အစိမ်းရောင်လမ်း
ပြည်ပဝယ်လိုအား များပြားလာခြင်းကြောင့် ဝဥဈေးနှုန်းများ တစ်ဟုန်းထိုးမြင့်တက်

ပြည်ပဝယ်လိုအား များပြားလာခြင်းကြောင့် ဝဥဈေးနှုန်းများ တစ်ဟုန်းထိုးမြင့်တက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပဝယ်လိုအား များပြားလာခြင်းကြောင့် ဝဥဈေးနှုန်းများ တစ် ဟုန်ထိုးမြင့်တက်လာကြောင်း ချင်းပြည်နယ်ရှိ ဝဥစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“အဓိကအားဖြင့် ဝဥကို တရုတ်နိုင်ငံကို ပို့တာများတယ်။ အခုနောက်ပိုင်းကျတော့ ကိုရီးယားနိုင်ငံကပါ အဝယ်လိုက်လာတယ်။ ထိုင်းနိုင်ငံကလည်း ပစ္စည်းတွေကို မေးလာကြပြီပေါ့နော်။ ကုန်ကြမ်းလိုက် ပြည်ပကို သွားနေတာ။ အရင်နှစ်ကထက်ကို ဝယ်သူတွေလည်း ပိုလာတယ်” ဟု ချင်းပြည်နယ်၊ ဝဥ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အကြံပေး ဦးဖွေးမနားက ပြောသည်။

မြန်မာနိုင်ငံတွင် ဝဥအစိုနှင့်အခြောက်ကို ကုန်ကြမ်း၊ ကုန်ချောများ ထုတ်လုပ်၍ တင်ပို့ရောင်းချနေရာ တွင်၊ ၂၀၁၈ ခုနှစ်က အစိုတစ်ပိဿာလျှင် အမြင့်ဆုံးဈေး (၁၅၀၀)ကျပ်၊ ဝဥအခြောက် တစ်ပိဿာ လျှင် (၈၅၀၀) ကျပ် ရရှိခဲ့ပြီး၊ ယခုနှစ်အတွင် ဝဥအစို တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ ဝဥအခြောက် တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ဈေးကွက်သို့ ဝဥပိဿာချိန် (၂၅)သိန်းဝန်းကျင် တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ဝဥပိဿာချိန် သိန်း (၃၀) ဝန်းကျင်အထိ တိုးမြှင့်တင်ပို့သွားမည်ဟု ဝဥ စိုက်ပျိုးထုတ် လုပ်သူများအသင်းမှ သိရသည်။

တိုးတိုးခိုင် (ABM)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....