ဆိတ်အရှင်စျေးကွက်စံချိန်တင်မြင့်တက်... တစ်ပိဿာ ကျပ် ၂၃၀၀၀ ကျော်အထိရှိနေ
ပြည်တွင်းမွေးမြူရေးကဏ္ဍမှာ ဆိတ်အရှင်ရောင်းစျေးကွက် စံချိန်တင်မြင့်တက်လာပြီး တစ်ပိဿာကို ၂၄၀၀၀ဝန်းကျင်အထိ စျေးရှိလာတယ်လို့ ဈေးကွက်အတွင်းစုံစမ်းသိရှိရပါတယ်။
အညာဒေသ ဆိတ်မွေးမြူရေး စျေးကွက်မှာ အလေးချိန် ၁၀ ပိဿာ အထက်ရှိတဲ့ ဆိတ်အရှင် (အမ) က တစ်ပိဿာ ၁၈၀၀၀ ကျပ် ဝန်းကျင် စျေးရှိပြီး ပေါင်ချိန်နဲ့ဆိုပါက တစ်ပေါင်ကို ၅၀၀၀ မှ ၆၀၀၀ ကျပ်အတွင်း စျေးရှိနေတယ်လို့ သိရပါတယ်။
ဆိတ်အရှင် ( အထီး) ကတော့ ပိဿာချိန် ၁၅ ပိဿာအထက်ရှိပါက တစ်ပိဿာကို ၂၃၀၀၀ ကျပ်အထက် စျေးရှိပြီး ပေါင်ချိန်နဲ့ဆိုပါက တစ်ပေါင်ကို ၆၅၀၀ မှ ၇၀၀၀ ဝန်းကျင်အထိ ရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
"အခု ဆိတ် စျေးကွက်က မြင့်နေတာပေါ့။ ကျွန်တော်က ဆိတ်မ ဆိုရင် တစ်ပိဿာ ၅၀၀၀ နဲ့ရောင်းတယ်။ ဆိတ်ထီးဆိုရင် တစ်ပိဿာ ၆၅၀၀ ရောင်းတယ်။ တခြားရောင်းသူတွေက ဒီထက်စျေးနှုန်း မြင့်တာလည်းရှိတယ် " လို့ အညာဒေသရှိ ဆိတ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုကျော်က ပြောပါတယ်။
ဆိတ်အရှင်ရောင်းစျေးက နေရာဒေသ အကွာအဝေးပေါ်လိုက်ပြီး စျေးနှုန်း ကွာခြားမှုရှိပေမယ့် အနိမ့်ဆုံး ရောင်းစျေးကတစ်ပိဿာကို ၅၀၀၀ကျပ် ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဆိတ်အရှင်ကို ပြည်ပက ဝယ်လိုအား ရှိနေတဲ့အပြင် ပြည်တွင်းစားသုံးမှုလည်းရှိလာတာကြောင့် ဆိတ်စျေးကွက် မြင့်တက်လာတာ ဖြစ်တယ် လို့သိရပါတယ်။ ပြည်တွင်းမွေးမြူရေး ကဏ္ဍမှာလည်း နယ်မြေအခြေအနေအရ ဆိတ်မွေးမြူရေး လုပ်ကိုင်သူ လျော့ကျလာတဲ့ အခြေအနေတွေကြောင့် ရောင်းလိုအားနည်းပြီး ဝယ်လိုအားများတဲ့အတွက် ဆိတ်အရှင်စျေးကွက် မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
" ဆိတ်အရှင်က ပြည်ပ ပို့တာရှိတယ် ။ အခုက အသားစားမှုလည်း များလာတယ် ။ အသားစျေးလည်း တက်တော့ အရှင်ဖမ်းစျေးလည်း တက်တာပေါ့။ ဆိတ်ထီးရော အမရော အကုန်အဝယ်လိုက်တယ် " လို့ သူကထပ်မံပြောပါတယ်။
ဆိတ်ကိုတော့ အညာဒေသဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ အဓိက လုပ်ကိုင်သူများပြီး ကျန်တဲ့ စစ်ကိုင်း၊ ပဲခူးတိုင်းနဲ့ အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာတော့ ဒေသအလိုက် မွေးမြူမှုရှိကြပါတယ်။ ဆိတ်တွေဟာ နွေရာသီမှာ ရောဂါကင်းပြီး ကြီးထွားမှုနှုန်းကောင်းကာ မိုးရာသီမှာ တော့ ရောဂါဖြစ်ပွားမှုရှိပြီး ကြီးထွားမှုနှုန်းလည်း နှေးတယ်လို့သိရပါတယ်။
ချစ်ခွန်းချို(AMIA)
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မွေးမြူရေးသတင်း
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026