ပြည်ပမှဝင်ရောက်သည့် အာလူးများကြောင့် ပြည်တွင်းအာလူးဈေးနှုန်းများ ကျဆင်း
ပြည်ပမှဝင်ရောက်နေသည့် အာလူးများကြောင့် ပြည်တွင်းအာလူးဈေးနှုန်းများ ကျဆင်းနေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားအာလူးအသင်းမှ သိရသည်။
အစောပိုင်း လမ်းပိတ်ပြီးမှ ရုတ်တရတ်ပြန်ဖွင့်တော့ တစ်ရက်၊ နှစ်ရက်လောက် ဈေးက ထောင်တက်သွားသေးတယ်။ ဈေးကောင်းရလိုက်တဲ့လူတွေလည်း ရလိုက်ကြတယ်။ ဒီအချိန်မှာပဲ တရုတ်ဘက်က အာလူးတွေက အကြီးအကျယ်ဝင်ချလာတယ်။ တွဲကား အစီး ၄၀, ၅၀ လောက်ကို တင်သွင်းလာကြတယ်။ အဲ့ဒီလိုဆိုတော့ ပြည်တွင်းအာလူးတွေက ချက်ချင်းဈေးထိုးကျသွားတယ်။
ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားအာလူးအသင်း၏ ဥက္ကဌ ဦးခွန်ဆန်းဦးက ပြောသည်။
ထိုကဲ့သို့ အာလူးဈေးနှုန်းများ ကျဆင်းသွားသည့်အတွက် အာလူးတစ်ပိဿာလျှင် (၇၀၀) ကျပ် ဝန်းကျင်သာ ရရှိပြီး၊ ကားခနှုတ်ပါက တောင်သူများအတွက် တစ်ပိဿာလျှင် (၅၅၀) ကျပ်ခန့်သာရရှိကြောင်း သိရသည်။
အာလူးဈေးကျပေမယ့်လည်း ရန်ကုန်ကို မတင်ပို့လို့လည်း မရပြန်ဘူးလေ။ ကိုယ်တင်ပို့နေကြ ဖောက်သည်တွေအပေါ် ကတိတွေပေးထားပြီးဖြစ်နေတော့လေ။ ကားခက မန္တလေးတစ်ဖြတ်ကိုပဲ တစ်ပိဿာ ၉၀ ကျပ်လောက်ပေးလိုပေးရ။ နောက်ပြီးတော့ ရန်ကုန်အထိကို ၉၀၊ ၁၀၀ လောက် ပေးလိုပေးရ။ မတင်ပို့လို့ကလည်းမဖြစ်နဲ့ အဲ့ဒီလိုတွေ ပြည်တွင်းအာလူးဈေးကွက်မှာ ဖြစ်ကုန်တယ်။ ဟိုးအရင်ကထက်တောင် ဈေးက ပိုကျသွားတယ်။
ဟု ဦးခွန်ဆန်းဦးက ဆက်လက်ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ ရန်ကုန်သို့တင်ပို့သည့် ကားခအနေဖြင့် အာလူးတစ်ပိဿာလျှင် ကားခ (၆၀) ကျပ်မှ (၁၀၀) ကျပ်အတွင်း ကုန်ကျကြောင်းသိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စောရွှေမင်း
လွန်ခဲ့သော ၅ နှစ် ကဒီမှာတော့1800နဲ့ဝယ်စားရတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026