အစိမ်းရောင်လမ်း
ဓါတုလွတ် သီးနှံ စိုက်ပျီုးထုတ်လုပ်သူ နှင့် ဝယ်ယူစားသုံးသူ တို့အတွက် သတင်းကောင်း

ဓါတုလွတ် သီးနှံ စိုက်ပျီုးထုတ်လုပ်သူ နှင့် ဝယ်ယူစားသုံးသူ တို့အတွက် သတင်းကောင်း

"SAFE FOOD FROM SAFE FARM" ခေါင်းစဉ်ဖြင့် သီးနှံစျေးရောင်းပွဲ အပတ်စဉ်ကျင်းပပြုလုပ်ရန်ရှိခြင်း -

USAID, WRINROCK INTERNATIONAL, FARMER TO FARMER PROGRAM, MFVP & MOGPA အသင်းတို့မှ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည့် ပထမအကြိမ် အော်ဂဲနစ် စျေးကွက် ဖေါ်ဆောင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော နည်းပညာ အတွေ့အကြုံနှင့် ဆွေးနွေးပွဲ ရလဒ်များကို အခြေပြုပြီး မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း(MFVP) မှ စားသုံးသူများ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များကို
၁၄.၀၃.၂၀၁၅ (စနေနေ့) နေ့မှစ၍ နောက်လာမည့် အပတ်စဉ် စနေနေ့တိုင်း(Safe Food From Safe Farm) အစီစဉ်ဖြင့် စျေးရောင်းပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မြေပဒေသာကျွန်းတွင် စဉ်ဆက်မပြတ် ပြုလုပ်ရန် စီမံ ဆောင်ရွက်မည် ဖြစ်ပါသည်။
ထိုသို့ ရောင်းချပေးရာတွင် ဓါတုအဆိပ်ကင်းလွတ်သီးနှံ ဝယ်ယူစားသုံးလိုသူများ နှင့် ရောင်းချလိုသူများ အကြား နှစ်ဖက်ယုံကြည်စွာဖြင့် ဘေးအန္တရာယ် အမှန် ကင်းလွတ်စေရန် အသင်းမှ လိုက်နာရမည့် စည်းကမ်းများကို ထားရှိပြီးဖြစ်ပါသည်။ ရောင်းချ လိုသူများသည် မိမိစိုက်ခင်းနှင့် သီးနှံများအား စစ်ဆေးမှု ခံယူရမည် ဖြစ်ပြီး စစ်ဆေးပြီး သီးနှံခင်းမှ ထွက်သည့် ဟင်းသီးဟင်းရွက်များကို အသင်းမှ သက်ဆိုင်ရာ Lable ကပ်နှိပ်၍ ရောင်းချခွင့်ပြုမည်။ အသင်းမှ ဖွင့်လှစ်ခဲ့သည့် အော်ဂဲနစ် သင်တန်း တက်ရောက်ခဲ့ပြီး သူများ၏
လက်တွေ့ အော်ဂဲနစ်နှင့် ဓါတုပိုးသတ်ဆေး ကင်းလွတ် သီးနှံ စိုက်ပျိုး နေသူများကို ကနဦး အနေဖြင့်
စျေးကွက် ဖေါ်ဆောင်ပေးရန် ရည်ရွယ်ပါသဖြင့် ပါဝင် ရောင်းချပေး နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
နောင်အခါ အသင်း တာဝန်ရှိသူများမှ စစ်ဆေး ပေးနိုင်မှုပေါ်မူတည်ပြီး တစ်ပတ်ထက် တစ်ပတ် ပိုမို ကျယ်ပြန့်စွာဖြင့် စျေးကွက် ဖြစ်ထွန်းလာစေရန် ဖေါ်ဆောင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပါဝင်ရောင်းချရန် စိတ်ပါဝင်စားသူများသည် အသင်းသို့  (၀၂.၀၃.၂၀၁၅)နေ့ နောက်ဆုံး ထား၍ စာရင်း ပေးသွင်း နိုင်ပါသည်။
ဆက်သွယ်ရန်---MFVP အသင်းရုံး 01 218367 နှင့် 09 5195767

Reference : MYAN GAP Group_2013 (Facebook Group)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....