တောင်သူဦးကြီးများသို့ သတိပေးတိုင်းတာချက်
၁။ ကုမ္ပဏီအချို့မှ ငွေချေးငှားခွင့် လိုင်စင်ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ.၇) မိတ္တူရယူပြီး (၁၀) ဧကလျှင် ငွေ ၅ သိန်း၊ ၁၀ သိန်းချေးပေးမည်ဆိုကာ ဝန်ဆောင်ခ (၁) ဧက ကျပ် ၅၀၀၀၊ ၁၀၀၀၀၊ ကျပ်နူန်း ၁၅၀၀၀ နူန်းကောက်ခံနေကြောင်း သတင်းများရှိနေ၍ တောင်သူများ လိမ်ညာမှုမခံရစေရေး သတိပြုနိုင်ရန်နှင့် အဆိုပါ လိမ်ညာသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၁၆.၆.၂၀၁၈ ရက်နေ့တွင် 'တောင်သူဦးကြီးများသို့ အသိပေး ကြေညာချက်' အား နိုင်ငံပိုင်သတင်းစာများမှနေ၍ အသိပေးကြေညာခဲ့ပါသည်။
၂။ သို့ရာတွင် ကုမ္ပဏီ အချို့အနေဖြင့် တောင်သူများအား မက်လုံးပေး၍ အယုံသွင်းလိမ်ညာမှုများ ပြုလုပ်ခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
(က) ရွှေသစ္စာမြေကုမ္ပဏီ - ပျဉ်းမနား၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မြောင်းမြ၊ ဝါးခယ်မ မြို့နယ်များ
(ခ) ဓနတိုးဝင်းအောင် ကုမ္ပဏီ - မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ဇေယျသီရိ၊ ကျောက်ဆည်မြို့နယ်များ။
(ဂ)Genral Star ကုမ္ပဏီ - တောင်ငူ၊ ဝမ်းတွင်း၊ ရွာငံမြို့နယ်များ
(ဃ) Phyo Thet Aung ကုမ္ပဏီ - မြစ်သားမြို့နယ်
၃။ အဆိုပါ ကုမ္ပဏီများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများ၊ လက်အောက်ခံဌာနများ ညှိနှိုင်း၍ တောင်သူများ၏ပူပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ရွှေသစ္စာမြေ ကုမ္ပဏီကို အမှုဖွင့်လှစ်တရားစွဲဆို ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။
၄။ သို့ပါ၍ တောင်သူများ အနေဖြင့် ငွေရေး၊ ကြေးရေး အဖွဲ့အစည်းများ၊ ဥပဒေအရ ခွင့်ပြုချက် ငွေချေးလုပ်ကိုင်ခွင့်လိုင်စင်၊ ခွင့်ပြုချက်မရှိဘဲ လိမ်ညာလုပ်ကိုင်နေသူ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တချို့၏ အယုံသွင်း လိမ်ညာမျု မခံရစေရေး၊ သတိပြုရှောင်ရှားနိုင်ရန်နှင့် မိမိတို့ ရပ်ရွာ ဒေသအတွင်း အဆိုပါ အလိမ်အညာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ ဝင်ရောက်လာပါက ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အုပ်ချူပ်ရေးမှူးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာများ၊ ငွေရေးကြေးရေး စစ်ဆေးရေး ဦးစီးဌာန ဦးစီးမှူးများထံ ချက်ချင်းသတင်းပို့ခြင်း ငွေကြေးပေးအပ်ပြီးဖြစ်ပါက တရားစွဲဆိုခြင်း နည်းလမ်းများဖြင့် ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ကြပါရန် ထပ်မံအသိပေး ကြေညာအပ်ပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန
မြန်မာ့အလင်း သတင်းစာမှ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026