မြန်မာ့ဆန်များ အဖျက်စီးခံရသော ကိစ္စရပ်သည် မြန်မာ့ဆန်အရည်အသွေးနှင့် သက်ဆိုင်မှုမရှိသလို Exporter ကုမ္ပဏီများတွင်လည်း တာဝန်မရှိ။
အိုင်ဗရီကို့စ်တွင် မြန်မာဆန်များ အဖျက်စီးခံရသော ကိစ္စရပ်သည် မြန်မာ့ဆန်အရည်အသွေးနှင့် သက်ဆိုင်မှုမရှိသလို Exporter ကုမ္ပဏီများအနေဖြင့်လည်း စာချုပ်ပါအချက်အလက်တိုင်း ဆောင်ရွက်ထားခြင်းဖြစ်၍ ယင်းကုမ္ပဏီများတွင်လည်း တာဝန်မရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်အပေါ် ဘက်ပေါင်းစုံ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းမီဒီယာ တွေ့ဆုံရှင်းလင်းပွဲဖိတ်ကြားခြင်း အိုင်ဗရီကို့စ်နိုင်ငံတွင် စားသုံးရန်မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာ တွေ့ရှိချက်များ၊ ဖြစ်စဉ်အကြောင်းတရားများအပေါ် သတင်းမီဒီယာ တွေ့ဆုံရှင်းလင်းပွဲကို ဧပြီလ ၂၂ ရက်က ကုန်သည်/ စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။
"မြန်မာဆန်ရဲ့ အရည်အသွေးနဲ့ အခုဖြစ်ပေါ်နေတဲ့ ကိစ္စရပ်က ဘာမှမဆိုင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ ကုန်သည်တွေ ဆန်ပြည်ပတင်ပို့တဲ့သူတွေ အားလုံးဟာ နိုင်ငံတကာ သတ် မှတ်ထားတဲ့ အရည်အသွေး၊ စံချိန်စံနှုန်းကို တတ်နိုင်သမျှ လိုက်လျော ညီထွေရှိအောင်၊ ကိုက်ညီမှုရှိအောင် ကြိုးစားပြီးတင်ပို့နေပါတယ်။ နောက်ပြီး ပြည်တွင်းက စားသုံးသူတွေအနေနဲ့ ဘာမှစိုးရိမ်စရာမရှိပါဘူး။" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ယင်းဆန်များကို မြန်မာနိုင်ငံက ကုမ္ပဏီ(၃)ခုဖြစ်သည့် ရွှေဝါရောင်မှ မက်ထရစ် တန် ၁၃၅၀၀၊ MEC မှ မက်ထရစ်တန် ၈၀၀၀ နှင့် ဧရာဟင်္သာမှ မက်ထရစ်တန် ၅၀၀ ကို ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီဖြစ်သည့် Olam International Co,Ltd. က အာဖရိကတိုက်ရှိ Guinea တွင် ရောင်းချရန် ဝယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆန်များကို MV Ocean Prince သင်္ဘောနှင့် တင်ခဲ့ခြင်းဖြစ်ပြီး ယင်းသင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းကို ၂၀၁၈ခုနှစ်၊ သြဂုတ်လအကုန်က ရောက်လာခဲ့ကာ မိုးရွာနေသောကြောင့် ဆန်တင်သည့်ကာလ (၂)လခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
"ဒီဖြစ်စဉ်ကိုလည်း အဖြေရှာနေပါတယ်။ သင်္ဘောတင်စဉ်မှာ မိုးမိတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကနေပြီးတော့ ဆန်တန်ချိန် ၂၂၀၀၀ တင်သလို အိန္ဒိယကလည်း တန် ချိန် ၁၄၀၀၀ ဝင်ရောက်တင်သေး ပါတယ်။ ဒါ့အပြင် သင်္ဘောကလည်း ကြံ့ခိုင်မှုမရှိပါဘူး။ ဘက်ပေါင်းစုံကနေ စုံစမ်းနေပါတယ်။ မြန်မာနိုင်ငံက ဆန်တင်ပို့တဲ့ exporter တွေကတော့ သင်္ဘောပေါ်မှာ တင်ပြီးတဲ့အချိန်မှာ FOB စနစ်ဖြစ်တဲ့အတွက် သူတို့ရဲ့ အရောင်းအဝယ်စာချုပ်အရ တာဝန်ပြီးသွားပါပြီ။ ကျန်တာက ကုန်ဝယ်ယူသူဖြစ်တဲ့ Olam ကနေ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ Olam ကလည်း ဒီကိစ္စကို စုံစမ်းနေပါတယ်။" ဟု ဦးရဲမင်းအောင်က ပြောသည်။
ယင်းသင်္ဘောသည် မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်၍ ရန်ကုန်မြို့မှတဆင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထွက်ခွာခဲ့ပြီး ယင်းကြားထဲတွင် အိန္ဒိယ၌ တန်ချိန်(၁၄၀၀၀) ဝင်တင်သောကြောင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယဆိပ်ကမ်းက ထွက်ခွာခဲ့၍ ဂီနီနိုင်ငံက Conakry ဆိပ်ကမ်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလအကုန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အာဖရိကသို့ သင်္ဘောဖြင့် ဆန်တင်ပို့ရာတွင် ပုံမှန်အားဖြင့် ရက်ပေါင်း ၃၀ သို့မဟုတ် ၄၅ ရက်သာ ကြာမြင့်သော်လည်း ယခုအခါ Olam International Co,Ltd မှ ဌားရမ်းထားသော သင်္ဘောသည် မြန်မာနိုင်ငံမှဆန်ကို တိုက်ရိုက်တင်ဆောင်သွားခြင်းမဟုတ်ဘဲ အခြားအာဖရိကနိုင်ငံများတွင်လည်း ဆန်လှည့်လည်ရောင်းချမှုကြောင့် သင်္ဘောပေါ်၌ အချိန် ၉ လဝန်းကျင် ကြာမြင့်ခဲ့ကြောင်း သိရသည်။
"ဒီကိစ္စကို Buyer တွေကလည်း သိတယ်။ အဲ့နောက်ပိုင်းမှာ ကျွန်တော် ကုမ္ပဏီအနေနဲ့ တင်ပြီးတာ သင်္ဘော ၁၇ စီးရှိတယ်။ နောက် ထပ်လည်း မေ၊ ဇွန်မှာ တင်ရမှာ တန်ချိန် တစ်သိန်းကျော်ရှိတယ်။ သူတို့က ဆက်ဝယ်နေပါတယ်။ နောက်ထပ်လည်း ဝယ်ယူဖို့ အများကြီးရှိပါတယ်။" ဟု ရွှေဝါရောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလူမော်မြင့်မောင်က ပြောသည်။
ထို့အပြင် ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောပေါ်သို့ ဆန်တင်ဆောင်နေချိန်တွင် မိုးရွာသွန်းမှုကြောင့် မိုးအနည်းငယ်မိခြင်းကို သင်္ဘောကပ္ပတိန်မှ လက်ခံကြောင်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရွှေဝါရောင်ကုမ္ပဏီမှ သိရသည်။
အိုင်ဗရီကို့စ်တွင် အဖျက်စီးခံရသော မြန်မာဆန်များ နှင့်ပတ်သက်၍ သမားရိုးကျဟုတ်၊ မဟုတ်ကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။
"တကယ်ဆို ဒီသင်္ဘောပေါ်ကဆန်တွေ စားသုံးရန် မသင့်ဘူးဆိုရင် ဖျက်ဆီးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက သင်္ဘောတင်ပေးလိုက်တဲ့ ကုမ္ပဏီတွေ အစိုးရနဲ့ သံရုံးတွေကို အကြောင်းကြားပြီးမှ ဒီဆန်တွေကို ဖျက်ဆီးရမှာပါ။ သို့သော်လည်း ဒီလိုဖျက်ဆီးတဲ့ အအခြေနေဟာ သမာရိုးကျဟုတ်ရဲ့လားဆိုတာကို စုံစမ်းပြီး ပြန်လည်ဖော်ထုတ်သွားဖို့ရှိပါတယ်။ ဒီဆန်တွေနဲ့ ပတ်သက်ပြီး ဖျက်ဆီးတဲ့အခါမှာလဲ BOA သတင်းတွေရော BBC သတင်းတွေမှာ တက်လာတာပါ။ ဒီလိုလုပ်တဲ့ချက်အနေနဲ့က မိမိတို့ အကျိုးစီးပွားအတွက် လုပ်တယ်ဆိုပေမယ့် ကျွန်တော်တို့ မြန်မာ့ဆန် နာမည်ပျက်စေခဲ့တာဖြစ်ပါတယ်။" ဟု ဦးအောင်သန်းဦးက ပြောသည်။
ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)၊ ဆန်တင်ပို့သူများ ၊ inspection agency များစသော သက်ဆိုင်သူများ ပါဝင်သည့် အစည်းအဝေးတစ်ခုကိုလည်း ဧပြီလ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၂ သန်းကျော်အထိ တင်ပို့ထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်တင်ပို့မှု ပမာဏစုစုပေါင်း၏ (၅၀) ရာခိုင်နှုန်းကို အာဖရိကနိုင်ငံများသို့ တင်ပို့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ၂၅ မှတ် ဆန်နှင့် ၁၅ မှတ်ဆန်များကို အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....