တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁ .၁၀ . ၂၀၂၅)
အောက်တိုဘာလ၏ နောက်ဆုံးပတ်တွင် ပဲမျိုးစုံဈေးကွက်၌ မတ်ပဲဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ပဲစင်းငုံ၏ ပြည်တွင်းဈေးနှုန်းလည်း လိုက်ပါကျဆင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် မိုးစပါးဈေးကွက်သည်လည်း အေးစက်နေဆဲဖြစ်သော်လည်း အာလူးဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်းနှင့် သကြားဈေးနှုန်းများ ထပ်မံကျဆင်း ခဲ့ကြောင်း ကုန်စည်ဒိုင်များမှ သိရသည်။
မတ်ပဲ
မတ်ပဲဈေးနှုန်းသည် အောက်တိုဘာလ နောက်ဆုံးပတ်အထိ ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း တစ်တန်လျှင် ကျပ် ၇၀,၀၀၀ ကျော် ထပ်မံဈေးကျခဲ့သည်။
FOB ဈေးနှုန်း: မတ်ပဲ (FAQ) ၏ FOB ဈေးနှုန်းမှာလည်း ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၀ ပြန်ကျသွားပြီး တစ်တန်လျှင် ဒေါ်လာ ၇၀၀ မှ ၇၁၀ သာရှိတော့သည်။
လက်ရှိတွင် ဆောင်းမတ်ပဲများ စိုက်ပျိုးရန်အတွက် မျိုးပဲဝယ်ယူမှုရှိသော်လည်း ယခင်သိုလှောင်ထားသော မတ်ပဲများကို ထုတ်ရောင်းချမှုများနေခြင်း နှင့် ပြည်ပဝယ်လိုအား နည်းနေခြင်းကြောင့် ဈေးကွက်ဆက်လက်ကျဆင်းလာခြင်း ဖြစ်သည်။
ရန်ကုန်ဈေးကွက် တွင် FAQ က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကျပ် ၂,၆၉၅,၀၀၀ မှ ၂,၇၁၀,၀၀၀ ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၂,၆၅၇,၀၀၀ (တနင်္လာ) မှ ၂,၆၃၀,၀၀၀ (သောကြာ) အထိ ဆက်တိုက်ကျဆင်းခဲ့သည်။
ပဲစင်းငုံ
ပဲစင်းငုံသည် ပြည်ပရောင်းဈေး (FOB) တက်လာသော်လည်း ပြည်တွင်းဈေးကွက်၌ ပြန်လည်ကျဆင်းခဲ့သည်။
FOB ဈေးနှုန်းသည် အရင်တစ်ပတ်တွင် တစ်တန်လျှင် ဒေါ်လာ ၆၅၀ မှ ၆၆၀ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ဒေါ်လာ ၆၇၀ မှ ၆၈၀ အထိ မြင့်တက် လာခဲ့သည်။ပြည်တွင်းဈေးနှုန်း: FOB ဈေးတက်သော်လည်း ပြည်တွင်းဈေးကွက်တွင်မူ တစ်တန်လျှင် ကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ကျော်အထိ ဈေးကျသွားသည်။
လက်ရှိတွင် ပြည်တွင်း၌ လက်ကျန်နည်းနေပြီး ပြည်ပအဝယ်နှင့် ပဲခွဲစက်များလည်း အဝယ်ရှိနေသည်။
ရန်ကုန်ဈေးကွက် တွင် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကျပ် ၂,၆၄၀,၀၀၀ မှ ၂,၆၉၀,၀၀၀ ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၂,၅၇၇,၀၀၀ (တနင်္လာ) မှ ၂,၆၄၀,၀၀၀ (သောကြာ) သို့ ပြန်လည်တက်လာသော်လည်း ယခင်အပတ်ထက် နိမ့်ကျနေဆဲဖြစ်သည်။

စပါးဈေးကွက်
မိုးစပါးအသစ်ဈေးကွက်သည် ဒေသအလိုက် ဈေးနှုန်းကွာဟမှုများရှိနေပြီး ဈေးကွက် အေးစက်နေဆဲဖြစ်သည်။
စပါးတင်း ၁၀၀ ကို အမြင့် ဆုံး ကျပ် ၁၁ သိန်းသာ ရရှိနေပြီး အချို့နေရာများတွင် ကျပ် ၁၀ သိန်း ၅၀,၀၀၀ သာ ရရှိနေသည်။ ကောက်ညှင်း၊ ဧရာပဒေသာ၊ ဧရာမင်း၊ ပေါ်ဆန်း အုပ်စုဝင် စပါးများကသာ ကျပ်သိန်း ၂၀ အထက် ဈေးပေါက်နေသည်။
စပါးအရည်အသွေးညံ့ပြီး အစိမ်းစေ့ပါဝင်သော စပါးများ မှာ ဈေးနှိမ်ခံရခြင်း နှင့် ဝယ်ယူသူ မရှိသလောက်ရှားပါးခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
တောင်သူအများစုသည် ယခုနှစ်မိုးစပါးအသစ်များကို အခြောက်လှန်း သိုလှောင်ခြင်း မပြုတော့ဘဲ စပါးအစိုကိုသာ ရောင်းချမှုများပြား နေကြောင်း သိရသည်။
အာလူး
အာလူးသည် အောက်တိုဘာလထဲတွင် ဝယ်လိုအားရှိနေခြင်းကြောင့် ဈေးကွက်ကောင်းလာခဲ့သည်။ သို့သော် ကုန်သည်များက နိုဝင်ဘာလတွင် ဈေးကွက်ပြန်အေးသွားနိုင်သည်ဟု သုံးသပ်ထားကြသည်။
စက်တင်ဘာလကုန်နှင့် နှိုင်းယှဉ်ပါက မားကစ် S2 / S3 နှင့် မျက်နီ S2 / S1 တို့မှာ တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ကျော်ခန့် ဈေးတက်လာခဲ့သည်။ အောင်ပန်းကုန်စိမ်းဈေးနှုန်ကတော့ (အောက်တိုဘာ ၃၁) မှာ မားကစ် S2 / S3 က ကျပ် ၇,၅၀၀ မှ ၇,၈၀၀ ၊ မျက်နီ S2 / S1 က ကျပ် ၇,၃၀၀၊ ဂေါ်လီဆိုဒ်ကကျပ် ၂,၅၀၀ ပေါက်ဈေးရှိနေသည်။
သကြား
သကြားဈေးနှုန်းသည် ယခု အောက်တိုဘာလတွင် ထပ်မံကျဆင်းသွားသည်။ ယခုလတွင် သကြားတစ်ပိဿာကို ကျပ် ၃,၇၅၀ မှ ၄,၂၀၀ သာရှိပြီး၊ အရင်လက ကျပ် ၄,၂၀၀ မှ ၄,၆၅၀ ရှိခဲ့ရာမှ တစ်ပိဿာလျှင် ကျပ် ၄၅၀ ဈေးကျဆင်းသွားခြင်းဖြစ်သည်။
ကမ္ဘာ့သကြားဈေးကွက်မကောင်းသောကြောင့် ပြည်ပတင်ပို့မှု လျော့ကျ ပြီး ပြည်တွင်း၌ လက်ကျန်ပမာဏများနေခြင်း ကြောင့် ဈေးကျဆင်းလာခြင်းဖြစ်သည်ဟု သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....