စက်တင်ဘာလ (၁၁)ရက် မှ (၁၅)ရက်နေ့ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သော ကုန်စည်စျေးနှူန်းများစာရင်း
ဒီတစ်ပတ်မှာတော့ မတ်ပဲက အကျစျေးနဲ့ စျေးပြန်ဖွင့်ခဲ့ပြီး တစ်ပတ်လုံးမှာ စျေးကွက်အပြောင်းအလဲက တည်ငြိမ်မှုမရှိခဲ့ပါဘူး။ ပဲစင်းငုံကတော့ လက်ရှိအချိန်ထိ အကျစျေးနဲ့ပဲ တည်ငြိမ်နေခဲ့ပါတယ်။ ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ စျေးပြန်လည်ကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲ(FAQ/RC)အကျစျေးနဲ့ စျေးကွက်မတည်ငြိမ်
စက်တင်ဘာ ပထမအပတ်မှာ တက်ရိပ်အနည်းငယ်ပြခဲ့တဲ့ မတ်ပဲက ဒုတိယအပတ်မှာတော့ အကျစျေးနဲ့ စျေးပြန်ဖွင့်ခဲ့ပြီး စျေးကွက်အတွင်း အပြောင်းအလဲများခဲ့ပါတယ်။ တစ်တန်ကို ငါးသိန်းခွဲပတ်ချာလည် အခြေအနေနဲ့အတက်အကျ အပြောင်းအလဲရှိနေခဲ့ပြီး ဒီထက် စျေးတက်လာနိုင်သေးတဲ့ အခြေအနေမရှိသေးပါဘူး။
မတ်ပဲကအိန္ဒိယကိုသာ အဓိကတင်ပို့နေရတဲ့အတွက် အိန္ဒိယနိုင်ငံမှာ တင်သွင်းခွင့်ကို ပြောင်းလဲ ပြင်ဆင်ခြင်း မပြုသရွှေ့ မတ်ပဲ စျေးကလက်ရှိမှာ ပြောင်းလဲနိုင်ခြင်း မရှိနိုင်ဘူးလို့သိရပါတယ်။
လက်ရှိမတ်ပဲ ပေါက်စျေးကတော့ ငါးသိန်းခွဲဝန်းကျင်မှာသာ အပြောင်းအလဲ ဖြစ်နေပါတယ်။
ပဲစင်းငုံအကျစျေးနဲ့ စျေးငြိမ်
ပဲစင်းငုံကဒီတစ်ပတ်မှာတော့အကျစျေးနဲ့ စျေးငြိမ်နေခဲ့ပါတယ်။တစ်တန်ကို လေးသိန်းနှစ်သောင်းနဲ့ထောင်ဂဏန်းလောက်သာအတက်အကျအပြောင်းအလဲရှိခဲ့ပါတယ်။
ပဲစင်းငုံကတော့ မတ်ပဲနဲ့ယှဉ်ရင် စျေးကွက်မှာ အရမ်းကို စျေးငြိမ်တဲ့ ပဲတစ်မျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲကသာအထွက်တိုးနေပေမယ့် ပဲစင်းငုံကတော့ အထွက်လျော့နေတဲ့အတွက် စျေးကလက်ရှိအချိန်မှာ ခန့်မှန်းရခက်တဲ့ အနေအထားတစ်ခုလည်း ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က အိန္ဒိယဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး စာချုပ်ချုပ်ထားပြီးပါက ဆက်လက်တင်ပို့ခွင့်ပြုတယ်ဆိုတဲ့ ဖြေလျော့မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲတင်ပို့မှုက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ပဲ တစ်ခြားနိုင်ငံပါ ပါဝင်နေတဲ့အတွက် ထိရောက်တဲ့ ဖြေလျော့မှုတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
ကြက်သွန်နီ စျေးအနည်းငယ်ကျဆင်း
သြဂုတ်လ နောက်ဆုံးအပတ်ကနေစပြီး တစ်ဖြေးဖြေး စျေးမြင့်တက်ခဲ့တဲ့ ကြက်သွန်နီက စက်တင်ဘာ ဒုတိယအပတ်မှာတော့ စျေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။
ကြက်သွန်အသစ်ပေါ်ဖို့အတွက် အချိန်သိပ်မလိုတဲ့အချိန်မှာ ဝယ်ယူသိုလှောင်သူတွေ ပြန်လည်ရောင်းချသူတွေကြောင့် စျေးကွက်အတွင်းမှာ ကမောက်ကမဖြစ်တာလို့သိရပါတယ်။ စျေးကွက်အတွင်း ကြက်သွန်အလုံအလောက်ရှိနေပေမယ့် သိုလှောင်သူတွေကြောင့် စျေးကွက်အတွင်း စျေးမြင့်တက်ခဲ့တာပါ။
တစ်ပိဿာကို အနိမ့်ဆုံး ၁၇၀၀ ကနေ အမြင့်ဆုံးစျေး ၂၂၅၀ ထိ စျေးမြင့်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ၁၇၀၀ ကနေ ၂၀၅၀ အထိ တစ်ပိဿာကို ၂၀၀ လောက် စျေးကျဆင်းသွားခဲ့ပါတယ်။
စီပီပြောင်းစျေးဆက်တက်
တရုတ်နိုင်ငံကို အဓိကထား တင်ပို့နေတဲ့ စီပီပြောင်းက စျေးဆက်တက်လာပါတယ်။ တစ်ပိဿာကို ၅၂၀ ကနေ ၅၉၀ ထိ ပေါက်စျေးရှိနေပြီး လက်ရှိအချိန်မှာတော့ တစ်ပိဿာကို ၃၀ကျပ်လောက် စျေးမြင့်တက်လာခဲ့ပါတယ်။
တရုတ်နိုင်ငံက အဝယ်သွက်နေတဲ့အတွက် စျေးက မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ပုံမှန် မူဆယ်ကနေတဆင့် တရုတ်နိုင်ငံကို ပြောင်းကားအစီးရေ ၄၀၀ နီးပါး နေ့စဉ်ဝင်ရောက်နေပြီး ပြီးခဲ့တဲ့တစ်လလုံး ပြောင်းတန်ချိန် လေးသောင်းကျော် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
လက်ရှိပြောင်းပေါက်စျေးကတော့ တစ်ပိဿာကို ၅၄၀ ကနေ ၆၀၀ ရှိပါတယ်။
ကုလားပဲစျေးဆက်မြင့်
ကုလားပဲမျိုး ဝယ်ယူမှုများနေတဲ့အတွက် ကုလားပဲစျေးကတော့ ဆက်ပြီး မြင့်နေပါတယ်။ လက်ရှိမှာ ပြည်တွင်းက ဝယ်လက်ဝယ်ယူမှုများနေပြီး ပဲခွဲစက်တွေကလည်း ပုံမှန်ဝယ်ယူနေတဲ့အတွက် စျေးကအတက်စျေးနဲ့ရှိနေပါတယ်။
လက်ရှိကုလားပဲစျေးက တစ်တင်းကို လေးသောင်းခွဲလောက် စျေးရရှိနေပြီး မျိုးပဲကတော့ တစ်တင်းကို ၄၆၀၀၀ လောက် ပေါက်စျေးရှိနေပါတယ်။
၀တ်ရည်မွန် (AMIA)v
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....