည်ပရောင်းချသည့် FOBဈေး မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးကလည်းတစ်တန် ကျပ် ၁၁၀,၀၀၀ ကျော် ဈေးထပ်မံမြင့်တက်သည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ)၂၀၂၆cropတစ်တန် ကျပ် ၂,၇၆၇,၀၀၀မှ ကျပ်၂,၈၈၀,၀၀၀ သို့ဈေးပြောင်းသွားသည်။ပဲစင်းငုံ (နီ)၂၀၂၅cropက တစ်တန် ကျပ် ၂,၆၅၅,၀၀၀မှ ၂,၇၅၀,၀၀၀ သို့ဈေးပြောင်းသွားသည်။
ဈေးတက်ရန်ပြင်နေသော ပဲကြီး
ပြည်တွင်းစားသုံးမှုများသည့် ပဲကြီးက ယခုရက်သတ္တပတ်တွင် ရန်ကုန်၌ ဈေးငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် ဈေးတက်လာသည်။ ပဲကြော်လုပ်ငန်းများ၊ ပဲလှော်လုပ်ငန်းများမှ အ၀ယ်များနေခြင်းကြောင့် ပဲသစ်စပေါ်နေသည့် ရှမ်းတောင်တွင် ၀ယ်လိုအားများနေသည်။ ယခုရက်သတ္တပတ် ပဲကြီးက ပြည်ပရောင်းချသည့် FOBဈေး ငြိမ်နေပြီး ပဲကြီးတစ်တန် ဒေါ်လာ ၁,၂၀၅ - ၁,၂၁၅ ဈေးဖွင့်သည်။
ရန်ကုန်ဈေးကွက်တွင် ပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကျပ် ၁၀,၂၆၅/၁၀,၆၂၀ ဖြင့် ဈေးငြိမ်နေသည်။ သို့သော် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အနည်းဆုံး တစ်တန်ကျပ် ၂၀၀,၀၀၀ ကျော်မြင့်တက်သွားသည်။ မန္တလေးဈေးကွက်တွင် ပဲကြီး(ကြီး) တစ်တန်ကျပ် ၆၂ သိန်းကျော်မှ ၆၄ သိန်းကျော်၊ ပဲကြီး(လတ်) တစ်တန် ကျပ် ၅,၅၄၀,၀၀၀ ကျော်မှ ၅,၈၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ သို့သော် ပဲကြီး (သေး) ကတစ်တန် ကျပ် ၄,၉၈၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
နှမ်းဈေးတက်လာ
ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းက အမျိုးအစားအားလုံးနီးပါးဈေးမြင့်တက်လာသည်။ တရုတ်ဈေးကွက် ၀ယ်လိုအားရှိနေသာ နှမ်းနက်(စမုံ)အပါအ၀င် နှမ်းဖြူနှင့် နှမ်းညို(သစ်)ပါ ပြည်တွင်းဈေးမြင့်တက်လာသည်။
ယခုရက်သတ္တပတ် ရန်ကုန် ဈေးကွက်တွင် ပြည်ပသို့ရောင်းချသည့် နှမ်းနက်(FOB)ဈေးက တစ်တန်လျှင် ဒေါ်လာ ၂,၆၃၅/၂,၆၄၅၊ နှမ်းဖြူတစ်တန် ဒေါ်လာ ၁,၁၃၅/၁,၁၄၅၊ နှမ်းညို တစ်တန် ဒေါ်လာ ၁,၀၃၀/ ၁,၀၄၀ဖြင့်ဈေးငြိမ်နေသည်။
သို့သော် မန္တလေးဈေးကွက်တွင် တရုတ်၀ယ်လိုအားရှိသော နှမ်းနက်(စမုံ)အပြင် ပြည်တွင်း၀ယ်လိုအားကြောင့် ကျန်နှမ်းအမျိုးအစားများလည်းဈေးမြင့်လာသည်။ မန္တလေးဈေးကွက်တွင်း နှမ်းနက်(စမုံ) တစ်တန် ကျပ် သိန်း၁၀၀ ကျော် မှ ၁၀၂သိန်းကျော်၊ နှမ်းဖြူ (ဂျပန်) တစ်တန် ကျပ် ၄,၁၅၀,၀၀၀ ကျော်မှ ၄,၄၂၀,၀၀၀ ကျော်၊ နှမ်းညို(သစ်)တစ်တန်ကျပ် ၄,၂၁၀,၀၀၀ ကျော်မှ ၄,၃၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသည်။
အာလူဈေးပြောင်း
အရည်အသွေး အကြောင်းပြချက်ဖြင့် ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများမှ အ၀ယ်ထိန်းခြင်းကြောင့် ဈေးကျဆင်းခဲ့သော အာလူးက ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် ပြန်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် အာလူးဈေးက ရှမ်းပြည်အာလူးများသာမက တရုတ်နိုင်ငံမှတင်သွင်းသည့်အာလူးကလည်းဈေးပြန်ပါလာသည်။ ယခုရက်သတ္တပတ်ရန်ကုန်ဈေးကွက်တွင် အာလူးလက္ကားဈေးက အောင်ပန်းA1 အမျိုးအစား တစ်ပိဿာလျှင် လျှင် ကျပ် ၃,၂၀၀မှ ၃,၅၀၀၊ အောင်ပန်းOKတစ်ပိဿာလျှင် ကျပ် ၄,၂၀၀မှ ၄,၅၀၀ ၊ အောင်ပန်းS1တစ်ပိဿာ လျှင် ကျပ် ၅,၀၀၀မှ၅,၅၀၀၊ အောင်ပန်း S2 တစ်ပိဿာ လျှင် ကျပ် ၅,၂၀၀မှ ၆,၀၀၀၊ တရုတ်အာလူးတစ်ပိဿာ လျှင် ကျပ် ၅,၀၀၀/၆,၀၀၀မှ ၆,၅၀၀ သို့ ဈေးပြောင်းသွားသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
phyoWaiAung
လွန်ခဲ့သော ၆ လ ကယခုဘယ်စျေးလဲ
မိုးကောင်း
လွန်ခဲ့သော ၆ လ ကတင်နဲဖော်ပြပေးပါဗျ
Thuta Kyaw
လွန်ခဲ့သော ၆ လ ကကြက်သွန်နီစျေးလေး သုံးသပ်ပေးပါဆရာ
shwe ko naing
လွန်ခဲ့သော ၆ လ ကပဲဈေးများများတက်ရင်ပိုကောင်းမယ်
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026