တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် ( ၂၂ - ၂၆.၉. ၂၀၂၅)
မတ်ပဲ
မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပြန်ပါတယ်။ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အတွင်း တစ်တန်ကို ၂၉ သိန်းအောက်ပြုတ်ကျခဲ့ပြီး သောကြာနေ့မှာတော့ ၂၉ သိန်းကျော်ပြန်တက်တာတွေ့ရပါတယ်။ FOB စျေးလည်း ဒေါ်လာ ၂၀ လောက် ကျဆင်းသွားပါတယ်။ ပြည်ပ ဝယ်လိုအားနည်းတဲ့အတွက်စျေးကျတာနေတာဖြစ် ပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ သာရှိပါတော့တယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က ၂၉၁၂၀၀၀ ၊ အင်္ဂါနေ့က ၂၈၅၈၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ တော့ ၂၈၇၀၀၀၀ ၊ ကြာသပတေးနေ့ မှာ ၂၈၇၇၀၀၀၊ သောကြာနေ့ မှာ ၂၉၁၀၀၀၀ ရှိပါတယ်။
အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာမှ သောကြာနေ့အတွင်း ၂၉၁၈၀၀၀ မှ ၂၉၅၉၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ ကျပ်လောက် စျေးထပ်ကျလာတာဖြစ်ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံက အခုတစ်ပတ်မှာလည်း စျေးကျနေဆဲဖြစ်ပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ မှ ၁သိန်းကျော်လောက် စျေးကျခဲ့တာဖြစ်ပါတယ်။ FOB စျေးလည်း ဒေါ်လာ ၂၀ ကျသွားပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ အတွင်းသာရှိပါတော့တယ်။ ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့် စျေးကွက်ကျနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၃၀၀၀၀၊ အင်္ဂါနေ့ မှာ ၂၃၈၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၃၆၀၀၀၀ ၊ ကြာသပတေးနေ့ မှာ ၂၃၇၀၀၀၀ ၊ သောကြာနေ့ မှာ ၂၃၉၇၀၀၀ စျေးသာရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၄၄၀၀၀၀ မှ ၂၄၉၈၀၀၀ ကျပ်ရှိခဲ့ပါတယ်။
ကြက်သွန်ဖြူ
စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်ဖြူကတော့ အခုတစ်ပတ်မှာ စျေးထပ်ကျလာပါတယ်။ စျေးကွက်အတွင်းကို တရုတ်မှ ကြူကုတ်ကြက်သွန်ဖြူဝင်ရောက်မှု ရှိလာခြင်း ၊ ရှမ်းကြက်သွန်က ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်း စတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ ရှမ်းကြက်သွန်တွေက ရောင်းလိုအားများနေတဲ့အတွက် စျေး အတက်ဘက်ကိုပြန်ရောက်ဖို့ ခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၁၅၀၀ ကျပ်သာရှိပြီး ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၂၅၀၀ မှ ၂၈၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၃၅၀၀ မှ ၃၈၀၀ ကျပ်၊အောင်ပန်းထူး ၄က ၅၀၀၀ မှ ၅၂၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၀၀၀ ကျပ်သာရှိပါတယ်။

ကုလားပဲ
ကုလားပဲက အခုတစ်ပတ်မှာလည်းစျေးထပ်ကျပါတယ်။ ပဲအမျိုးအစားအလိုက် ၃၀၀၀ ကနေ ၁၂၀၀၀ ကျပ်အထိ ကျပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် စားသုံးမှုနည်းပြီး ပဲခွဲစက်တွေအဝယ်အေးပါက စျေးကျဆင်းတတ်တယ်လို့သိရပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်ရှိ ပြီး ၁၂၀၀၀ ကျပ်ကျကာ ၊ ကုလားပဲ (V7) က ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ်စျေးထပ် ကျပါတယ်။ ကုလားပဲ (929) ကလည်း ၂၃၄၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ်ကျပါတယ်ကုလားပဲထိုင်ဝမ်က ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိလို့ ၃၀၀၀ မှ ၅၀၀၀ ကျပ်အတွင်းစျေးထပ်ကျ ပါတယ်။
စားတော်ပဲ
ယခုတစ်ပတ်မှာ စားတော်ပဲ (ကျွန်း) က စျေးတက်လာပြီး စားတော်ပဲ ( ကနေဒါ) က စျေးထပ်ကျဆင်းသွားပါတယ်။ ပြည်တွင်းပဲစျေးကွက်မှာစားတော်ပဲ(ကျွန်း)က လက်ကျန်နည်းပြီး စျေးကွက်ထဲကို ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးကွက်ကအတက်မှာပဲရှိနေတာဖြစ် ပါတယ်။
စျေးကွက်ထဲမှာ စားတော်ပဲ (ကျွန်း) နဲ့ စားတော်ပဲ (ကနေဒါ) သာ ဝင်ရောက်မှုရှိနေပါတယ်။ ကနေဒါစားတော်ပဲက စားသုံးမှုနည်းတယ်လို့သိရပါတယ်။ စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တတ်ပြီး ဝယ်လိုအားကျပါက စျေးကွက်လည်းကျဆင်းတတ်ပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ ကနေဒါ က ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၃၇၀၀၀၀ ကျပ်သာရှိပြီး အရင်တစ်ပတ်ကထက် ၂၀၀၀၀ ကျပ်ကျလာကာ စားတော်ပဲ ( ကျွန်း) ကတော့ တစ်အိတ်ကို ၇၄၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀၀ ကျပ်တက် လာပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ဇင်နွယ်ဝင်း
လွန်ခဲ့သော ၁၀ လ ကကြက်သွန်ဖြူစျေးပြန်တက်လာနိုင်သးလားရှင့်
ဇင်နွယ်ဝင်း
လွန်ခဲ့သော ၁၀ လ ကကြကါသွန်စျေးပြန်တက်လာနိုက်ျသးလားရှင့်
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....