ကြမ်းခင်းစျေးသတ်မှတ်ပေးသော်လည်း စျေးနှိမ်မှုများကြုံနေဆဲဖြစ်သောကြောင့် ယခုနှစ် စပါးရာသီအတွက် ပူပန်မှုများရှိနေ
၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင် အခြေခံရည်ညွှန်းဆန်စပါးဈေးနှုန်း တစ်တင်း ၄၆ ပေါင်ပြည့်မီသော စပါးတင်း ၁၀၀ လျှင် ကျပ်ငွေ ၅ သိန်းဟု သတ်မှတ်ပေးခဲ့သည်။ ကြမ်းခင်းစျေးအတိုင်း ပေးချေကြသော်လည်း အလေးချိန်တိုးဝယ်ယူမှုများရှိခဲ့သည်။
ဦးလေးတို့တောင်သူတွေက စပါးရိတ်သိမ်းပြီးတာနဲ့ မြေသြဇာအကြွေး၊ စိုက်ဘဏ်ချေးငွေ၊ အမျိုးမျိုးသောငွေကြေးလိုအပ်ချက်တွေရှိတယ်။ ဒါကြောင့် သိသိကြီးနဲ့ မတတ်သာပဲ ရောင်းကြရတယ်။ တိုင်ပြီးတော့ရော ဘာဖြစ်လာမှာလဲ၊ ဘယ်လိုလုပ်ပေးမှာလဲ မသေချာပဲ ဘာလုပ်နေမှာလဲ တိုင်မနေတော့ပါဘူး။
ဟု ပဲခူးတိုင်းအရှေ့ပိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ထန်းကုန်ကျေးရွာမှ စပါးစိုက်ဧက ၃၀ ကိုစိုက်ပျိုးလုပ်ကိုင်နေသူ တောင်သူကြီး ဦးလှကြိုင်မှ ပြောသည်။
ထိုကဲ့သို့ မူမမှန်ဝယ်ယူမှုများကို သိနားလည်သော တောင်သူတချို့ရှိသော်လည်း မြို့နယ်အလိုက် ပွဲစား၊ ဆန်စက်ရှင်ကြီးများ၊ ကုန်သွယ်ရေးလုပ်ငန်းရှင်များ၏ လက်ဝါးချင်းရိုက် သတ်မှတ်ချက်များကြောင့် တောင်သူများအနေဖြင့် အခွင့်အရေးမရှိခဲ့ကြောင်း သိရသည်။ ၂၀၁၉ ကစပြီး စပါးနှစ်ရာသီလုံးတွင် ဈေးကွက်ပြဿနာမှာ ပိုမိုဆိုးရွားခဲ့ကြောင်း သိရသည်။
စပါးရောင်းဝယ်ရေးလုပ်ရတာ ဈေးကွက်က လုံးဝမကိုက်တော့လို့ဆိုပြီး ပွဲစားတွေ ရွာမှာ အဝယ်မလာတော့ဘူး။ ဒါ့ကြောင့် အမတို့ မြို့ပေါ်ကဆန်စက်ကြီးတွေဆီပဲ စပါးပို့ပြီး ကြိတ်ခွဲပြီး ဆန်ပြန်သွင်းခဲ့ကြရတယ်။ ဈေးနှုန်းကိုလည်း ဆန်စက်ကြီးတွေကပြောတဲ့ ပေါက်ဈေးနဲ့ပဲ ငွေရှင်းပေးတယ်။ ပြီးမှ အိတ်ခွံခ၊ တင်ပို့ရောင်းချပေးတဲ့ကားခ၊ ကြိတ်ခဆိုပြီး ပြန်နှုတ်ယူထားတာ။ အမပြန်တွက်ကြည့်တော့ သူတို့ပြန်နှုတ်ယူထားတဲ့အိတ်ခွံခက အပြင်ကအိတ်ခွံဈေးနှုန်းတွေထက် ပိုနေတာတွေ့တယ်။ အဲ့တော့ သူတို့ ငွေရှင်းပေးတဲ့ပေါက်ဈေးဆိုတာကရော အမှန်ဟုတ်ရဲ့လား။ အမတို့တောင်သူတွေ အတိအကျမသိကြဘူး။
ဟု ရေတာရှည်မြို့နယ်၊ ထန်းကုန်ကျေးရွာမှ စပါးစိုက်ဧက ၅ ဧကကို စိုက်ပျိုးလုပ်ကိုင်နေသော အမျိုးသမီးတောင်သူ ဒေါ်အေးစုလှိုင် က ပြောသည်။
ဤကဲ့သို့ ကြုံတွေ့ခဲ့ရမှုများကြောင့် ယခုနှစ်မိုးစပါးတွင် ဖြစ်ပေါ်လာမည့် ဆန်စပါးဈေးကွက်ကိုလည်း ထိုဒေသရှိတောင်သူများအနေဖြင့် စိုးရိမ်စွာနားစွင့်နေကြကြောင်းသိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....