အစိမ်းရောင်လမ်း
သီးနှံအများစု ဈေးကွက်ပျက်နေသော်လည်း စပျစ်ဈေးကွက် နေ့စဉ်နီးပါး အရောင်းသွက်နေ

သီးနှံအများစု ဈေးကွက်ပျက်နေသော်လည်း စပျစ်ဈေးကွက် နေ့စဉ်နီးပါး အရောင်းသွက်နေ

COVID-19 ဗိုင်းရပ်စ် ပြဿနာကြောင့် သီးနှံအများစု ဈေးကွက်ကျဆင်းနေသော်လည်း စပျစ်သီးဈေးကွက်မှာမူ ပျက်ကွက်ခြင်းမရှိပဲ အရောင်းသွက်ကြောင်း စပျစ်ပင် စီးပွားဖြစ်စိုက်ပျိုးနေသူများက ပြောသည်။

ကျွန်တော်တို့ ရွာတန်းဒေသရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ စပျစ်သီးတွေကို မြို့နယ်အလိုက် နေ့စဉ် ကုန်တင်ကားကြီးတွေနဲ့ တင်ပို့နေတာ အားရဝမ်းသာစရာပါ။ အခုလို ကပ်ရောဂါ ကျရောက်တဲ့ အချိန်မှာတောင် နေ့စဉ်လိုလို စပျစ်သီးအများကြီး ဈေးကွက်ထဲအရောက်ပို့ဆောင်ရောင်းချခွင့်ရနေတာဟာလည်း စပျစ်စိုက်တောင်သူတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် အားရဝမ်းသာစရာဆိုရင် မမှားပါဘူး။

ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသမှ စပျစ်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ကိုမင်းဆက်ပိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရွာတန်းတိုက်နယ် (၂၄) ရွာတွင် စပျစ်ပင် အများအပြားစိုက်ပျိုးကြပြီး၊ ထွက်ရှိသည့် စပျစ်သီးများကို ရန်ကုန်မြို့၊ ပဲခူးမြို့၊ မော်လမြိုင်မြို့၊ မြင်းခြံမြို့၊ ရေစကြိုမြို့၊ မိတ္ထီလာမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ မကွေးမြို့၊ မူဆယ်မြို့ စသည့် တိုင်းနှင့်ဒေသအသီးသီးသို့ တင်ပို့ရောင်းချနေသည်။

ဝိုင်ထုတ်လုပ်တဲ့ စပျစ်သီးတွေကိုတော့ အေးသာယာကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးတော့ စာချုပ်ချုပ်ဆိုပါတယ်။ ဝိုင်စပျစ်ကတော့ ဈေးကွက် အထူးရှာစရာ မလိုပါဘူး။ အခုဆိုရင် တစ်ဧကကို ကုန်ချိန် (၄ဝဝဝ)လောက် စာချုပ်ချုပ်ဆိုပြီးပါပြီ။

ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

အဆိုပါ ရွာတန်းဒေသရှိ တောင်သူများမှ ဝိုင်ထုတ်လုပ်သည့် စပျစ်မျိုး(၆)မျိုး၊ စားစပျစ်အမျိုးအစား(၁၅)မျိုး ခန့်ကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....