အစိမ်းရောင်လမ်း
စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေပြီး အရည်အသွေးကောင်း မြေပဲမျိုးသစ်များ ရှာဖွေသုတေသနပြုလျက်ရှိ

စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေပြီး အရည်အသွေးကောင်း မြေပဲမျိုးသစ်များ ရှာဖွေသုတေသနပြုလျက်ရှိ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်သီးနှံသုတေသနဌာနစုသည် တောင်သူများ၏ ဝင်ငွေတိုးတက်စေရန် ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် အရည်အသွေးကောင်း ဆီထွက်သီးနှံ မျိုးကောင်းမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များရှာဖွေဖော်ထုတ်ရန် မျှော်မှန်းချက်ဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၊ မြေပဲသီးနှံသုတေသနဖြစ်သည့် မြေပဲမျိုးများ၏ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် တုံ့ပြန်မှုနှင့် အထွက်နှုန်းတည်ငြိမ်မှုကို လေ့လာခြင်း သုတေသနစမ်းသပ်ကွက်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

 

အဆိုပါသုတေသနသည် စမ်းသပ်သော ဒေသအသီးသီး (Environment) တွင် မြေပဲ မျိုးကွဲများ (Genotype) ၏ အထွက်နှုန်း ကောင်းမွန်ခြင်း၊ ဒေသကိုလိုက်၍ အထွက်အကောင်းဆုံးပေးနိုင်သော မျိုးများနှင့် ဒေသအားလုံးတွင် တည်ငြိမ်သည့် အထွက်ပေးစွမ်းနိုင်သော မြေပဲမျိုးများကို ရှာဖွေဖော်ထုတ်သွားရန် ရည်ရွယ်၍ အလားအလာကောင်းသော မြေပဲမျိုး (၁၁) မျိုးနှင့် ဒေသ စံထားမျိုး (၇) မျိုး၊ စုစုပေါင်း (၁၈) မျိုးအား ထပ်ပြုကြိမ် (၃) ကြိမ်နှင့် အာစီဘီ စမ်းသပ်ကွက်ဒီဇိုင်းပုံစံ အသုံးပြုကာ ရေဆင်း၊ တပ်ကုန်း၊ မကွေး၊ ညောင်ဦးနှင့် မြင်းခြံဒေသ (၅) ခု၌ စမ်းသပ် ဆောင်ရွက်ထားခြင်းဖြစ်ကာ၊ ဆီထွက်သီးနှံသုတေသနဌာနစု တာဝန်ခံ ဒေါက်တာခင်မျိုးဝင်းနှင့် သုတေသနလက်ထောက်-၂ ဖြစ်သူ ဒေါ်စိမ်းလဲ့မွန်တို့ ဦးဆောင်၍ သုတေသနပြု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသုတေသန စမ်းသပ်ချက်မှ ဒေသအလိုက် မြေပဲစိုက်ပျိုးကြသည့် တောင်သူများအတွက် အထွက် အကောင်းဆုံးမျိုးများ၊ အထွက်တည်ငြိမ်သည့် မြေပဲမျိုးသစ်များ ဖော်ထုတ်ပေးနိုင်မည်ဖြစ်သောကြောင့် တောင်သူများအတွက် ဝင်ငွေတိုးတက်စေမည့်အပြင်၊ မြေပဲမျိုးများ၏ ဆီအရည်အသွေး၊ ဆီထွက်ရာခိုင်နှုန်း၊ ပရိုတင်းပါဝင်မှုနှင့် မြေပဲမျိုးများအား ရိတ်သိမ်းပြီးချိန်နှင့် သိုလှောင်ချိန်တွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အာဖလာတောင်စင် (Alfatoxin) အဆိပ်ထုတ်သည့် အက်စပါဂျီလက် (Aspergillus sp.) မှို ကျရောက်နိုင်မှုတို့အား စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်ရှိ (ISO 9001: 2015) အသိအမှတ်ပြု လက်မှတ်ရရှိထားသော ရေအသုံးချရေးသုတေသနဌာနစု ဓါတ်ခွဲခန်းနှင့် အပင်ရောဂါသုတေသနဌာနစု ဓါတ်ခွဲခန်းများတွင်အသီးသီး စစ်ဆေးသွားမည်ဖြစ်ရာ စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုရှိသည့် မြေပဲ မျိုးကောင်း မျိုးသန့် မျိုးသစ်များ ရှာဖွေဖော်ထုတ်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ဆီကြိတ်ဖတ်မှ ရရှိလာသည့် ပဲဖတ်များ၏ အရည်အသွေးများကိုလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်ရှိ စပါးဇီဝဥယျာဉ်သုတေသနဌာနစုနှင့် ပူးပေါင်းကာ သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ရာ ကျွဲ၊ နွား တိရိစ္ဆာန်များအတွက်လည်း အရည်အသွေးပြည့်ဝသော ပဲဖတ်များရရှိနိုင်သည့် မြေပဲမျိုးသစ်များ ရရှိလာမည်ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ တောင်သူများအတွက် အထွက်ကောင်း၊ အရည်အသွေးကောင်း၊ ဆီထွက်ကောင်းသည့် မြေပဲမျိုးများ ရရှိနိုင်ရုံမျှမက၊ ကျွဲ၊ နွားတိရိစ္ဆာန်များအတွက် အရည်အသွေးပြည့်ဝသည့် ပဲဖတ်များရရှိနိုင်မည့် မြေပဲမျိုးသစ်များ ရရှိနိုင်မည်ဖြစ်သောကြာင့် မြေပဲစိုက်တောင်သူများ ဝင်ငွေတိုးစေမည်ဖြစ်ကာ၊ စားသုံးသူများအတွက်လည်း ဘေးကင်းလုံခြုံစိတ်ချရသည့် အရည်အသွေးကောင်း မြေပဲနှင့် မြေပဲတန်ဖိုးမြှင့် ထုတ်ကုန်များ ရရှိလာနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန က သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာန

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....