အစိမ်းရောင်လမ်း
ယင်းချောင်းထဲတွင် သုံးနှစ်ဆက်တိုက် အာလူးအထွက်နှုန်းကျဆင်းလာ

ယင်းချောင်းထဲတွင် သုံးနှစ်ဆက်တိုက် အာလူးအထွက်နှုန်းကျဆင်းလာ

မကွေးမြို့နယ် ယင်းချောင်းအတွင်း အာလူးစိုက်ပျိုးရေးလုပ်ကိုင်သူများသည် ရာသီဥတုမမှန်မှု၊အသုံးပြုနေရသည့် သွင်းအားစုမြေသြဇာများ ကွာလတီမမှန်မှုတွေကြောင့် သုံးနှစ်ဆက်တိုက်အထွက်နှုန်းကျဆင်းလာပြီး အများစုမှာ အရှုံးပေါ်ကြကြောင်း အာလူးစိုက်ပျိုးသူများထံက သိရသည်။

ယင်းချောင်းတစ်လျှောက်မှာနေထိုင်တဲ့ ကျေးရွာတွေအနေနဲ့ မိုးကုန်ပြီး တောင်ယာလုပ်ငန်းသိမ်းချိန် ဒီဇင်ဘာလအ လယ်လောက်မှာ ကိုင်းလုပ်ငန်းအဖြစ် ယင်းချောင်းအတွင်းမှာ အာလူးကို စတင်စိုက်ပျိုးကြတာပါ။ စိုက်ပျိုးပြီးရက် (၉၀) မှာ အားလူးပေါ်တာဖြစ်ပါတယ်။ အခုချိန်မှာ ယင်းချောင်းအတွင်း အားလူးဖော်ချိန်ဖြစ်ပြီး စိုက်ပျိုးစဉ်မှာ မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများ ပိုးကျပြီး အထွက်နှုန်းနည်းကြောင်း၊ အခုလိုဖြစ်တာ သုံးနှစ်ဆက်ရှိနေပြီလို့ ယင်းချောင်းဘေးမှ တမို့ရွာနဲ့ ယင်းဆိပ်ကျေးရွာက အားလူးစိုက်တောင်သူအချို့ကပြောသည်။

"သုံးနှစ်လောက်ရှိပြီ ဖော်ခါနီး မိုးကရွာတော့ အမြန်ဖော်လိုက်ရတယ်၊ ရက်မပြည့်တော့ အာလူးညှပ်တာတွေ များတာပေါ့၊ အာလူးကို ဒီဇင်ဘာလလယ်လောက်က စပြီးစိုက်ကြပါတယ်။ စိုက်ပျိုးပြီး ရက်(၉၀)မှာ အာလူးပေါ်တာဖြစ်ပါတယ်၊ အခုချိန်မှာ ယင်းချောင်းအတွင်းအာလူးဖော်ချိန်ဖြစ်ပြီး စိုက်ပျိုးစဉ်မှာ မိုးရွာသွန်းမှုကြောင့်စိုက်ခင်းများ ပိုးကျပြီးအထွက်နှုန်းနည်းတာ "ဟု အာလူးစိုက်တောင်သူများက ပြောသည်။

အာလူးအထွက်နှုန်းကျဆင်းသလို စျေးကွက်မှာလည်း အကြီး၊ အသေး၊ အလတ်၊ အငယ်စသဖြင့် အမျိုးအစား (၅)မျိုးလောက်ခွဲကာ ရောင်းချရပြီး တောင်သူတွေအတွက် တွက်ခြေသိပ်မကိုက်ဘူးဟုအာလူးစိုက်တောင်သူများက ဆိုသည်။

လက်ရှိ စျေးကွက်ပေါက်စျေးမှာ အာလူးရှယ်စ (၁) ပိဿာကို (၅၅၀) ကျပ်ခန့် အနိမ့်ဆုံး၊ အငယ်စ (၁) ပိသာ (၂၀၀) ကျပ်ခန့် ရှိပြီး ယခုနှစ် စိုက်ခင်းများမှ အားလူးအလုံးအငယ်တွေသာ အများဆုံးထွက်တာဖြစ်သည့်အတွက် တွက်ခြေမကိုက်တာဖြစ်ကြောင်း တမို့ကျေးရွာမှ အာလူးစိုက်တောင်သူ ဒေါ်ခင်စန်းမြင့်က ပြောပြသည်။

အာလူးစိုက်တောင်သူများသည် ယခင်က ရန်ကုန်သို့ တင်ပို့ရောင်းချခဲ့ကြပေမဲ့ ၊ လက်ရှိတွင် မကွေး၊တောင်တွင်းကြီးမြို့များကို တင်ပို့ရောင်းချကြပြီး မကွေးစျေးကွက်မှာ အရောင်းအဝယ်နှေးသည့် အတွက် တောင်တွင်းကြီးစျေးကွက်ကို ပိုမိုတင်ပို့ရောင်းချကြကြောင်း သိရသည်။

သုံးနှစ်ဆက်တိုက် အထွက်နှုန်းကျဆင်းလာသည့်အတွက် လာမည့်နှစ်စိုက်ပျိုးရာသီမှာ အာလူးစိုက်ပျိုးသူ နည်းသွားမှာဖြစ်တယ်ဟု အာလူးစိုက် တောင်သူတချို့ကပြောသည်။

"အာလူး (၁)ပိသာကို (၈၀၀)ကျပ် ပေးဝယ်ရပါတယ်၊ဒါ အားလူးပေါ်ချိန်မလို့ ဒီစျေးနဲ့ ရတာပါ၊ အာလူးတွေရှားလာပြီဆို (၁) ပိသာကို ကျပ်(၂၀၀၀)အထိ ပေးဝယ်စားရပါတယ် "ဟု မကွေးမြို့မှ အိမ်ရှင်မတစ်ဦးက ပြောပြသည်။

သက်မှူးအိမ်

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....