ရော်ဘာအရည်အသွေးမြင့်မားရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး
မြန်မာနိုင်ငံ၏ အဓိက စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ရော်ဘာစိုက်ပျိုးရေးသည် ၂၀၁၄ ခုနှစ် အညွန်းကိန်းအရ စိုက်ပျိုးပြီးဧရိယာ (၁၅)သိန်းကျော်၊ အစေးလှီးဧရိယာ (၅.၇) သိန်းကျော်၊ အထွက်နှုန်း တစ်နှစ်လျှင် တစ်ဧက ပေါင်(၆၈၀)နှင့် တစ်နှစ်စုစုပေါင်းအထွက်သည် (၁၇၀၀၀၀) တန်ကျော် ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် စိုက်ပျိုးရန်မြေလွတ်ဧကများ အများအပြား ရှိနေ သေးကြောင်းလည်း သိရှိရပါသည်။
ရော်ဘာစိုက်ပျိုးမှုအမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်မှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်ဖြစ်သည်။ ၄င်းစိုက်ဧကများသည် နိုင်ငံပိုင်စိုက်ခင်းများအပြင်၊ ခြံကြီး ရှင်များ (စိုက်ဧက ၁ဝဝ နှင့် အထက်)၊ ခြံငယ်ရှင်များ (စိုက်ဧက ၁ဝဝအောက်) များပါဝင်ပြီး ခြံငယ်ရှင်များသည် ၇၅% ကျော်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးမှုသမိုင်းကြောင်းအရ ၁၈၇၆ ခုနှစ် ကတည်းက စတင်တင်သွင်း စိုက်ပျိုးခဲ့ပြီး သက္ကရာဇ် ၁၉၀၀ ကျော် ကတည်းက စီးပွားဖြစ်စိုက်ပျိုးနေပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိကအခန်းကဏ္ဍကို တွန်းအားပေးလာသောကြောင့် နှစ်စဉ်စိုက်ပျိုးမှု တိုးတက်မြှင့်မားလျှက် ရှိသည်။ စျေးကွက်အခြေအနေအားဖြင့် ထွက်ကုန်၏ ၈၀% ကျော်ကို ပြည်ပသို့ တင်ပို့ရောင်းချပြီး ၂၀% ဝန်းကျင်သာ ပြည်တွင်းဖြုန်းအားရှိကြောင်း သိရှိရပါသည်။ စျေးနှုန်းအခြေအနေမှာ သက္ကရာဇ် ၁၉၀၀ နှစ်များတွင် တစ်ပေါင်လျှင် ၁၂ဝဝ ကျပ် ရှိရာမှ ၁၉၉၈ ခုနှစ် စီးပွားရေးပျက်ကပ်ကြောင့် တစ်ပေါင်လျှင် ၄၀၀ ကျပ်အထိ ကျဆင်းသွားပြီး ထိုမှ တဖြည်းဖြည်းပြန်တက်လာခဲ့ရာ ၂၀၁၀ ပြည့် လွန်နှစ်များတွင် ၁၈ဝဝ ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ သို့်သော် ၂၀၁၃-၂၀၁၄ ခုနှစ် များတွင် ကမ္ဘာ့ရော်ဘာစျေးနှုန်း ကျဆင်းမှုကြောင့် မြန်မာ့ရော်ဘာစျေးကွက်သည်လည်း တစ်ပေါင် လျှင် ၆ဝဝ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားကြောင်း လေ့လာသိရှိရပါသည်။
မြန်မာနိုင်ငံ၏ ထွက်ကုန်အရည်အသွေး
အထက်တွင် ဖေါ်ပြခဲ့ပြီးသည့်အတိုင်း မြန်မာနိုင်ငံ ရော်ဘာစိုက်တောင်သူအများစုသည် ခြံငယ်ရှင် များ ဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် ရော်ဘာထွက်ကုန်အရည်အသွေးမှာ အမြင့် ဆုံး RSS-3 အထိသာ ရရှိသောကြောင့် ရော်ဘာစျေးနှုန်းကျဆင်းချိန် နိုင်ငံခြားတင်ပို့ရာတွင် စျေးနှုန်းရရှိမှုမှာ တစ်ပေါင်လျှင် ၁၀၀ - ၁၅ဝ ကျပ်အထိ လျော့နည်းစွာရရှိနေကြောင်း လေ့လာသိရှိရ သဖြင့် ခြံရှင်တစ်ဦးချင်းဝင်ငွေမှသည် နိုင်ငံ့ဝင်ငွေ လွန်စွာမှ ထိခိုက်လှပါသည်။ ထို့ကြောင့် ရော်ဘာ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ရေးသည် ခြံရှင်ငယ်ရှင်များ၊ ပုဂ္ဂလိက ခြံကြီးရှင်များ၊ အသင်း အဖွဲ့များ၊ ရော်ဘာဆက်စပ်ကုမ္ပဏီများ (ဝယ်လက်များ)၊ နိုင်ငံပိုင်ဌာနများမှ အားလုံးတက်ညီ လက်ညီ ဆောင်ရွက်နိုင်မှသာလျှင် ရေရှည်စီးပွားဖြစ်ထွန်းနိုင်မည်ဖြစ်ပါသည်။
ခြံငယ်ရှင်များ၏အခန်းကဏ္ဍ
ဆိုခဲ့ပြီးသည့်အတိုင်း ပြည်တွင်းရော်ဘာထုတ်လုပ်မှုသည် ခြံငယ်ရှင်များအပေါ်အများကြီး မူတည်နေ သောကြောင့် ခြံငယ်ရှင်များ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါလှပါသည်။ ထို့ကြောင့် ခြံငယ်ရှင်များအနေဖြင့် အောက်ဖေါ်ပြပါ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက ရော်ဘာ ထုတ်ကုန် အရည်အသွေးမြှင့်တက်လာ နိုင်မည်ဖြစ်သည်။
(၁) ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း / နေရာဒေသ အလိုက် ထောက်ခံမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း
(၂) စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး သွင်းအားစုများ အပြည့်အဝ ထည့်သွင်းခြင်း
- ပင်ကြားတန်းကြားမှန်ကန်မှုရှိရန်
- ပေါင်းနှင့် ပိုးမွှားရောဂါများ စနစ်တကျ နှိမ်နင်းရန်
- သတ်မှတ်မြေသြဇာနှုန်းထားများ မှန်ကန်စွာ ထည့်သွင်းရန်
(၃) အစေးခြစ်နည်းနှင့် ထုတ်လုပ်နည်းစနစ်မှန်ကန်ခြင်း
- သက်တမ်းပြည့် အရွယ်ရောက်ပင်များကိုသာ အစေးစတင်ထုတ်ယူရန်
- ပင်စည်လုံးပတ်ဝက် တစ်ရက်ခြားအစေးလှီးစနစ်ကို ကျင့်သုံးရန်
- သတ်မှတ်ပင်ပြည့် အစေးခြစ်ရန်
- အစိုအစေးသိမ်းခြင်းလုပ်ငန်းဖြင့် ပင်တိုင်းစေ့အစေးသိမ်းရန်
- ဖုန်၊ သဲ၊ အမှိုက်ကင်းစင်အောင် ၄၀-၆၀-၈၀ ဇကာသုံးဆင့်တိုက်ရန်
- RSS-1,2,3 ရရရှိရန်အတွက် ဖော့မစ်အက်ဆစ်ကို နှုန်းထားမှန်ကန်စွာ အသုံးပြုရန်
- နောက်ဆုံး အကွက်ဖေါ် ဒလိမ့်တုန်းတွင် ရော်ဘာပြားအထူ ၁/၈ - ၁/၆ လက်မအထူ ရအောင် ကြိတ်ရန်။ ကြိတ်ပြီးသော အစေးပြားများအား အက်စစ်ရေများ စင်သွားအောင် ရေဖြင့် ဆေးရန်။
- အစေးပြားအစိုများအား တန်းများပေါ်တင်ပြီး လေဝင်လေထွက်ကောင်းသော အရိပ် အောက်တွင် လေသလပ်ထားပြီး ရေစစ်ထားရန်။
- အစေးပြားအပေါ်ယံရေစစ်ပြီးမှ မှိုင်းရုံတွင် မှိုင်းတင်ရန်။ မှိုင်းရုံမရှိသော ခြံငယ်များအနေနှင့် မှိုင်းရုံသို့ မပို့မီ ရော်ဘာပြားအစိုများအား ထပ်ပုံခြင်းအပြုလုပ်ဘဲ အရိပ်အောက်တန်းများပေါ်တွင် ဆက်လက်ထားသိုရန်။
(၄) အစေးလှီးသမားများ၏ လူနေမှုဘဝမြှင့်တင်ပေးခြင်း
- ဤအချက်သည် ခြံရှင်များ ထည့်သွင်းမစဉ်းစားသော အချက်ဖြစ်သည်။ အစေးခြစ်ခြင်း လုပ်ငန်းများသည် အစေးခြစ်လုပ်သားများအပေါ် လုံးဝမှီခိုနေရသောကြောင့် ခြံရှင်များ ပြုပြင် ပြောင်းလဲချင်သော အချက်များသည် အစေးခြစ်လုပ်သားများ ပြုလုပ်ပေးမှသာ ရရှိနိုင်သောကြောင့် ၄င်းတို့၏ လူနေမှု ဘဝမြင့်မားအောင် ဆောင်ရွက်ပေးနိုင်မှသာ မိမိခြံမှာ အစေးခြစ်လုပ်သား မြဲခြင်း၊ ထိန်းချုပ်ရလွယ်ကူခြင်း၊ ပြုပြင်ပြောင်းလဲချင်သော အချက်များကို အစေးခြစ်လုပ်သားများ အလွယ် တကူ လိုက်နာနိုင်ခြင်းစသော အကျိုးများ ရရှိနိုင်မည်ဖြစ်သည်။
ပုဂ္ဂလိက ခြံကြီးရှင်များ၏ အခန်းကဏ္ဍ
ပုဂ္ဂလိက ခြံကြီးရှင်များသည် များသောအားဖြင့် အဓိကဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရုံမက ဝယ်လက်များ၏ လိုအပ်ချက်များကို ထုတ်လုပ်ပေးနိုင်ကြသည်။ လုပ်သားလိုအပ်မှုကိုလည်း ထိန်းချုပ်နိုင်သော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ သို့သော် ခြံကြီးရှင်များ၏ ဘေးပတ် ဝန်းကျင်တွင် ခြံငယ်ရှင်များစွာ ရှိနေသည်ကို သတိပြုမိရန် လိုအပ်လှပါသည်။ ထို့အပြင် ခြံငယ်ရှင် များ၏ စျေးနှုန်း/စျေးကွက်နှင့် ထွက်ကုန် အရည်အသွေးမြင့်မားရေးကို တဖက်တလမ်းမှ ကူညီ ဆောင်ရွက်ပေးနိုင်ပါက နိုင်ငံ၏ GDP မြင့်အောင် ကူညီဆောင်ရွက်ပေးရာ ရောက်မည်ဖြစ်ပါသည်။ သို့မှသာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်။
ရော်ဘာနှင့် ဆက်စပ်သော အသင်းအဖွဲများ၏ အခန်းကဏ္ဍ
စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာပြီးနောက်ပိုင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသော နေရာဒေသ တော်တော်များများတွင် ရော်ဘာနှင့် ဆက်စပ်သော အသင်းအဖွဲ့များ များစွာပေါ်ထွန်းလာသည်ကို တွေ့ရှိရပါသည်။ အထင်ရှားဆုံးဆိုရသော် ရန်ကုန် UMFCCI တွင် ရုံးဖွင့်လှစ်ထားသော မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း(MRPPA)မှ အစပြု၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး သော နေရာဒေသများတွင် မြို့နယ်အဆင့်၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူအသင်းခွဲများ ထွက်ရှိပေါ်ထွန်းလာကြောင်း သိရှိရပါသည်။ MRPPA သည် နိုင်ငံ တကာ ရော်ဘာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) နှင့် တိုက်ရိုက်ဆက်သွယ်နိုင်သော အသင်းအဖွဲ့ ဖြစ်သောကြောင့် နိုင်ငံတကာသို့ ရော်ဘာတင်ပို့ရောင်းချနိုင်ခြင်း၊ ရော်ဘာစျေးနှုန်း/ စျေးကွက်များ ကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း၊ နိုင်ငံတကာ ရော်ဘာပညာရှင်များထံမှ နည်းပညာ သတင်း အချက်အလက်များ ရရှိနိုင်ခြင်းစသော အားသာချက်များ ရရှိနေသော အသင်းကြီးဖြစ်သည်။ MRPPA နှင့် IRRDB အဖွဲ့တို့ ပူးပေါင်းပြီး ရော်ဘာခြံရှင်များအတွက် နိုင်ငံတကာအဆင့် ရော်ဘာ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲများ ကျင်းပပေးလျှက်ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် MRPPA အနေနှင့် ရော်ဘာခြံငယ်ရှင်များဖြင့် ဖွဲ့စည်းထားသော မြို့နယ်အဆင့်၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် အသင်းများသို့ ဒီထက်မက ထိစပ်ဆက်သွယ်ပေးရန် လိုအပ်ပြီး နည်းပညာ များ၊ သတင်းအချက်အလက်များနှင့် စျေးကွက်အခြေအနေများကို မျှဝေပေးရန် လိုအပ်ပါသည်။ ထို့အပြင် ခြံငယ်ရှင်များ၏ ထွက်ကုန်များကိုလည်း နိုင်ငံတကာစျေးကွက်နှင့် ချိတ်မိနိုင်ရေး ကူညီ ဆောင်ရွက် ပေးရန်လိုအပ်ပါသည်။
ရော်ဘာဆက်စပ်ကုမ္ပဏီများ(ဝယ်လက်များ)၏ အခန်းကဏ္ဍ
ခြံငယ်ရှင်များ၏ ထွက်ကုန်များကို အဓိကဝယ်ယူပေးနေသော ဝယ်လက်များမှာ နယ်အလိုက် အဝယ်တော်များ၊ ပွဲစားများပင်ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံတကာသို့ပို့ပေးမည့် ကုမ္ပဏီများထံသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ နယ်အဝယ်တော်များသည် ခြံငယ်ရှင်များထံမှ ဝယ်ယူသော ထွက်ကုန် အရည်အသွေးကို အဓိကမထားဘဲ (ထွက်ရှိသော ထွက်ကုန်အဆင့်အတန်း ကို မခွဲခြားဘဲ) စျေးနှုန်း တပြေးညီတည်း ပေးဝယ်နေသောကြောင့် နိုင်ငံထွက်ကုန်အရည်အသွေး ကျဆင်းခြင်း၏ အဓိကအချက် ပင်ဖြစ်သည်။ တောင်သူများအနေဖြင့် အဆင့်မြင့်အောင် ဘယ်လိုပင် ထုတ်လုပ်စေကာမူ စျေးနှုန်းတစ်ခုတည်း ရရှိသောကြောင့် အရည်သွေးမြှင့်တင်ရန် မည်သူမျှ ဆန္ဒမရှိကြတော့ချေ။ ထို့ကြောင့် ကုမ္ပဏီများ၊ အဝယ်တော်များ၏ အခန်းကဏ္ဍသည် အလွန်မှ အရေးပါလှပါသည်။
ယခုအခါ တချို့သော နယ်မြို့များတွင် နိုင်ငံတကာ ကုမ္ပဏီအချို့မှ ရော်ဘာအစေးစက်ရုံ/ အလုပ်ရုံ များ တည်ထောင်ထားကြောင်း ကြားသိရပါသည်။ ၄င်းသတင်းသည် နိုင်ငံထွက်ကုန်အရည်သွေး မြင့်မားရေးအတွက် ကူညီပေးနိုင်သော ကောင်းသတင်းတစ်ခုပင်ဖြစ်သည်။ မ တစ်ရာသားဖြစ်သော ခြံငယ်ရှင်များ၏ ထွက်ကုန်မြှင့်မားရေး လုပ်ဆောင်ချက်မှာ ထိန်းချုပ်ရန် အလွန်ခက်ခဲသောကြောင့် ၄င်းစက်ရုံများမှ သမာသမတ်ကျစွာ နည်းစနစ်မှန်စွာ ခြံငယ်ရှင်များ၏ အစေးရည်ကို ဝယ်ယူပေး နိုင်ပါက နိုင်ငံ့ထွက်ကုန် အရည်သွေးမြှင့်မားရေးအတွက် အထောက်ကူ ဖြစ်စေနိုင်မည်ဖြစ်သည်။ ထို့အပြင် ၄င်းစက်ရုံမျိုး မြန်မာရော်ဘာစိုက်ဒေသများတွင် များစွာပေါ်ထွက်လာစေရန် နိုင်ငံတော်မှ လည်း ကူညီပံ့ပိုးပေးရန် လိုအပ်ပါသည်။
ထို့အပြင် ခေတ်စနစ်၏ လိုအပ်ချက်အရ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွင့်လှစ်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတော်မှ တည်ထောင်နိုင်ရန် အခွင့်အလမ်းများ ဖေါ်ဆောင်ရန် လိုအပ်ပါသည်။
နိုင်ငံပိုင်ဌာနများ၏ အခန်းကဏ္ဍ
နိုင်ငံပိုင်ဌာနများအနေဖြင့် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်ပညာပေးရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာနခွဲအောက်ရှိ နှစ်ရှည်ပင်များ အသုံးချသုတေသနဌာနနှင့် နိုင်ငံပိုင်ခြံများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးဌာနများ ဟူသော ဌာနများဖြင့် ဖွဲ့စည်းထားပါသည်။ ၄င်းဌာနများမှ တောင်သူပညာပေး လုပ်ငန်းများ၊ ကွင်းသရုပ်ပြပွဲများ၊ ကွင်းဆင်းစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံပိုင်ဌာနများတွင် ကျွမ်းကျင်ပညာရှင်များ အများအပြား ရှိနေသောကြောင့် တောင်သူများသို့ နည်းပညာ ပံ့ပိုးမှုလုပ်ငန်းများကို ဒီထက်မက ဆောင်ရွက်ရန်နှင့် သုတေသနအဖြေကောင်းများကို တောင်သူများ လက်တွေ့ကျင့်သုံးနိုင်ရေး စည်းရုံးဆောင်ရွက်ရန် အလွန်အရေးကြီးလှပါသည်။ ထို့အပြင် နိုင်ငံတော်မှ အောက်ဖေါ်ပြပါ မူဝါဒ ပိုင်းဆိုင်ရာလမ်းစဉ်များ ပြုပြင်ပြောင်းလဲရန် စီစဉ်နေကြောင်းသိရှိရပါသည်။
(၁) ရော်ဘာစျေးကျချိန်တွင် နိုင်ငံတော်မှ အရှုံးခံ ဝယ်ယူပေးခြင်း သို့မဟုတ် စျေးနှုန်းအာမခံပေး ခြင်း
(၂) တောင်သူများသို့ သွင်းအားစုဖြစ်သော ဓာတ်မြေသြဇာနှင့် ခြံသုံးပစ္စည်းများ ပံ့ပိုးပေးခြင်း
(၃) ချေးငွေများ ပံ့ပိုးပေးခြင်း
(၄) ပြည်ပပို့ကုန် အရည်အသွေးပေါ်မူတည်ပြီး အခွန်စည်းကြပ်ကောက်ခံခြင်း (ဥပမာ - အရည်သွေး နိမ့် ထုတ်ကုန်ကို အခွန်ပိုမို စည်းကြပ်ကောက်ခံခြင်း)
(၅) အထွက်ကောင်းမျိုးများ စိုက်ပျိုးရန် တွန်းအားပေးခြင်း
(၆) GAP ကောင်းမွန်စနစ်ကျသော စိုက်ပျိုးထုတ်လုပ်နည်းများ ကျင့်သုံးစေခြင်း
- ထောက်ခံမျိုးများ စိုက်ပျိုးစေခြင်း
- ထောက်ခံသော သွင်းအားစုများ ပြည့်ဝစွာ အသုံးပြုစေခြင်း
- စနစ်ကျသော အစေးလှီးနည်းစနစ်ကျင့်သုံးစေခြင်း
- စနစ်ကျသော ထုတ်လုပ်မှုနည်းစနစ်များ ကျင့်သုံးစေခြင်း
(၇) စျေးကွက်ဖေါ်ဆောင်ပေးခြင်း
- စျေးကွက်စနစ်မြှင့်တင်ပေးခြင်း (ရော်ဘာအဆင့်အတန်းများ သတ်မှတ်ခြင်း၊ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးခြင်း)
- အဓိကဝယ်လက်နိုင်ငံများအပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်အောင် စီမံချိတ်ဆက် ပေးခြင်း
- ရော်ဘာအရောင်းအဝယ်စင်တာများ ဖွင့်လှစ်ပေးခြင်း
အထက်ပါအချက်များ အတည်ပြုချက် ရရှိပြီးပါက ကဏ္ဍအလိုက် အမှန်တကယ် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် နိုင်ငံ၏ရော်ဘာအရည်အသွေး မြင့်မားရေးသည် အခြေခံ တောင်သူ အဆင့်မှသည် နိုင်ငံတော်အဆင့်အထိ အချိုးညီညီ ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ GDP မြင့်မားလာ နိုင်ပြီး တောင်သူတစ်ဦးချင်းအလိုက် ဝင်ငွေတိုးလာနိုင်သည်သာမက နိုင်ငံ၏ဝင်ငွေပါ တိုးတက်လာ နိုင်မည်ဖြစ်ကြောင်း တင်ပြ အပ်ပါသည်။
စိုင်းစံပွင့် (စိုက်ပျိုးရေး)
ရည်ညွန်းစာများ -
- Sustaining Rubber Economy: Myanmar Rubber Industry facing Challenges by Saw Ye, Sann Sann Tint, Zaw Wan, Thein Soe and Than Htike (Department of Industrial Crops Development(DICD), Ministry of Agriculture and Irrigation)
- Efforts of MRPPA to Improve Quality of Myanmar Rubber to meet the International Standards by Zar Ni Zaw (MRPPA)
- International rubber workshop at Dawei, 2014.
- MRPPA technical sheet.
Aye Khin Nyunt
လွန်ခဲ့သော ၁ နှစ် က၂၀၂၃ခုတွင်တွင်ရော်ဘာထုတ်ထုပ်မူ ဘယ်လောက်ရှိသလဲရှင့်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026