အစိမ်းရောင်လမ်း
အိန္ဒိယရှိ မြေဟက်တာ ၃ သောင်းခန့်ကို ကျိုင်းကောင်များကျ

အိန္ဒိယရှိ မြေဟက်တာ ၃ သောင်းခန့်ကို ကျိုင်းကောင်များကျ

အိန္ဒိယနိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းတလွှား အစိတ်အပိုင်းတွေက ဟက်တာ ၃ သောင်းခွဲလောက် ကျယ်တဲ့မြေပြင်ကို ကျိုင်းကောင်တွေ ဖုံးနေပါတယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတာပါ။

 မေလ ၂၉ ရက်ကတော့ ကျိုင်းအုပ်ဟာ နိုင်ငံအနောက်ပိုင်း ချူရူမြို့ကောင်းကင်မှာ ပြည့်နေပါတယ်။

 ကျိုင်းကောင်တွေကို မောင်းထုတ်ဖို့ ဒေသခံတွေက အိုးခွက်တွေကို တီးနေပါတယ်။

 ဇွန်လရောက်မှ အစိုးရက ကျိုင်းအုပ်ကို မထိန်းချုပ်နိုင်ပါက မုတ်သုန်ဝင်ချိန် စပါး၊ ကြံ၊ ပြောင်း၊ ဝါနဲ့ ပဲပုပ်စေ့စိုက်ပျိုးမှုကို ထိခိုက်လို့ သီးနှံအထွက်ဆုံးရှုံးနိုင်တဲ့ဘေး ရှိနေတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

 အာဏာပိုင်တွေက ကျိုင်းအုပ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက် တိုးလုပ်နေပါတယ်။

 အိန္ဒိယနိုင်ငံဟာ ဆယ်စုနှစ်ချီ ကျိုင်းအုပ်ကျတာကို အဆိုးဆုံး ရင်ဆိုင်နေရတာပါ။

အထူးသဖြင့် နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်၊ ရာဂျက်စသန်နဲ့ မဟာရတ်ရှ်ထျာ၊ နိုင်ငံ အလယ်ပိုင်း မဒယာပရာဒေ့ရှ်နဲ့ ပန်ဂျပ်နိုင်ငံ မြောက်ပိုင်း ဟာယာနနဲ့ ဥတ်တာပရာဒေ့ရှ် ပြည်နယ်တွေမှာ ကျိုင်းကောင် ပြန့်ပွားမှု တိုးနေပါတယ်။

 ကျိုင်းကောင်တွေဟာ လယ်ယာထွက်ကုန်တွေအတွက် အသေအပျောက် အများဆုံး အင်းဆက်ပါ။ စားစရာအတွက် သူတို့ သွားလေရာ လမ်းတလျှောက် ကိုက်ဖြတ် စားသောက်လေ့ ရှိပါတယ်။

 ဒါ့အပြင် ကျိုင်းကျထားတဲ့ သစ်ရွက်တွေကိုစားတဲ့ တိရစ္ဆာန်တွေလည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြပါတယ်။

 ကျိုင်းအုပ်ကျတာဟာ အာဖရိကအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှဒေသတွေမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

 ဒါပေမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် နှစ်အစိတ်အတွင်း အင်းဆက်တွေ ပိုမျိုးပွားဖို့ အနေအထားတွေကို ဖန်တီးသလို ဖြစ်နေတယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။ 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....