ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၀.၈.၂၀၁၈ မှ ၂၄.၈.၂၀၁၈)ထိ
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ဆန်ကြမ်းဈေးက ငြိမ်နေပြီး ဆန်ချောဈေးက ဆက်တိုက်တက်လာပါတယ်။ ဒီတစ်ပတ်မှာ ဆန်ချောဈေးတက်တာနဲ့ပတ်သတ်ပြီး ဆန်အသင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီးတော့ ဆန်ချောဈေးတွေ တက်နေတာဟာ ကုန်သည်အချို့ ဈေးကစားတဲ့အတွက်ကြောင့်လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။ လတ်တလောမြင့်တက်နေတဲ့ ဒေါ်လာဈေး မြင့်တက်မှုကို အခွင့်ကောင်းယူပြီး ဈေးကစားတာဖြစ်တယ်လို့ သိရပါတယ်။ ထို့ပြင် စားသုံးမှုမြင့်တက်လာတာကလည်း အပြိုင်အဆိုင်အရောင်းအဝယ်ဖြစ်ပေါ်နေပြီး ဆန်ချောဈေးတက်လာဖြစ်တဲ့အတွက် ဆန်များကို ပြောင်းလဲစားသုံးသင့်ကြောင်းကိုလည်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
မကြာခင်မှာ ဆန်အသစ်တွေလည်း ပေါ်တော့မှာဖြစ်တဲ့အတွက် ဆန်ဈေးတွေ ပြန်လည်ကျဆင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေတက်နေပေမယ့် ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကလည်း ငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဖျာပုံပေါ်ဆန်း နဲ့ ဒေးဒရဲပေါ်ဆန်းမွှေးက တစ်ပတ်အတွင်း တစ်အိတ်ကို ၃၀၀၀ နီးပါးဈေးတက်ခဲ့ပြီး လက်ရှိပေါက်ဈေးက တစ်အိတ်ကို ၄၈၇၇၀၀၀ ကနေ ၅၀၀၀၀ ရှိပါတယ်။ မြောင်းမြပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို ၄၈၀၀၀ ကနေ ၅၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ဈေးတက်လာခဲ့ပြီး ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်ကလည်း တစ်ပတ်အတွင်း တစ်အိတ်ကို ၃၉၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
တစ်ခြားဆန်ကြမ်းတွေဖြစ်တဲ့ ဧည့်မထဆန်၊ နွေသီးထပ်ဆန်၊ ငစိန်ဆန်တို့ကတော့ ဈေးငြိမ်နေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်အပြင် ပုသိမ်ဈေးကွက်မှာလည်း ပထမတန်းစား စပါးဈေးရောဆန်ဈေးပါ တက်နေခဲ့ပါတယ်။ ဧရာဝတီပေါ်ဆန်းမွေးက တင်း ၁၀၀ ကို ၁၂၄၄၀၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တင်း ၁၀၀ ကို ၂၀၀၀၀ သောင်းဈေးမြင့်တက်ခဲ့ပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၅၀၀၀၀ ရှိပြီး ၃၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ ပေါ်ဆန်းရင်စပါးကလည်း တင်း ၁၀၀ ကို ၁၁၃၉၀၀၀ ကျော်ရှိပြီး ၂၀၀၀၀ နီးပါးမြင့်တက်လာပြီး ဆန်ကလည်း တစ်တင်းခွဲ တစ်အိတ်ကို ၃၀၀၀ လောက်မြင့်တက်လာပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးကလည်း တင်း ၁၀၀ ကို ၁၁၅၀၀၀၀ ပေါက်ဈေးရှိပြီးတင်း ၁၀၀ ကို ၅၀၀၀၀ နီးပါး ဈေးတက်လာကာ ဆန်ကလည်း တစ်တင်းခွဲကို ၄၀၀၀ လောက်မြင့်တက်ခဲ့ပြီး ၄၉၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
မတ်ပဲ (FAQ/RC)
ဒီတစ်ပတ်မှာတော့ မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကလို ဆက်တိုက်ကို ကျဆင်းသွားတာမဟုတ်ပဲ အနည်းငယ်ဈေး ပြန်တက်လာခဲ့ပါတယ်။ ဈေးတက်တယ်ဆိုပေမယ့် တောင်သူတွေ မျှော်လင့်သလိုမဟုတ်ပဲ အဝယ်များတဲ့ရက်ကို ဈေးတက်လာပြီး အဝယ်နည်းတဲ့ရက် မှာ ဈေးကျဆင်းသွားတာဖြစ်ပြီး တစ်တန်ကို ထောင်ဂဏန်းလောက်သာ အပြောင်းအလဲ ဖြစ်ခဲ့တာပါ။ ပြည်ပဝယ်ယူမှုနည်းပြီး ပြည်တွင်း ဝယ်ယူမှုသာ အနည်းငယ်ရှိတဲ့အတွက်ဈေးအပြောင်းအလဲက သိပ်မရှိပဲ ငြိမ်နေတဲ့ အခြေအနေလို့လည်း သုံးသပ်လို့ရပါတယ်။ ယခုလကုန်မှာ အိန္ဒိယနိုင်ငံကို အပြီးတင်ပို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှုကိုသာ အဓိကလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်က တစ်တင်းကို ၁၃၅၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၃၀၀ ရှိပြီး တစ်တင်းကို ၃၀၀ကျပ်၊ဈေးတက်လာပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၀၀၀ ရှိပြိး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့တစ်ပတ်အတွင်း နှိုင်းယှဉ်လိုက်ရင်တော့ မတ်ပဲက ဈေးအပြောင်းအလဲသိပ်မဖြစ်ပဲ တစ်တန်ကို ၄၁၅၀၀၀ ကနေ ၄၃၀၀၀၀ ကြား အရောင်းအဝယ်ရှိနေခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ အဆမတန်ဈေးကျဆင်းသွားခဲ့ပြီး အချို့နယ်ကုန်စည်ဒိုင်တွေမှာ အရောင်းအဝယ်ပါ မရှိသလောက် အခြေအနေဖြစ်နေပါတယ်။ ပြည်ပဝယ်ယူမှုမရှိတဲ့အလျောက် အရောင်းအဝယ်ကလည်း အေးပြီး ဈေးကကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ပဲစင်းငုံနီကို အိန္ဒိယနိုင်ငံအပြင် တရုတ်ကပါ ဝယ်ယူမှုရှိခဲ့ပေမယ့် ဒီလမှာတော့ အဝယ်မရှိတော့တာကိုလည်း တွေ့ရပါတယ်။
၂၀၁၇ မနှစ်က ဒီနေ့အခြေအနေမှာ အိန္ဒိယနိုင်ငံက မတ်ပဲနဲ့ပဲစင်းငုံ ဝယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် ဈေးအဆမတန်ကျဆင်းခဲ့ပြီး ရန်ကုန်ဈေးကွက်မှာသာ မက နယ်ဈေးကွက်တွေမှာပါ ပဲအရောင်းအဝယ်ကို ပိတ်လိုက်ရတဲ့အခြေအနေကြုံခဲ့ရပါတယ်။ မနှစ်က ဈေးကွက်မပိတ်သေးတဲ့အချိန်မှာ ပဲစင်းငုံနီက တစ်တန်ကို ၆ သိန်းနီးပါး ဈေးရှိခဲ့ပေမယ့် ဒီနှစ်ကာလတူ အခြေအနေမှာတော့ တစ်တန်ကို ၄ သိန်းသာ ဈေးရရှိနေခဲ့ပါတယ်။
မနှစ်က ဈေးကွက်ပိတ်ချိန်မှာ အစိုးရနဲ့ပဲကုန်သည်အဖွဲ့အစည်းတွေက အိန္ဒိယနိုင်ငံကို ဆက်လက် တင်ပို့နိုင်ရေး အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပဲထွက်တဲ့အခြေအနေနဲ့တင်သွင်းနိုင်တဲ့ အခြေအနေတို့ကို ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မြန်မာတောင်သူတွေ ပဲစိုက်ပျိုးမှုနှုန်းကို လျော့ချဖို့၊ဈေးကွက်ဝင် ပဲတွေကိုသာ စိုက်ပျိုးဖို့ အကြံပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ပတ်မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၁၅၀၀ နဲ့ တစ်တင်းကို ၂၅၀ ကျပ် ၊ပြည်ကုန်စည်ဒိုင်မှာတော့ ၁၂၀၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက် မှာလည်း တစ်တင်းကို ၁၂၀၀၀ နဲ့တစ်ပတ်အတွင်း ၆၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၄၀၄၀၀၀ သာ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ငွေကျပ် သုံးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ပွဲတော်ကာလဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်း ဝယ်ယူမှုများလာတဲ့အတွက် ဈေးက မြင့်တက် လာခဲ့တာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲကြီးက တစ်တင်းကို ၄၁၀၀၀ နဲ့ ၂၅၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၄၆၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ ပဲကြီးကတော့ လက်ရှိမှာ ပြည်တွင်း စိုက်ပျိုးမှုနည်းတဲ့အပြင် ပြည်တွင်းစားသုံးမှုများပြားတဲ့အတွက် ဈေးက အမြင့်ဆုံးတက်နေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာခဲ့တာဖြစ်ပြီးတော့ ဈေးကဆက်တိုက်ကို တက်နေခဲ့ပါတယ်။ရှမ်းကြက်သွန်တွေကတော့ အတော်ကို ဈေးအေးနေတာလည်း တွေ့ရပါတယ်။ ငွေဈေးတက်တာနဲ့အမျှ တရုတ်နိုင်ငံက တင်သွင်းတာဖြစ်တဲ့အတွက် ငွေဈေးအတက်ပေါ်မူတည်ပြီး ဈေးက တက်နေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၀၀၀ ကနေ ၁၁၀၀ ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်လောက်တက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၂၂၅ ကျပ်နဲ့ ၂၅ ကျပ်လောက်ဈေးတက်ခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၁၃၀ ကျပ်နဲ့ ၁၀၀ လောက်ဈေးတက်လာပါတယ်။
စားအုန်းဆီ
မထင်မှတ်လောက်အောင် ဈေးတက်ခဲ့တဲ့ စားအုန်းဆီက ပြီးခဲ့တဲ့အပတ်က ဈေးပြန်ကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ပြီးဈေးတက်လာခဲ့ပါတယ်။ ငွေဈေးပေါ်မူတည်ပြီး ဈေးကအတက်ဈေးကို ပြောင်းနေတာလည်း ဖြစ်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၉၀၀ ကနေ ၁၉၂၀ ကြားရှိပြီး မန္တလေးဈေးကွက်မှာတာ့ တစ်ပတ်အတွင်း တစ်ပိဿာကို ၁၉၀၀ကနေ ၁၉၅၀ကြား ပေါက်ဈေးရှိနေခဲ့ပါတယ်။
ဝတ်ရည်မွန် (AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026