ပြည်ပဝယ်လိုအားကောင်းမွန်လာသည်နှင့်အမျှ မြန်မာ့ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာ
ပြည်ပဝယ်လိုအားကောင်းမွန်လာသည်နှင့်အမျှ မြန်မာ့ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရှိ ရော်ဘာဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ဒီနှစ် ရာသီပြန်အစမှာ ရာသီဥတုကဖောက်ပြန်ပြီး မုန်တိုင်းတွေလည်းရှိခဲ့တော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဘက်မှာ အစေးမခြစ်ရတာမျိုးတွေရှိခဲ့တယ်။ မြန်မာနိုင်ငံဘက်မှာကလည်း အစေးမခြစ်တစ်လှည့် ခြစ်တစ်လှည့်ပါပဲ။ တရုတ်ပြည်ဘက်မှာကျတော့ ပြည်တွင်းဝယ်လိုအားတက်နေတဲ့ ကာလဖြစ်နေတယ်။ ထိုင်းနိုင်ငံက တင်ပို့တဲ့ပစ္စည်းက သိပ်မရတဲ့အတွက် မြန်မာနိုင်ငံဘက်ကနေ လှည့်ဝယ်ရတဲ့သဘောကြောင့် မြန်မာ့ရော်ဘာဈေးကွက်က ခုလိုနည်းနည်းချင်း တက်လာတာပါ။ သို့သော် ဘယ်ရက်လောက်အထိ ဈေးဆက်တက်မယ်ဆိုတာကိုတော့ အတိအကျခန့်မှန်းပြောလို့ မရနိုင်သေးပါဘူး။
ဟု ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၏ ဥက္ကဌ ဦးတေဇာတိုး က ပြောသည်။
မြန်မာ့ရော်ဘာဈေးနှုန်းအတက်အကျသည် ကမ္ဘာ့ရော်ဘာဈေးကွက်အခြေအနေနှင့် သက်ဆိုင်သည်သာမက ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းအတက်အကျနှင့် ဝယ်လက်နိုင်ငံများ၏ အစေးခြစ်နားချိန်တို့အပေါ်၌လည်း များစွာမူတည်နေသည်။
အရင်ကတော့ နယ်စပ်ကနေ တရားမဝင်ရောင်းချတာမျိုးတွေရှိခဲ့တယ်။ နောက်ပိုင်းကျတော့ တရုတ်ပြည်ဘက်က ပါမစ်သမားကိုသာ ရောင်းချခွင့်ပေးတယ်။ ပါမစ်ပေးတဲ့အခါ အချိန်တစ်ခု သတ်မှတ်ပေးတယ်။ ပါမစ်ကိုင်ထားတဲ့သူတွေက တရုတ်ပြည်ထဲကို ရော်ဘာရောင်းချတဲ့အခါ အခွန် ၂၇% လောက်သက်သာတယ်။ သူတို့ဆီက တောင်သူတွေကိုလည်း ကာကွယ်ထားတဲ့အနေနဲ့ ပြည်ပတင်သွင်းမှုကို ပမာဏတစ်ခုသတ်မှတ်ပြီးတော့ သွင်းခွင့်ပေးတာမျိုးပါ။ မြန်မာနိုင်ငံနဲ့တရုတ်ပြည်နဲ့က အခွန်ကင်းလွတ်ခွင့် မရထားတာကြောင့် ပါမစ်ပေးတဲ့အချိန်မှာမှ အခွန် ၂၇% လောက် သက်သာတာမို့ ဒီအချိန်ကို စောင့်ဆိုင်းကြရတယ်။ ဆောင်းတွင်းဘက်ဆို တရုတ်ပြည်မှာ ရာသီဥတုအေးတဲ့အတွက် အစေးခြစ်နားလေ့ရှိတယ်။ အဲ့ဒိအချိန်မှာလိုအပ်တဲ့ ရော်ဘာကို ပြည်ပကသွင်းတဲ့အခါ ယူနန်ပြည်နယ်အစိုးရကနေ ပါမစ်ချပေးတာပါ။ ဒါ့ကြောင့် အဲ့ဒီလိုအချိန်မျိုးမှာဆိုရင်လည်း ရော်ဘာဈေး ကောင်းတတ်ပါတယ်။
ဟု ဦးတေဇာတိုးက ဆက်လက်ပြောသည်။
၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၂) ရက် မုဒုံရော်ဘာပေါက်ဈေးများအနေဖြင့် မှိုင်းခံရော်ဘာ RSS 3 တစ်ပေါင်လျှင် လက်ငင်းဝယ်ဈေး (၈၀၀) ကျပ်၊ မှိုင်းသတ် ကြိုပွိုင့်ဝယ်ဈေး (၇၇၅) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026