သီးနှံဈေးကွက်သုံးသပ်ချက် (၂၈.၄-၂.၅.၂၀၂၅)
မတ်ပဲ၊ ပဲစဥ်းငုံက စျေးထပ်ကျသွားပြီး ပဲတီစိမ်းကစျေးတက်လာပါတယ်။ ကုလားပဲ၊ ကြက်သွန်နီစျေးအေးပါတယ်။
မတ်ပဲ
မတ်ပဲကတော့ မေလရဲ့ပထမအစမှာ စျေးတန်းထပ်ကျလာပါတယ်။ သင်္ကြန် မတိုင်ခင်ကာလက တစ်တန်ကို သိန်း ၃၁ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက်မှာ ဆက်တိုက် ပြန်ပြီး စျေးတန်းကျရိပ်ပြလာနေတာဖြစ်ပါတယ်။
မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယမှာ ဝယ်လိုအားနည်းနေပြီးစျေးကျနေတာကြောင့် မြန်မာဘက်မှာပါစျေးပြန်အေးသွားတာဖြစ်တယ်လို့သိရပါတယ်။ မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၁၅၀၀၀ ကျပ်မှ ၃၀၃၆၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။
အရင်အပတ် တနင်္လာနေ့ကနေ သောကြာနေ့ အထိကို ကျပ်သိန်း ၃၀၅၀၀၀၀ မှ ၃၀၅၅၀၀၀ ကျပ်အတွင်း စျေးတန်း ဖြစ်ပေါ်ခဲ့တာကြောင့် ခုအပတ်မှာ တစ်တန်ကို ၁၉၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ဝန်းကျင်စျေးတန်းထပ်ကျလာပါတယ်။
ပဲစဉ်းငုံ
ပဲစဥ်းငုံကလည်း ခုတစ် ပတ်မှာ စျေးတန်းထပ်ကျလာပြန်ပါတယ်။ တစ်တန်ကိုမှ အမြင့်ဆုံး ၂၉၅၀၀၀၀ ကျပ်သာရှိခဲ့ပါတယ်။
ပဲစဥ်းငုံ ကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ လက်ရှိမှာအိန္ဒိယဘက်ကစျေးအေးနေသလို ပြည်တွင်းနိုင်ငံခြားငွေစျေးကလည်း အကျဘက်မှာငြိမ်နေတာကြောင့် ပို့ကုန်ပဲစျေးကွက်လည်း ကျရိပ်ပြနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၁၂၀၀၀ မှ ၂၉၅၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။
အရင်အပတ်တုန်းက ပဲစဉ်းငုံနီ တစ်တန်ကို ကျပ်သိန်း ၂၉၅၅၀၀၀ မှ ၂၉၇၂၀၀၀ ကျပ်အတွင်း စျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၂၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျော်စျေးထပ်ကျလာပါတယ်။
ကုလားပဲ
သင်္ကြန် ကာလအပြီး ဧပြီနောက်ဆုံးပတ်အထိ စျေးတန်းမြင့်တက်ခဲ့တဲ့ကုလားပဲကတော့ မေလအစပထမရက်မှာ စျေးတန်းကျရိပ်ပြလာတာတွေ့ရပါတယ်။ စျေးတန်းကျရိပ်ပြပေမယ့် အရောင်းအဝယ်ပုံမှန်ရှိပြီး ပဲခွဲစက်တွေကလည်း အဝယ်ရှိနေတယ်လို့ သိရပါတယ်။
ကုလားပဲက ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုဝယ်လိုအားနဲ့ လက်ကျန်အပေါ်လိုက်ပြီး စျေးအတက်အကျရှိတယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲခြမ်း တစ်ပိဿာကို ၅၈၀၀ မှ ၆၃၀၀ ကျပ်ရှိနေပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာတော့ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ၂၄၀၀၀၀ မှ ၂၄၂၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၅၅၀၀၀ မှ ၂၆၀၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၃၄၀၀၀ မှ ၂၃၅၀၀၀ ကျပ်စျေးတန်းရှိတယ်လို့သိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ခုတစ်ပတ် မေလအစမှာ စျေးတန်း တက်လာပါတယ်။ ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းလက်ကျန်နည်းလာတဲ့အတွက် စျေးတန်းထပ်မံတိုက် မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၆၃၃၀ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၅၈၃၀ ကျပ်မှ ၅၈၅၀ ကျပ် နဲ့ တစ်ပိဿာကို ၂၅၀ ကျပ်မှ ၃၃၀ ကျပ်နူန်း အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၈၃၀ မှ ၅၈၅၀ ကျပ်နဲ့ စျေးတန်းငြိမ်နေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ယခုအချိန်ထိ စျေးတန်းအကျဘက်မှာပဲဆက်ရှိနေသေးတယ်လို့သိရပါတယ်။ ကြက်သွန်နီအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့်စျေးတန်းအေးနေတာဖြစ်ပါတယ်။ စျေးတန်း အေးနေပေမယ့် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ အခုတစ်ပတ်မှာ အရောင်းအဝယ်သွက်လာတယ်လို့သိရပါတယ်။
မေ ၂ ရက်နေ့ ဘုရင့်နောင် မှာ ဆိပ်ဖြူကြက်သွန်က တစ်ပိဿာကို ၈၅၀ မှ ၁၉၀၀ ကျပ် ၊ မြင်းခြံကြက်သွန်က တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မြစ်သားကြက်သွန်က တစ်ပိဿာကို ၁၀၀၀ ကျပ်မှ ၂၄၀၀ ကျပ်နဲ့ ပခုက္ကူကြက်သွန်က ၁၀၀၀ ကျပ်မှ ၁၆၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026