ရှေးစပါးမျိုးတွေကို ဖော်ထုတ်သွားမယ့် အော်ဂဲနစ်ခြံ PGS လက်မှတ်ရရှိ
ကျောက်တန်းမြို့နယ်၊ စင်မကော်ကျေးရွာက လယ်မြေဧကလေးဆယ်မှာ သစ်တော ရောနှောစိုက်ခင်းအဖြစ် စတင်ထူထောင်ပြီး စပါးနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နေတဲ့ Green Farm Myanma ကို မြန်မာနိုင်ငံအော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းက အော်ဂဲနစ် PGS လက်မှတ်ကိုပေးအပ်ခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဌဖြစ်သူ ဒေါက်တာ သန်းသန်းစိန်က Green Way ကိုပြောပါတယ်။
Certificate က ခြံအနေနဲ့က စိတ်ချတယ်။ နဂိုကတည်းက မိုးရေစုထားတာတို့ ပေါင်းစည်းလယ်ယာတွေလည်း လုပ်ထားတယ်။ အော်ဂဲနစ်စိတ်ကူးတွေလည်း ရှိထားတယ်။ ဒါကြောင့် ဒီခြံကိုလက်မှတ်ပေးမယ်၊ ကျန်တဲ့ တွဲခေါ်တဲ့တောင်သူတွေကို ကူးပြောင်းတဲ့အသိအမှတ်ပြုလက်မှတ်ပေးပါမယ်။ မြေကိုပေးတာပါ။ ဒီမြေမှာ ဘာပဲ စိုက်စိုက်အကျုံးဝင်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုတာက ပညာရော၊ ငွေကြေးအားဖြင့်ရော အားနည်းတဲ့သူတွေက လုပ်ကိုင်တဲ့ ကဏ္ဍဖြစ်နေတယ်။ ဒါမယ့် အဲ့ဒါကြောင့်မို့ အဲ့ကဏ္ဍမှာ ငွေကြေးတတ်နိုင်တဲ့သူတွေက မမြှုပ်နှံချင်ကြဘူး။ ဒါက ဒီမှာမြှုပ်နှံချင်တဲ့လူတွေရှိတုန်း ဆရာမတို့က လေးစားပြီးတော့ နည်းပညာလိုအပ်ချက်တွေကို ဆရာမအနေနဲ့လုပ်သွားမယ်။ လုပ်သွားပြီးတော့ ဒေသဖွံ့ဖြိုးဖို့နဲ့ လယ်သမားတွေ အသိပညာမြင့်ပြီး အစားသောက်ဘေးကင်းအောင်လုပ်ပြီး ကိုယ့်နိုင်ငံက လူသားအရင်းအမြစ်တွေ တိုးတက်လာအောင် လုပ်သွားမယ်
လို့ ဒေါက်တာသန်းသန်းစိန်ကပြောပါတယ်။
ဧကလေးဆယ်ကျယ်ဝန်းတဲ့ခြံမှာ သစ်တောနဲ့ စိုက်ပျိုးရေးက အငြိမ်းစားပညာရှင်တွေကိုအကြံပေးအဖြစ်ခန့်အပ်ထားပြီး ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ အရည်အသွေးကောင်းသီးနှံမျိုးတွေကို စိုက်ပျိုးထုတ်လုပ်သွားဖို့ရှိပါတယ်။ ဒီအစီအစဉ်မှာ ရှေးဘုရင်များသာ စားသုံးခဲ့တဲ့ အဟာရပြည့်ဝ ရနံ့မွှေးပြီး အစာကြေလွယ်တဲ့ နမသလေးစပါးမျိုးကို ပြန်လည်ဖော်ထုတ်ပြီး မျိုးပြန်လည်သန့်စင်သွားမှာပါ။ ဒါ့အပြင် ဘာစမာတီကို အော်ဂဲနစ်စနစ်နဲ့စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်တဲ့အပြင် အဟာရပြည့်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ ကောက်ညှင်းငချိပ်မျိုးကိုလည်း မျိုးအရည်အသွေးကောင်းမွန်အောင် အော်ဂဲနစ်စနစ်ဖြင့် သန့်စင်သွားဖို့ရှိတယ်လို့ စပါးစိုက်ပျိုးရေးပညာရှင် ဦးလှမင်းက Green Way ကိုပြောပါတယ်။
ကျွန်တော် ဒီမှာ ဘာစမာတီစမ်းစိုက်ကြည့်တယ်။ နောက် ငချိပ်၊ ကောက်ညှင်းငချိပ်က တစ်ဖြည်းဖြည်းနဲ့ လျော့ကျလာပြီ။ တစ်ဖက်ကလည်း ခြိမ်းခြောက်မှုက ထိုင်းကဝင်လာ တဲ့ riceberry ဆိုပြီးတော့၊ အဲ့ကောင်ကလည်း သူက အပေါ်စီးကဝင်လာတာ။ ဈေးတွေ ကတစ်ချို့ဝယ်စားပြီးမှ နှမျောနေတယ်။ အေးဗျာ၊ ကျွန်တော်တို့ဘက်ကလည်း လောက် လောက်လားလား သိအောင်တော့လုပ်ပြရမယ်။ အဲ့တော့ ငချိပ်သည် ရည်ရွယ်ချက်က အမျိုးသားအဟာရကိစ္စပြည့်စုံဖို့နဲ့လည်း အများကြီးသက်ဆိုင်တယ်။ သူက လုံးတီးစား တာ။ အဲ့တော့ ငချိတ်ကို မပြတ်အောင် စပြီးစိုက်ပြမယ်။ ဆက်လည်းတိုးပွားအောင်လုပ်ဖို့ လုပ်နေတယ်။ နောက် ပျောက်ကွယ်လုဖြစ်နေတဲ့ နမသလေး၊ အဲ့ဒါကိုလည်း ဒီမှာ ထည့်စမ်းထားတယ်။ အဲ့တော့ ဒီ ၃ မျိုးလောက်က ဖြစ်ဖြစ်မြောက်မြောက်စိုက်လို့ရတယ်။ အကုန်လုံးကို အော်ဂဲနစ်နည်းနဲ့ပဲစိုက်တယ်
လို့ စပါးပညာရှင် ဦးလှမင်းကပြောပါတယ်။
၂၀၀၉ ခုနှစ်မှာ ပညာရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ MIC ရဲ့ခွင့်ပြုမိန့်နဲ့ MISY ပညာရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ Green Farm Myanmar ကို တည်ထောင်သူတွေက ဓာတုကင်းလွတ်တဲ့ သီးနှံတွေကို ဝန်ထမ်းတွေကိုပါစားသုံးစေဖို့ရည်ရွယ်ပြီး ဓာတုဆေးဝါးမသုံးတဲ့ စိုက်ပျိုးရေးခြံကို ၂၀၁၆ ခုနှစ်ကတည်းက ထောက်ကြန့်မြို့နယ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ အော်ဂဲနစ်စနစ်နဲ့ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့တဲ့အတွက် ဒေသတွင်းမှာ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွေ ထွန်းကားလာအောင် ဆောင်ရွက်သွားမယ်လို့ Green Farm Myanmar တည်ထောင်သူ ဒေါ် ထွေးထွေးစိုးမင်းက Green Way ကို ပြောပါတယ်။
ကျွန်မတို့နေနဲ့လည်း ဒီလက်မှတ်ရတဲ့အတွက် တောင်သူတွေကို ဒီထက်ပိုပြီး စိုက်ပျိုးချင်လာအောင် စည်းရုံးလှုံ့ဆော်ပေးပါ့မယ်။ ကျွန်မတို့ကိုယ်တိုင်လည်း တိုးချဲ့စိုက်ပျိုးနိုင်အောင်ကြိုစားသွားပါ့မယ်။ ကျွန်မမှာလည်း အိမ်မက်တစ်ခုရှိပါတယ်။ ကျွန်မတို့ကုမ္ပဏီမအနေနဲ့ ဘယ်နေရာကိုရောက်ရောက် ရောက်တဲ့ပတ်ဝန်းကျင်မှာ ကျွန်မတို့ တောင်သူတွေကို လူမှုဘဝမြင့်မားလာအောင်၊ တိုးတက်လာအောင် တွေးခေါ်နိုင်စွမ်းတွေတိုးတက်လာအောင် ကျွန်မအနေနဲ့ သင်ကြားပြသပြီး ဆက်လက်လုပ်ဆောင်သွားပါ့မယ်။ ရှေ့ဆက်ပြီးတော့ လည်း ကျွန်မတို့ တောင်သူတွေက အရမ်းပင်ပန်းတယ်။ အဲ့ဒါကိုလည်း စားသုံးတဲ့သူတွေတန်ဖိုးထားတတ်အောင်ပေါ့နော်၊ ဒီ ခြံကိုလည်း Educationl Tour လေးတွေ ကျွန်မတို့ ဆက်လုပ်သွားမယ်။ ဆောက်နေတဲ့အဆောက်အဦးက သင်တန်းပေးဖို့ရယ်၊ စာကြည့်တိုက်လုပ်မယ်။ ရပ်ရွာကကလေးတွေကို တစ်ပါတ်တစ်ခါ ပညာပေးမယ်၊ စာကြည့်တိုက် ပေးသုံးမယ်။ ဒီလိုမျိုးလေးတွေနဲ့ ဒီဘက်မှာ စပေးဖို့ရည်ရွယ်ပါတယ်
လို့ပြောပါတယ်။
အော်ဂဲနစ် PGS စနစ်က အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးပြီးနောက် အသိအမှတ်ပြုလက်မှတ်ရဖို့အတွက် ဆောင်ရွက်ရာမှာ စိုက်ပျိုးသူ၊ စားသုံးသူနဲ့ ရောင်းချသူတွေ ပါဝင်အကဲဖြတ်ပြီး ဝိုင်းကြီးချုပ်စနစ်နဲ့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်က အော်ဂဲနစ်စိုက်ပျိုးလိုတဲ့ လုပ်ကွက်ငယ်တောင်သူတွေအတွက် သေချာခိုင်မာတဲ့ဈေးကွက်ရရှိဖို့ စိုက်ပျိုးသူ၊ စားသုံးသူ၊ သယ်ယူပို့ဆောင်သူ၊ ရောင်းချသူစတဲ့ အားလုံးပါဝင်အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ FAO ကထုတ်ပြန်ထားပါတယ်။ PGS စနစ်ကို မြန်မာနိုင်ငံမှာကျင့်သုံးဖို့ သီရိလင်္ကာနိုင်ငံမှ အော်ဂဲနစ်ဦးဆောင်လှုပ်ရှားသူ Dr.Ranil က စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းက နည်းပညာဆက်လက်ပြန့်ပွားဖို့ ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Myo Zaw
လွန်ခဲ့သော ၅ နှစ် ကစိုက်ချင်တယ်
U then win
လွန်ခဲ့သော ၅ နှစ် ကဘယ်မာမှားရတလဲဗျာ
ညီညီ
လွန်ခဲ့သော ၅ နှစ် ကကောင်းတာပေါ့။အားပေးပါတယ်ဗျာ။အော်ဂဲနစ်မျိုးစေ့ထုပ်လုပ်ခြင်းက တကယ်လိုအပ်ပါတယ်။အော်ဂဲနစ်စနစ်နှင့်ထုပ်တဲ့ မျိုးစေ့အရည်အသွေးမှာ ဓါတ်ကြွင်းကင်းစင်တဲ့အတွက် မျိုးစေ့အရည်အသွေးဆန်းစစ်ချက် ထုပ်ကြည့်ဖို့ဆိုရင် သဘာဝဥတုဖြစ်စဉ်နှင့် နိုင်းတွက်လို့ရနိုင်တဲ့ မျိုးစေ့ဆိုင်ရာ အရည်သွေးတန်ဖိုးသစ်တွေကို အော်ဂဲနစ်စနစ်ထုပ် မျိုးစေ့အရည်သွေးနှင့် နိုင်းတွက်ဆကြည့်လို့ ရနိုင်တာပေါ့။ သစ်ပင်တွေရဲ့ သဘာဝဖြစ်တည်မှု အော်ဂဲနစ်မျိုးစေ့ ဗီဇသဘောဆိုတာက အပင်တွေရဲ့ လိုအပ်ချက်ကို မျိုးစေ့အလေ့ဗီဇကနေ ဘယ်လောက်ထိ လျော့ချလို့ရနိုင်လဲ ဆိုတဲ့အချက်ကို မူတည်ပြီး၊ စစ်မှန်တဲ့အော်ဂဲနစ်မျိုးစေ့ အရည်သွေးကို လေ့လာလို့ ရနိုင်တာပေါ့။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဂျာနူး
အားလုံး
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023