တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၃-၁၇.၇.၂၆)
အိန္ဒိယ၊ တရုတ်အပါအဝင် ပြည်ပနိုင်ငံများ၏ ဝယ်လိုအား အပြောင်းအလဲကြောင့် ပဲ၊ ပြောင်း၊ နှမ်းတို့၏ ပြည်တွင်းပြည်ပ ဈေးနှုန်းများ အပြောင်းအလဲရှိနေသည်။ ပို့ကုန်ပဲများ ဈေးနှုန်းအပြောင်းအလဲနှင့်အတူ ပြည်တွင်းအဓိကစားသုံးသည့် ပဲများလည်း ဈေးနှုန်းပြောင်းလဲလျက်ရှိသည်။
ဈေးအတက်အကျများနှင့် မတ်ပဲ
၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း ပြည်ပမှ မတ်ပဲတန်ချိန် ၂ ဒသမ ၉ သိန်းကျော်သာ တင်သွင်းခဲ့သည့် အိန္ဒိယနိုင်ငံတွင် ဇူလိုင်လ ပထမရက်သတ္တပတ်မှစတင်၍ မတ်ပဲဈေးနှုန်း ဆက်တိုက်မြင့်တက်လာသည်။ အိန္ဒိယ၏ မတ်ပဲတင်သွင်းမှုကို ၂၀၂၅ ခုနှစ် ပထမ ၅ လနှင့် နှိုင်းယှဉ်လျှင် ယခုနှစ် တင်သွင်းနိုင်မှုမှာ ၂၇ ရာခိုင်နှုန်း လျော့နည်းနေသည်။
ထို့ကြောင့် ဇူလိုင်လ ၁၄ ရက်နေ့အထိ မတ်ပဲဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ဈေးနှုန်းပြန်လည်ကျဆင်းလာသည်။ ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ FOB ဈေးနှုန်းမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀ ခန့်အထိ ဈေးနှုန်းအပြောင်းအလဲ ရှိနေသည်။ ဇူလိုင်လ ၁၃ ရက်နေ့ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ FAQ ၏ FOB တစ်တန်ဈေးနှုန်းမှာ ဒေါ်လာ ၈၇၀ ရှိရာမှ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပဲတစ်တန်လျှင် ဒေါ်လာ ၉၁၀ သို့ ဈေးမြင့်တက်ခဲ့ပြီးဇူလိုင်လ ၁၆ ရက်နေ့တွင် ပဲတစ်တန်လျှင် ဒေါ်လာ ၉၀၀ သို့ ဈေးပြန်ကျသည်။
ထို့အတူ မတ်ပဲ SQ ကလည်း ပဲတစ်တန်လျှင် ဒေါ်လာ ၉၆၅ မှ ဒေါ်လာ ၁,၀၀၅ အထိ ဈေးတက်ခဲ့ပြီး ဒေါ်လာ ၉၉၅ သို့ ဈေးပြန်ပြောင်းသွားသည်။ ဘရာဇီးမတ်ပဲအဝင် မျှော်လင့်ချက်သတင်းများနှင့်အတူ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲဈေးနှုန်းမှာ အနည်းငယ် ကျရိပ်သန်းလာသည်။ မြန်မာဈေးကွက်တွင်လည်း မတ်ပဲ FOB ဈေးနှုန်းမှာ တက်ဈေး၌သာ ရှိနေသော်လည်း ပြည်တွင်းဈေးနှုန်းမှာမူ အပြောင်းအလဲများ ရှိနေသည်။
ယခုရက်သတ္တပတ် မတ်ပဲ FOB ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ၄၅ ဒေါ်လာခန့် ဈေးမြင့်သွားသည်။ ဈေးကွက်အဖွင့်ရက်တွင် မတ်ပဲ FAQ တစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၈၁၀ / ၈၂၀ ရှိရာမှ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဒေါ်လာ ၈၅၅ / ၈၆၅ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၀၀ / ၉၁၀ မှ ဒေါ်လာ ၉၅၀ / ၉၆၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
မတ်ပဲပြည်တွင်းဈေးနှုန်းမှာ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် ဈေးတက်ပြီးနောက် ဈေးနှုန်းအနည်းငယ် ပြန်ကျလာသည်။ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၄၃၅,၀၀၀ မှ ကျပ် ၃,၆၀၄,၀၀၀ သို့ ဈေးတက်ပြီး ကျပ် ၃,၅၅၆,၀၀၀ သို့ ဈေးပြန်ပြောင်းသွားသည်။ မတ်ပဲ SQ သည်လည်း တစ်တန်လျှင် ကျပ် ၃,၇၈၅,၀၀၀ မှ ကျပ် ၃,၉၆၄,၀၀၀ သို့ ဈေးတက်ပြီး ကျပ် ၃,၉၂၁,၀၀၀ သို့ ဈေးပြန်ပြောင်းသွားသည်။

ပဲတီစိမ်းအမျိုးအစားအချို့ ဈေးတက်ရိပ်ပြလာ
တရုတ်နိုင်ငံမှ ဝယ်လိုအား ပျော့နေသည့် ပဲတီစိမ်းသည် ပြည်ပဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် အမျိုးအစားအလိုက် ဈေးနှုန်းအနည်းငယ် အတက်ဘက်သို့ ပြောင်းလဲမှုများ ရှိလာသည်။
အရည်အသွေးပိုင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်းနှင့် ပတ်သက်၍ သုံးသပ်ချက်အချို့ ရှိခဲ့သော်လည်း ပဲတီစိမ်းအမျိုးအစားအချို့ ဈေးလှုပ်လာသည်။ သို့သော် ပြည်ပရောင်းချသည့် ပဲတီစိမ်း FOB ဈေးနှုန်းမှာမူ ကျဈေးတွင် ငြိမ်နေသည်။
ယခုရက်သတ္တပတ် ပြည်ပရောင်းချသည့် ပဲတီစိမ်း FOB ဈေးနှုန်းမှာ ပဲတီစိမ်း (အညာ) FAQ အမျိုးအစား တစ်တန်လျှင် FOB ဈေး ဒေါ်လာ ၇၅၀ / ၇၆၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၉၀၀ / ၉၁၀ ဈေးဖွင့်ထားသည်။
ပဲတီစိမ်းပြည်တွင်းဈေးနှုန်းမှာ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ မှ ကျပ် ၅,၅၈၀ သို့ ဈေးပြောင်းလဲသွားသည်။ သို့သော် ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ / ၄,၀၂၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ မှာ တစ်ပိဿာလျှင် ကျပ် ၄,၈၃၀ / ၄,၈၅၀ ဖြင့် ဈေးငြိမ်နေသည်။
ဆီထွက်သီးနှံနှမ်းဈေး အပြောင်းအလဲ
ပြည်တွင်းစားအုန်းဆီဈေး မြင့်တက်မှုနှင့်အတူ လိုက်ပါဈေးနှုန်းပြောင်းလဲခဲ့သည့် ဆီထွက်သီးနှံနှမ်းသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းပြည်ပဈေးနှုန်းများ ကျဆင်းလာသည်။
တရုတ်ကုန်သည်များ၏ ဝယ်လိုအားလျော့နည်းမှုကြောင့် ရန်ကုန်ဈေးကွက်တွင် နှမ်းအမျိုးအစားအချို့၏ FOB ဈေးကျလာသည်။ တရုတ်ကုန်သည်များ အများဆုံးဝယ်ယူသည့် နှမ်းနက် (စမုံ) က တစ်တန်လျှင် ဒေါ်လာ ၄၀ ခန့် ဈေးကျသွားသည်။ နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၂၁၅ / ၂,၂၂၅ မှ ဒေါ်လာ ၂,၁၇၅ / ၂,၁၈၅ သို့လည်းကောင်း၊ နှမ်းညိုသည်လည်း တစ်တန်လျှင် ဒေါ်လာ ၁,၃၁၀ / ၁,၃၂၀ မှ ဒေါ်လာ ၁,၂၉၅ / ၁,၃၀၅ သို့လည်းကောင်း ဈေးပြောင်းလဲပြီး နှမ်းဖြူမှာမူ တစ်တန်လျှင် ဒေါ်လာ ၁,၃၅၅ / ၁,၃၆၅ ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းဈေးကွက်တွင် နှမ်းဈေးနှုန်းမှာ အမျိုးအစားအားလုံး ဈေးကျနေသည်။ နှမ်းဖြူ(ဂျပန်)မှာ တစ်တန်လျှင် ကျပ် ၅,၃၀၀,၀၀၀ ကျော် မှ ကျပ် ၅,၁၉၀,၀၀၀ ကျော်သို့လည်းကောင်း၊ နှမ်းညို(သစ်)မှာ တစ်တန်လျှင် ကျပ် ၅,၃၀၀,၀၀၀ ကျော် မှ ကျပ် ၄,၉၆၀,၀၀၀ ကျော်သို့လည်းကောင်း၊ နှမ်းနက်(စမုံ)မှာ တစ်တန်လျှင် ကျပ် ၇,၇၅၀,၀၀၀ ကျော်မှ ကျပ် ၇,၆၀၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးမြင့်
မြန်မာနိုင်ငံ၏ ကြက်သွန်နီအဓိက စိုက်ပျိုးရာ တိုင်းဒေသကြီး ၃ ခုတွင် ကြက်သွန်နီလက်ကျန် လျော့နည်းမှုက ပြည်တွင်းဈေးနှုန်းကို တွန်းအားဖြစ်လာစေသည်။ လက်ရှိ မကွေးတိုင်းဒေသကြီးတွင် ကြက်သွန်လက်ကျန် အနည်းဆုံးဖြစ်လာသကဲ့သို့ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း လက်ကျန်လျော့နည်းသည်။ ထို့ကြောင့် ရန်ကုန်သို့ ကြက်သွန်ကားအဝင် လျော့နည်းပြီး ဈေးကွက်အတွင်း ကြက်သွန်ဈေး မြင့်တက်လာခြင်းဖြစ်သည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၅၇၅ / ၇၉၅ မှ ဒေါ်လာ ၆၆၀ / ၈၈၀ သို့ ဈေးပြောင်းလဲသွားသည်။
ပြည်တွင်းကြက်သွန်ဈေးနှုန်းမှာ ဆိတ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၄,၈၀၀ မှ ၅,၀၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၄,၉ ၅၀ မှ ၅,၂၀၀ သို့ ဈေးပြောင်းလဲသွားသည်။
ထို့ပြင် ပြည်တွင်းအဓိကစားသုံးသည့် ကြက်သွန်ဖြူသည် ပြည်ပ FOB ဈေး အနည်းငယ်တက်သော်လည်း ပြည်တွင်းဈေး ငြိမ်နေသည်။ ကြက်သွန်ဖြူ FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၁,၂၀၀ / ၁,၄၈၀ မှ ဒေါ်လာ ၁,၂၄၅ / ၁,၅၂၅ သို့ ပြောင်းလဲသွားသည်။ ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းမှာ ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၁,၃၀၀၊ အောင်ပန်းထူး-၂ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀၊ ထူး-၃ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀၊ ထူး-၄ တစ်ပိဿာလျှင် ကျပ် ၇,၅၀၀၊ ထူး-၅ တစ်ပိဿာလျှင် ကျပ် ၈,၅၀၀ ဖြင့် ဈေးငြိမ်နေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
nyein chan
လွန်ခဲ့သော ၃ ပတ် ကပဲဒီစိမ်းကြောင်း သုံးသပ်ချက်လေး သိချင်တယ် ဆရာတို့ရေ့
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026