တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၆-၁၀.၇.၂၀၂၆)
ယခုရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည့် ပို့ကုန်ပဲများသာမက ပြည်တွင်းအဓိကစားသုံးသည့် ဆီထွက်သီးနှံအချို့ပါ ဈေးနှုန်းမာလာသည်။
မတ်ပဲဈေးမာလာ
မုတ်သုံမိုးရရှိမှု အခြေအနေကြောင့် စိုက်ဧက လျော့နည်းသည်ဆိုသည့် သတင်းနှင့် ယခုလအတွင်း မတ်ပဲတင်သွင်းမှု လျော့နည်းသည်ဆိုသည့် သုံးသပ်ချက်များက အိန္ဒိယဈေးကွက်တွင် ရေတိုကာလအတွင်း မတ်ပဲဈေးနှုန်း မာလာစေသည်။ ထိုအရှိန်၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း မတ်ပဲပြည်တွင်းနှင့် ပြည်ပဈေးနှုန်းများ မြင့်တက်လာသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF (ကုန်ကျစရိတ်နှင့် ကုန်စည်ပို့ဆောင်စရိတ်အပါအဝင်) ဈေးနှုန်းမှာ ပဲတစ်တန်လျှင် အနည်းဆုံး ၁၀ ဒေါ်လာခန့် ဈေးမြင့်တက်လာသည်။ မြန်မာမတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၆၀ မှ ၈၇၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၅၀ မှ ၉၆၅ သို့ ဈေးပြောင်းလဲသွားပြီး ဘရာဇီးမတ်ပဲတစ်တန်လျှင် ဒေါ်လာ ၉၃၅ ဈေးဖွင့်ထားသည်။
ယခုရက်သတ္တပတ် မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ၁၅ ဒေါ်လာခန့် ဈေးမြင့်တက်သည်။ မတ်ပဲ FAQ တစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၇၉၅ / ၈၀၅ မှ ဒေါ်လာ ၈၁၀ / ၈၂၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၈၅ / ၈၉၅ မှ ဒေါ်လာ ၉၀၀ / ၉၁၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
မတ်ပဲပြည်တွင်းဈေးနှုန်းမှာ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၂၁,၀၀၀ ဝန်းကျင် ဈေးမြင့်တက်သည်။ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၂၈၀,၀၀၀ မှ ကျပ် ၃,၃၂၁,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၆၂၀,၀၀၀ မှ ကျပ် ၃,၆၆၆,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ပြည်တွင်းဈေးအနည်းငယ်လှုပ်လာသည့် ပဲစင်းငုံ
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လာသည်။ ပြည်ပမှ ပဲစင်းငုံတင်သွင်းမှု လျော့နည်းသဖြင့် ပဲစင်းငုံဈေးနှုန်း ကာလတိုအတွင်း အတက်ဘက်သို့ ပြောင်းလဲနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ယခုရက်သတ္တပတ်အတွင်း အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ CNF ဈေးနှုန်းမှာ တစ်တန်လျှင် ၁၀ ဒေါ်လာခန့် ဈေးတက်လာသည်။ ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၈၂၀ မှ ဒေါ်လာ ၈၃၀ သို့ ဈေးပြောင်းလဲသွားသည်။ မြန်မာပဲစင်းငုံနှင့် ဈေးကွက်ယှဉ်ပြိုင်ရောင်းချနေသည့် မိုဇမ်ဘစ်ပဲစင်းငုံ CNF ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၅၂၅ / ၅၃၀ ရှိပြီး တန်ဇန်းနီးယားပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၅၆၀ မှ ၆၆၀ အကြား ဈေးဖွင့်ထားသည်။
မြန်မာနိုင်ငံဈေးကွက်တွင် ပဲစင်းငုံသည် ပြည်တွင်းဈေး အနည်းငယ်တက်သော်လည်း ပြည်ပရောင်းချသည့် FOB ဈေးနှုန်း ငြိမ်နေသည်။ ပဲစင်းငုံ FOB ဈေးနှုန်းမှာ ပဲစင်းငုံ (နီ) အဟောင်းတစ်တန်လျှင် ဒေါ်လာ ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) အသစ်တစ်တန်လျှင် ဒေါ်လာ ၇၇၀ / ၇၈၀ သို့ ဈေးပြောင်းလဲသွားသည်။ ယခုရက်သတ္တပတ် ပဲစင်းငုံပြည်တွင်းဈေးနှုန်းမှာ ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃၀,၀၀၀ ဝန်းကျင် ဈေးမြင့်တက်လာသည်။ ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၁၂၁,၀၀၀ မှ ကျပ် ၃,၁၅၀,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။
ဆက်တိုက်မြင့်တက်လာသည့် မြေပဲ
အိမ်ထောင်စုများသို့ ရောင်းချပေးသည့် စားအုန်းဆီခွဲတမ်း လျှော့ချမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် မြေပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာလည်း ယခုရက်သတ္တပတ်တွင် မြေပဲ (လုံးဆန်) တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးမြင့်တက်သည်။ ရက်သတ္တပတ်အတွင်း မြေပဲ (လုံးဆန်) တစ်တန်လျှင် ၆ ရာခိုင်နှုန်း ဝန်းကျင် ဈေးမြင့်လာခြင်း ဖြစ်သည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ (လုံးဆန်) FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၁,၇ bags/၁,၇၄၅ မှ ဒေါ်လာ ၁,၈၃၅ / ၁,၈၄၅ သို့ ဈေးပြောင်းလဲသွားသည်။
ယခုလအတွင်း ပြည်တွင်းဈေးကွက်တွင် မြေပဲသည် လုံးဆန်၊ ဆီဆန် နှစ်မျိုးစလုံး ဈေးမြင့်တက်သည်။ မန္တလေးဈေးကွက်တွင် မြေပဲ (လုံးဆန်) မှာ တစ်တန်လျှင် ကျပ် ၁,၁၀၀,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်သွားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၇,၀၀၀,၀၀၀ ကျော်မှ ဇူလိုင် ၈ ရက်တွင် မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၈,၁၄၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်သွားသည်။ မြေပဲအနီ (လုံးဆန်) တစ်တန်လျှင် ကျပ် ၇,၀၀၀,၀၀၀ ကျော်မှ ကျပ် ၇,၉၀၀,၀၀၀ ကျော်၊ မြေပဲ S1 ဆီဆန်တစ်တန်လျှင် ကျပ် ၆,၇၃၀,၀၀၀ ကျော်မှ ကျပ် ၇,၆၅၀,၀၀၀ ကျော်နှင့် မြေပဲအနီ (ဆီဆန်) တစ်တန်လျှင် ကျပ် ၆,၄၃၀,၀၀၀ ကျော်မှ ကျပ် ၇,၁၆၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

ဈေးပျော့လာသည့် ပြောင်း
ထိုင်းအစိုးရက အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူမည့်အချိန်ကို ၂ လ တိုးမြှင့်ပေးထားသော်လည်း ကုမ္ပဏီကြီးများ၏ ဝယ်လိုအား လျော့နည်းသဖြင့် ပြည်တွင်းပြောင်းဈေးနှုန်း ငြိမ်နေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီကြီးတစ်ခုက ပြောင်းအဝယ် ခေတ္တရပ်နားထားသည်ဆိုသည့် သတင်းများကလည်း ပြည်တွင်းပြောင်းဈေးနှုန်းအပေါ် သက်ရောက်မှု ရှိလာနိုင်သည်ဟု သုံးသပ်ချက်များ ရှိနေသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးသာမက မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နိုင်ခြင်း၊ အယ်လ်နီညို ရာသီဥတုစိန်ခေါ်မှုကြောင့် ပြည်ပမှ ပြောင်းတန်ချိန် ၅ သိန်း တင်သွင်းရန် စီစဉ်နေသည့် ဖိလစ်ပိုင်နိုင်ငံတို့၏ ဈေးကွက်မျှော်လင့်ချက်က မြန်မာ့ပြောင်းဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။
လက်ရှိ ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးနှုန်းမှာ ပြည်ပရောင်းချသည့် FOB ဈေး အနည်းငယ် ပြန်ကျပြီး ပြည်တွင်းဈေး ငြိမ်နေသည်။ ယခုရက်သတ္တပတ် ပြည်ပရောင်းချသည့် ပြောင်း FOB ဈေးနှုန်းမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၈၀ / ၂၉၀ မှ ဒေါ်လာ ၂၇၅ / ၂၈၅ သို့ ဈေးပြောင်းလဲသွားသည်။ ပြည်တွင်းပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၇၅၀ / ၁,၇၇၀ ဖြင့် ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင်လည်း ပြောင်းဈေးနှုန်းမှာ အပြောင်းအလဲမရှိဘဲ ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် (ရှမ်း) ပြောင်းတစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်၊ စီပီ (CP) ပြောင်းသစ်တစ်တန်လျှင် ကျပ် ၉၈၆,၀၀၀ ကျော် ဈေးဖွင့်ထားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
တက်သစ်
လွန်ခဲ့သော ၃ ပတ် ကလာမဲ့ရာသီမှာ ဘယ်စိုက်ပျိုးသီးနှံစျေးကွက်ကောင်းနိုင်ပါသလဲဗျ
Than Zaw
လွန်ခဲ့သော ၄ ပတ် ကမုန်ညှင်းဆီစားသုံးမှု
Aung zaw
လွန်ခဲ့သော ၁ လ ကစပါးဈေး
Mg King
လွန်ခဲ့သော ၁ လ ကယနေ့မှော်ဘီဝက်ခြံဖမ်းစျေး
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....